မိုးမောက်မြို့နယ်
-
Mar- 2024 -28 Marchသတင်းဆောင်းပါး
စစ်ကောင်စီ ကင်းစင်နယ်မြေ
ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ…
Read More » -
Dec- 2022 -13 Decemberသတင်း
မိုးမောက် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်
မိုးမောက်မြို့နယ် လုံဂျာဘွမ်ဘက်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ KIA မိုးမောက်အရှေ့ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းရှိသော လုံဂျာဘွမ်ဘက်သို့ မိုးမောက်မြို့တွင်း အခြေချထားသည့် ခမရ ၄၃၇ တပ်ရင်း မှ လက်နက်ကြီးများ ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးမောက် ခါနန်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။ ”မနေ့ည ၁၂ နာရီတိတိမှာ ပစ်တာဟုတ်တယ်။ ၄၃၇ တပ်ကနေပစ်တာ နန့်စိုင်ရွာဘက်နဲ့…
Read More » -
Nov- 2022 -28 Novemberသတင်း
လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ
မိုးမောက်မြို့နယ် လုံဂျာရွာနှင့် နောင်ပေါင်းကျေးရွာမှ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး စစ်သားများနှင့်အတူ နေထိုင် နေရသည်ဟု သိရသည်။ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ကြား တိုက်ပွဲကြောင့် လုံဂျာရွာနှင့် နောင်ပေါင်း ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် အောက်တိုဘာလမှ စတင်ကာ မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရာ လူမရှိသည့်နေအိမ်များကို…
Read More » -
16 Novemberသတင်း
လုံဂျာဘွမ်တောင်ဘက် စစ်ကား ၁၈ စီးဖြင့် စစ်ရိက္ခာများအပါ အင်အားဖြည့်တင်း
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းဘက်တွင် စစ်ကောင်စီအဖွဲ့ စစ်အင်အားအများအပြားဖြင့် လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများ သယ်ယူပို့ဆောင်နေကြောင်း ဒေသခံများထံမှသိရသည်။ လုံဂျာဘွမ်တောင်ခြေရှိ လုံဂျာရွာ၊ နောင်ပေါင်းနှင့် ဝဝမ်ကျေးရွာ အနီးတဝိုက်တို့တွင် ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီအဖွဲ့သည် ယခုရက်ပိုင်း စစ်ရိက္ခာတင် စစ်ကား ၈…
Read More » -
14 Novemberသတင်း
မိုးမောက် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖမ်းဆီးခံရ
မိုးမောက်မြို့နယ် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကို စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်မှ စစ်ကောင်စီတပ်များသည်…
Read More » -
8 Novemberသတင်း
စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် မိုးမောက်ဒေသခံများ လယ်စပါးရိတ်သိမ်းရန် အခက်ကြုံနေ
မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်သားများ တပ်ဆွဲနေထိုင်နေသည့်အပြင် နေ့စဥ် လက်နက်ကြီးများ ယမ်းသမ်းပစ်ခတ်နေမှုကြောင့် လယ်ရှင်များ လယ်စပါးရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။ လုံဂျာ၊ နောင်ပေါင်း၊ ဝဝမ် စသည့်ကျေးရွာများရှိ ပြည်သူလူထု၏ လယ်စပါးခင်းများမှာ လုံဂျာဘွမ်တောင်ခြေ တကြောတွင်သာရှိပြီး ထိုနေရာတစ်ဝိုက်တွင် စစ်ကောင်စီ အင်အား…
Read More » -
7 Novemberတိုက်ပွဲ
လုံဂျာဘွမ်တောင်ခြေ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်သားများ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူဖျက်ဆီးနေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ခြေရှိ နောင်ပေါင်း၊ တပ်စခန်းနှင့် လုံဂျာကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်များကို ခိုးယူ ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများထံမှသိရသည်။ ပြီးခဲ့သော အောက်တိုဘာလ ၂၂ ရက်နေ့မှစကာ စစ်အင်အား ၆၀၀ ခန့်ရှိသော…
Read More » -
7 Novemberသတင်း
စစ်ကောင်စီ ဖမ်းဆီးသွားသည့် ဒေသခံ ၅ ဦးကို ငွေကျပ် သိန်း ၂၀ ဖြင့် ပြန်ရွေးယူခိုင်းသော်လည်း ပြန်မလွတ်ပေး
ကသာခရိုင် ဗန်းမောက်မြို့နယ် စက်တောကျေးရွာတွင် နိုင်ဝင်ဘာလ ၆ ရက်နေ့ ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ဖမ်းဆီးသွားပြီး ငွေကျပ် သိန်း ၂၀ ဖြင့် လာရောက်ရွေးယူခိုင်းခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် ဒေသခံ ၄…
Read More » -
3 Novemberစစ်ပြေးဒုက္ခသည်များ
လုံဂျာဘွမ်တိုက်ပွဲကြောင့် မိုးမောက်မြို့ပေါ်ဘက်သို့ တိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် လုံဂျာဘွမ်တောင်ကုန်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ ခုမှ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ကူညီထောက်ပံ့ပေးရန် အရေးပေါ်လိုအပ်နေကြောင်းသိရသည်။ မိုးမောက်မြို့၏ အရှေ့ဘက်ခြမ်းရှိ လုံဂျာဘွမ်တောင်ကုန်းတွင် အောက်တိုဘာလ ၂၂ ရက်နေ့စတင်ကာ စစ်ကောင်စီတပ်နှင့်…
Read More » -
2 Novemberတိုက်ပွဲ
လုံဂျာဘွမ်သို့ စစ်တပ်အင်အားထပ်တိုး လက်နက်ကြီးပစ်ခတ်သံများကြားရဟု ဒေသခံများပြော
မိုးမောက်မြို့နယ် လုံဂျာဘွမ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီးပစ်ခတ်သံများ ပြန်လည်ကြားရပြီး စစ်ကောင်စီဘက်မှလည်း စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းလာသည်ဟု ဒေသခံများထံမှ သိရသည်။ “ဒီမနက်ကနေ လုံဂျာဘွမ်တောင်ဘက် လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ပြန်ကြားနေရတယ်။ အချက်ပေါင်းအများကြီး ကြားရတယ် ။ ဘယ်ဘက်ကနေ ပစ်ခတ်နေလဲမသိဘူး။ ဒါမှမဟုတ်…
Read More »