မြစ်ကြီးနား
-
Mar- 2024 -7 Marchတိုက်ပွဲ
KIO လိုင်ဇာအနီးတဝိုက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေကို KIA ဝင်ရောက်တိုက်ခိုက်နေ
မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ် ဒေါ့ဖုန်းယန်အပါအဝင် နွမ်လန့်(Numlang) ကုန်းလော(Kunglaw)တစ်လျှောက် စစ်ကောင်စီတပ်စခန်း နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ပွဲဆင်နွှဲနေပြီလို့ သိရပါတယ်။ မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…
Read More » -
6 Marchသတင်း
မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက အရပ်သားတစ်ချို့ဖမ်းဆီးသွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ အရပ်သားတစ်ချို့ဖမ်းဆီးခံရတယ်လို့ အမည်မဖော်လို့တဲ့ သတင်းရင်းမြစ်တစ်ဦးဆီကနေ သိရပါတယ်။ မတ်လ ၅ ရက်နေ့ ညနေ ၆ ခွဲဝန်းကျင် အေးစေတီရပ်ကွက် ဖက်တီးမ စားသောက်ဆိုင်နဲ့ စာသင်ကျောင်းနားက လောင်းကစားရုံတစ်ခုမှာ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့ရောက်လာပြီး…
Read More » -
Feb- 2024 -28 Februaryသတင်း
မြစ်ကြီးနား-ချီဖွေလမ်းပိုင်း ဂိတ်တွေမှာ ဆန်နဲ့ စက်သုံးဆီ သယ်ယူဖို့ ပိုခက်ခဲလာ
မြစ်ကြီးနား–ချီဖွေ သွားလမ်းပိုင်း ဂိတ်တွေမှာ အစစ်အဆေးတွေများပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် ပိုမို ခက်ခဲလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ခုလို စစ်ဆေးရေး ပိုတင်းကြပ်လာတာ ဒီနှစ်လဆန်းပိုင်းကနေ ပိုပြီးဆိုးရွားလာတာဖြစ်တယ်လို့ ချီဖွေဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆန်တွေက…
Read More » -
17 Februaryဖမ်းဆီးခံရမှု
ဖားကန့်သွားလမ်းမှာ စစ်တပ်က တပ်သားသစ်ဖမ်းဆီးတာတွေစနေပြီလို့ဆို
မြစ်ကြီးနား – ဖားကန့်သွားလမ်း တစ်လျှောက်စစ်ဆေးရေးဂိတ်တွေမှာ စစ်တပ်က ခရီးသွားပြည်သူတွေကို တပ်သားသစ်အဖြစ် ပေါ်ပေါ်တင်တင်ဖမ်းဆီး ခေါ်ဆောင်တာတွေ စလုပ်နေပြီလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနေ့မနက် ၁၀ နာရီဝန်းကျင် မြစ်ကြီးနား– ဖားကန့်သွားလမ်း…
Read More » -
12 Februaryသတင်း
ချစ်သူနဲ့ အဆင်မပြေရာကနေ ရေနစ်သေဆုံးမှုဖြစ်ပွား
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဧရာဝတီမြစ်မှာ အမျိုးသားတစ်ဦး မိမိကိုယ်ကို ရေနစ်ကာ အဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ သေဆုံးသွားသူက သူငယ်ချင်းတွေနဲ့အတူ မန်ခိန်ရပ်ကွက် အရိန်နာဘားဆိုင်မှာ…
Read More » -
12 Februaryသတင်း
မြစ်ကြီးနားမြို့မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စံပြရပ်ကွက်မှာ အိမ်လေးလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄နာရီဝန်းကျင် အာဆီဘုရားကျောင်းရှေ့ တပ်ကုန်းစံပြလမ်းဘေးနားရှိ သံတိုသံစရောင်းဝယ်တဲ့အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့)…
Read More » -
8 Februaryသတင်း
မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့် ကားပိုင်ရှင်အမျိုးသားဖြစ်တဲ့…
Read More » -
7 Februaryသတင်း
ဂိတ်ကြေးလျော့ကောက်ပေးဖို့ ကားသမားတွေတောင်းဆို
မြစ်ကြီးနား – ကန်ပိုက်တည် လမ်းတစ်လျှောက် ဂိတ်ကြေးကောက်ခံတဲ့ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ အခွန်အခကောက်ခံတာလျော့ပေးဖို့ ကားသမားတွေက တောင်းဆိုနေပါတယ်။ လက်ရှိ မြစ်ကြီးနားကနေ ကန်ပိုက်တည်ထိ စည်ပင်ဂိတ်၊ နယ်ခြားစောင့်ဂိတ်၊ သီးနှံပြည်သူ့စစ်ဂိတ်၊ စုပေါင်းဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ် စတဲ့…
Read More » -
2 Februaryသတင်း
မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်ပေါင်းအကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ၄ ဦးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇန်နဝါရီလတစ်လအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်းအကြိမ် ၅၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၄ ကြိမ်ထိရှိခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အခုလို ယာဉ်မတော်တဆမှုတွေဖြစ်လာတာဟာ ယာဉ်မောင်းသူတစ်ဦးနဲ့တစ်ဦး လမ်းလုတာ၊ အရက်သေစာစားသောက်ပြီးမောင်းနှင်တာကြောင့် ဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလို သုံးသပ်ပါတယ်။ “အဓိကတော့ တစ်ဦးနဲ့ တစ်ဦးလမ်း ဦးစားမပေးဘဲ လမ်းဆုံတွေမှာ လမ်းလုနေကြတာပေါ့ ပြီးတော့ လမ်းတွေပြောင်းပြန်မောင်းတယ် ကိုယ်လမ်းမဟုတ်ဘဲမောင်းကြတာပေါ့။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်တွေလည်းပြန်မဆောင်းတာတွေကြောင့် ခုလိုဖြစ်ကြတာပေါ့”လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ကချင်ပြည်နယ်၊မြစ်ကြီးနားမြိုဲ့) ရဲ့ ကောက်ယူရရှိထားတဲ့ယာဉ်တိုက်မှုကတော့ ၁၃ ကြိမ်အနက် သေဆုံးမှုနှစ်ကြိမ်၊ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ဖော်ပြချက်မှာတော့ ယာဉ်တိုက်မှု အကြိမ်၂၀ ဝန်းကျင်ဖြစ်ပွားခဲ့တဲ့ထဲမှာ ပြင်းထန်တဲ့ယာဉ်တိုက်မှုကတော့ ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတစ်ကြိမ်နဲ့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းကောက်ယူရရှိထားတာကတော့ အကြိမ်၂၀ ဝန်းကျင်နဲ့ သေဆုံးမှုတစ်ကြိမ်၊ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းရဲ့ ဖော်ပြချက်မှာ တော့ ယာဉ်တိုက်မှု ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ တာဝန်ရှိသူတွေက KNGကိုပြောပါတယ်။ အလားတူဒီယာဉ်တိုက်မှုတွေ မကြာခနဖြစ်နေတဲ့အပေါ် ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ခုလိုပြောပါတယ်။ “ယာဉ်တိုက်မှုတွေကတော့ ညဘက်ပိုင်းပိုဖြစ်တယ် အမျိုးသား တွေပိုဖြစ်တယ် ၂၅ ဝန်းကျင်အရွယ်တွေပေါ့ သောက်စားထားတာတွေလည်းပါတယ် တချို့ဆိုကားတိုက်ပြီးမောင်းပြေးသွားကြတာ”လို့ သူကဆိုပါတယ်။ အခုလိုလို ယာဉ်တိုက်မှုတွေမကြာခန ဖြစ်နေတဲ့ အပေါ် ကချင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းရဲ့အဖွဲ့ ဝင်တွေက ပြည်သူတွေအနေ နဲ့ ယာဉ်မောင်းနေတဲ့ချိန် အရက်သေစာသောက်စားထားခြင်းကိုလည်း ရှောင်ကြဉ်ပြီး လမ်းစည်းကမ်းကို သေချာလိုက်နာကြမယ်ဆိုရင် ယာဉ်တိုက်မှုတွေလျှော့နည်းလာနိုင်တယ်လို့ အကြံပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာလည်း ယာဉ်တိုက်မှုပေါင်း ၆၀ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးမှုကတော့ ၃ ကြိမ်ထိရှိခဲ့တာဖြစ်ပါတယ်။ By – Hope
Read More » -
Jan- 2024 -31 Januaryသတင်း
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့ စည်းမဲ့ကမ်းမဲ့အမှိုက်များစွန့်ပစ်တာပိုများလာ
“ကျွန်မ အဲ့လမ်းကို ဖြတ်လာတဲ့အချိန်ဆို မီးရှို့နေတာတွေ့တယ်၊ မီးခိုးအရမ်းထွက်လို့ သွားလို့တောင်မရဘူး လမ်းလည်း ဘာမှမတွေ့ရဘူး”လို့ ပြောပါတယ်။
Read More »