သတင်း

ဖားကန့်တွင် အွန်လိုင်းမှတဆင့် စိန်ခေါ်ပြီး ထိုးကြတ်ကြရာ လူငယ် ၂ဦးပွဲချင်းပြီး သေဆုံးမှုဖြစ်ပွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် လူငယ်အုပ်စု ၂ဖွဲ့ က အွန်းလိုင်းပေါ်မှ တဆင့် စိန်ခေါ်ကြပြီး အပြင်တွင်ထိုးကြိတ်မှုဖြစ်ပွားခဲ့ရာ လူငယ် ၂ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

အောက်တိုဘာလ ၁၀ရက်နေ့ ည ၁၀နာရီဝန်းကျင်ခန့်တွင် လူငယ် ၁၀ဦးပါသည့်အဖွဲ့နှင့် ၃ဦးသာပါရှိသည့် အဖွဲ့တို့ကြား လုံးခင်းတံတားအနီး ဦးချစ်အရက်ဆိုင်အတွင်းထိုးကြိတ် ခဲ့ကြရာတွင် ၂ဦးသေဆုံမှုရှိခဲ့သည်ဟု ဖြစ်စဉ်သိသူ ပြည်သူတစ်ဦး KNG ကိုပြောသည်။

သေတာက ၃ယောက်တစ်ဖွဲ့ထဲက ၂ယောက်သေတာ။ တစ်ယောက်က ထွက်ပြေးသွားတယ်လို့သိရတယ်။ အဲ့သေဆုံးသွားတဲ့ ၂ယောက်ရဲ့ ကျောလှည့်ထိုးသတ်ခံရတာ။ ဟို ၁၀ယောက်အဖွဲ့က သေတာမရှိဘူး။ သူတို့က ဘာကစ္စနဲ့ စိန်ထိုးကြလဲမသိဘူး။ လိုင်းပေါ်ကနေ စိန်ခေါ်ပြီး ထိုးသတ်ကြတယ်လို့ပဲသိရတာဟုပြောသည်။

ဖားကန့်ဒေသတွင် အင်တာနက်ပိတ်ခံထားရသည့်အချိန် စစ်တပ်ပိုင် MY ID ဆောလ်ဝဲအသုံးပြုပြီး အွန်လိုင်းပေါ်မှ အချင်းချင်းစိန်ခေါ် ထိုးသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသည့် လူငယ် ၂ဦးမှာ လုံးခင်းကျေးရွာမှ အသက် ၁၈နှစ်အရွယ် မျိုးမင်းအောင်နှင့် အသက် ၁၉နှစ်အရွယ် သူရအောင်တို့ဖြစ်ကြပြီး အဆိုပါ ထိုးသတ်သွားသည့် ၁၀ ယောက်အဖွဲ့သည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းသိရသည်။

ဖားကန့်သည် ကချင်ပြည်နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်ပြီး လက်ရှိတွင် မည်သည့်ဆက်သွယ်ရေးလိုင်များမရရှိဘဲ စစ်တပ်ပိုင် Mytle တစ်ခုတည်းသာ 3G စနစ်ဖြင့် အသုံးပြုနေရဆဲဖြစ်သည်။

Show More

Related Articles

Back to top button