မြစ်ကြီးနား
-
Jan- 2024 -15 Januaryသတင်း
မြစ်ကြီးနား နယ်မြေရဲစခန်းနီးတစ်ဝိုက် မိုင်းပေါက်ကွဲ
မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ကြားမှာရှိတဲ့ အမှတ် (၂) နယ်မြေရဲစခန်းနဲ့ ခရိုင်ရဲစခန်း အနီးတစ်ဝိုက် မိုင်းပေါက်ကွဲခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ညနေ ၇ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တစ်ဆက်တည်း သေနတ်ပစ်ခတ်သံများလည်း ကြားရတယ်လို့…
Read More » -
15 Januaryသတင်း
ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။ မီးစလောင်တဲ့ချိန်ဟာ ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပေမယ့် မီးသတ်ကားကတော့ ၅နာရီ ၂၀ မိနစ်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်းတာတွေမရှိဘူးလို့ သိရပါတယ်။ ကုန်စုံဆိုင်တွဲရပ်ဖွင့်ထားတဲ့ နေအိမ်မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူကတော့မရှိဘူးလို့ သူကခုလိုဆိုပါတယ်။ “လူတွေကတော့ အချိန်မှီရှောင်ခဲ့နိုင်လို့ ဘာမဖြစ်ဘူး အိမ်ကတော့ အကုန်ပါသွားတယ် တိုင်ဘဲကျန်တော့တယ်”လို့ သူကဆိုပါတယ်။ မြစ်ကြီးနား မြို့ ရပ်ဘူရပ်ကွက်မှာ ၂၀၂၃ ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄လုံးမီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ By – Hope
Read More » -
Dec- 2023 -25 Decemberသတင်း
မြစ်ကြီးနား- ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာ
မြစ်ကြီးနား – ပူတာအို ပြေးဆွဲတဲ့ခရီးသည်ကားများ ရပ်နားသူတွေများလာနေတယ်လို့ ကားသမားတွေက ပြောပါတယ်။ ခုလို ခရီးသည်တင်ယာဉ်တွေ ရပ်နားလာရတာဟာ စက်သုံးဆီမြင့်တက်မှုတွေနဲ့အတူ လမ်းတစ်လျှောက် ကောက်ခံတဲ့ ဂိတ်တွေကြောင့်ဖြစ်ပြီး ဝင်ငွေ ထွက်ငွေနဲ့ မမျှတာတွေများလာတဲ့အတွက် ဖြစ်တယ်လို့ မြစ်ကြီးနား– ပူတာအို…
Read More » -
18 Decemberသတင်း
KIA ဌာနချုပ်အနီး စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား
မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယန်အထက်မှာ စစ်ရိက္ခာသယ်ပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ တွေက ပြောပါတယ်။ ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်းကနေ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ့် (Hka Ya Bum)၊ ဖွန်းပရန်ဘွမ့် (Hpun…
Read More » -
15 Decemberသတင်း
မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းပြတ်တောက်ခဲ့တဲ့ တစ်ပတ်အတွင်း လူသေမှု ၄ ခု ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နေရာအနှံ့ မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း တွေပြတ်တောက်သွားတဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၄ ကြိမ်နဲ့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၂၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ “တစ်ပတ်အတွင်းမှာဘဲ သေတာ သုံးလောင်းတောင်မှ ကားကြိတ်သတ်ခံရပြီး သေတဲ့ မိန်းကလေးတစ်ယောက် နဲ့ မူးယစ်ဆေးဝါးသုံးပြီးသေတာက…
Read More » -
13 Decemberသတင်း
မြစ်ကြီးနားမြို့မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းစွန့်ပစ်ထား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှာ ကားကြိတ်ခံရပြီးသေဆုံးနေတဲ့ အမျိုးသမီးအလောင်းတစ်ခုတွေ့ခဲ့ရတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီ ပိုင်ရှင်မဲ့အလောင်းကို ဒီဇင်ဘာ ၁၂ရက်နေ့ မနက် ၅ နာရီဝန်းကျင်မှာ ကြက်ပေါင်ခြံရပ်ကွက် မြစ်ဆိပ်အနီးကားတွေဖြတ်တဲ့လမ်းမှာ လာရောက်စွန့်ပစ်ထား တာဖြစ်တယ်လို့ မြစ်ကြီးနားဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ သေဆုံးနေတဲ့ အမျိုးသမီးဟာ အသက် ၂၀ ကျော်အရွယ်လို့ခန့်မှန်းလို့ရပေမယ့် မျက်နှာနဲ့ ခန္ဓာကိုယ်တွေမှာ ရရှိထားတဲ့ဒဏ်ရာကြောင့် ဘယ်သူဘယ်ဝါဘာလူမျိုးဖြစ်ကြောင်းကိုတော့ သေချာမသိလိုက်ရဘူးလို့ သူကခုလိုပြောပါတယ်။ “ဒီမနက်လောက်ကပေါ့ ကြက်ပေါင်ခြံလမ်းမှာ ဒီအတိုင်းဘဲ လာပစ်ထားတာ ကားနဲ့ ကြိတ်သတ်ထားပြီးမှ…
Read More » -
11 Decemberသတင်း
မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းအပြင် ဖုန်းလိုင်းပါပြတ်တောက်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတစ်ချို့ ပြတ်တောက်နေတာ ၅ ရက်ဝန်းကျင်လောက်ရှိနေပြီလို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကနေ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တစ်ချို့ ဖုန်းအင်တာနက်လိုင်း ဖြတ်တောက်ခံလိုက်ရပေမယ့် တစ်ပတ်အကြာမှာ မြစ်ကြီးနားမြို့ကလွှဲပြီး ကျန်တဲ့မြို့နယ်တွေမှာ ဖုန်းအင်တာနက်လိုင်း ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနားမြို့မှာတော့ ဒီဇင်ဘာ ၇ရက်နေ့ ညနေပိုင်း ၃နာရီ ဝန်းကျင်လောက်ကနေ စပြီးတော့ အင်တာနက်လိုင်းများ ပြတ်တောက်တဲ့အပြင် ဖုန်းလိုင်းများလည်း MPT ဖုန်းလိုင်းတစ်ခုသာ ဖုန်းဆက်လို့ရတယ်လို့ မြစ်ကြီးနားနေ ဒေသခံတစ်ဦးဆီက သိရပါတယ်။ “ခုကလေ MPT ကလွှဲပြီး ကျန်တာဘယ်ကဒ်မှ ဆက်မရတော့ဘူး သိလား။ အင်တာနက်လိုင်းဆိုမပြောနဲ့တော့ ကြာပြီပြတ်နေတာ”လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ လကုန်းပိုင်းအထိတော့ Telenor ဖုန်းလိုင်းကနေ အင်တာနက်အသင့်သင့် အသုံးပြုလို့ရနေပေမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းလောက်ကနေ Telenor အင်တာနက်လိုင်း ပြတ်တောက်သွားတဲ့အတွက် အွန်လိုင်းကနေ လေ့လာသင်ယူနေတာတွေကို ရပ်တန့်လိုက်ရပြီး အားလုံးနဲ့လည်း အဆက်အသွယ်ပြတ်နေတယ် နောက်ထပ် မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောပါတယ်။ “ဘာဖြစ်နေမှန်းမသိဘူး…
Read More » -
1 Decemberသတင်း
မြစ်ကြီးနားမြို့မှာ တစ်လအတွင်းယာဉ်တိုက်မှုပေါင်း ၅၇ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၇ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာများသောအားဖြင့် လူငယ်အရွယ်တွေနဲ့သက်လတ်ပိုင်းတွေ အဖြစ်များနေပြီး မူးယစ်သောက်စားပြီးမောင်းနှင်တာတွေအပါအဝင် ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ စည်းမဲ့ကမ်းမဲ့မောင်းနှင်တာတွေကြောင့်ဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် နိုဝင်ဘာလအတွင်းယာဉ်တိုက်မှုတွေဟာ အောက်တိုဘာလထက် အနည်းငယ်လျှော့နည်းလာကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။ ခုလို ယာဉ်တိုက်မှုလျော့နည်းလာတာဟာ ဆီစျေးနှုန်းမြင့်တက်လာတာကြောင့်ဖြစ်နိုင်သလို နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆီးဈေး အဆမတန်တက်သွားတော့ အရင်လိုမော်တော်ယာဉ်တွေသွားတာလာတာ သိပ်မတွေ့တော့ဘူး။ ပြီးတော့ နိုင်ငံရေးမကောင်းတော့သိပ်မထွက်ရဲကြတော့ဘူးအဲတာကြောင့်လည်းပါမယ်ထင်တယ်”လို့ ပြောပါတယ်။ မြစ်ကြီးနားမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း မြစ်ကြီးနားမှာ ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ် ရှိခဲ့ပေမယ့် နိုဝင်ဘာလအတွင်းမှာတော့သိသိသာသာ ၅၇ ကြိမ်ထိ လျော့နည်းလာတာလည်းဖြစ်ပါတယ်။…
Read More » -
Nov- 2023 -28 Novemberဆောင်းပါး
ရည်မှန်းချက်အသစ်နဲ့ရှေ့ဆက်နေတဲ့ CDM ကျောင်းသူ
“အချိန်ကတစ်ပတ်ပဲလိုတယ် အဲ့ဒီတစ်ပတ်ပြီးရင်တော့ မစ္စတာဘွဲ့ရပြီ (M.Sc ဘွဲ့လွန်မဟာသိပ္ပံ) ဒီမစ္စတာဘွဲ့ယူပြီး ရင်တော့ ကျွန်မ Phd (ပါရဂူဘွဲ့) ဆက်တက်ဖို့ပေါ့။ ဘဝမှာ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီးကြိုးစားလာခဲ့တာ အခုတော့ ကြိုးစားခဲ့တာတွေ ရည်မှန်းချက်တွေကို စကစ(စစ်ကောင်စီ) က အားလုံးရိုက်ချိုးပေးလိုက်တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောပြလာသူကတော့ မြစ်ကြီးနား တက္ကသိုလ်မှာကျောင်း တက်ခဲ့တဲ့ Bio chemistry ကျောင်းသူ မလုလု (အမည်လွဲ)ပဲဖြစ်ပါတယ်။ မလုလုဟာ State ကျောင်းသူ…
Read More » -
27 Novemberသတင်း
မြစ်ကြီးနားမြို့မှာ တောဝက် PDF အမည်နဲ့ ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်ပေါ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ ဈေးဆိုင်တစ်ချို့မှာ တောဝက် PDF အမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းတာတွေ ဆက်တိုက်ရှိလာနေတယ်လို့ မြို့ခံလူထုတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး မြစ်ကြီးနားမြို့တွင်းမှာရှိတဲ့ ဈေးဆိုင်တစ်ချို့က ဆိုင်ရှင်တွေဆီကို ဖုန်းနဲ့ဆက်သွယ်လာပြီး ဆိုင်တစ်ချိုင်မှာ ငွေကျပ် ၇ သိန်းပေးဖို့ တောင်းဆိုလာတာဖြစ်တယ်လို့ စျေးဆိုင်ပိုင်ရှင်တစ်ချို့က ပြောပါတယ်။ “အခွန်လာဆောင်ပါလို့ပြောတယ် ဘယ်ကလဲဆိုတော့ PDFကလို့ပြောတယ် ၇ သိန်းတောင်းတော့ အရမ်းများလို့ အဆင်မပြေဘူးပြောလိုက်တယ် ပြီးတော့အဲပိုက်ဆံကို လူကိုယ်တိုင်လာပေးခိုင်းတာ ဆိုင်နဲ့မို့ လာဖို့အဆင်မပြေဘူးပြောပြီး ဗိုလ်ကြီးတို့ကိုယ်တိုင်လာယူပါပြောတော့ kpay ကနေဘဲပြန်ပို့ခိုင်းတယ် နောက်တော့ကိုယ်လည်းကြောက်တော့ အဆင်ပြေသလောက်ရောင်းရသမျှKpayကနေ ၁သိန်းကျော်လွဲပေးလိုက်တယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဆိုင်ရှင်တွေအနေနဲ့တောင်းထားတဲ့ ငွေပမာဏကို လူကိုယ်တိုင် ဝိုင်းမော်မြို့ ခက်ချိုကျေးရွာဘက်ကို မှတ်ပုံတင်ကိုင်ပြီးလာပေးဖို့ထိပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။ အလားတူ ရှမ်းစုမြောက်ဘက်က ဈေးဆိုင်တစ်ဆိုင်မှာလည်း တောဝက် PDF ခေါင်းဆောင် ဗိုလ်သီဟဆိုပြီး ငွေကြေးတောင်းတာတွေရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။…
Read More »