အင်းတော်
-
Jan- 2024 -29 Januaryသတင်း
နန်းမားမှာ လက်နက်ကြီးထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန်းမားမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More » -
24 Januaryသတင်း
မော်လူးမြို့မစျေး မီးလောင်မှု ဆိုင်ခန်းပေါင်း ၈၀ ကျော်ပျက်စီးဆုံးရှုံးမှုရှိခဲ့
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့က မြို့မစျေးတန်းမီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၈၀ ကျော်အထိမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်း ချုပ်ထားတဲ့ မော်လူးမြို့ထဲက မြို့မစျေးတန်းဟာ မနေ့က ဇန်နဝါရီ ၂၃ရက်နေ့ မွန်းလွဲ ၄ နာရီ ၁၅ မိနစ်အချိန်မှာ…
Read More » -
23 Januaryသတင်း
အင်းတော်နယ်မှာ အရပ်သား ၆ ဦးအထိဖမ်းဆီးခံထားရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရသူ အရပ်သားပြည်သူ ၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ အင်းတော်မြို့နယ် တောင်ဘက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ မိုးယို၊ နားခါ၊ နန့်ကင်၊ နတ်မဟုတ်ကြီးနဲ့ ကျော်ရွာစတဲ့ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ…
Read More » -
16 Januaryသတင်း
အင်းတော်မှာ စစ်ရေးလှုပ်ရှားမှုကြောင့် ကျေးရွာ ၅ ခုက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း စစ်ရေးလှုပ်ရှားနေတာကြောင့် ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ အင်းတော်ကထွက်လာတဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ ပူးပေါင်းထားတဲ့ အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ အင်းတော်တောင်ဘက် နန့်ကင်ရွာ၊ နားခါရွာ၊ကျော်ရွာ၊ မိုးယိုရွာစတဲ့ကျေးရွာ တွေဘက်ကို ဝင်ရောက်နေတာကြောင့် ကျေးရွာနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်မြို့နေအသက် ၅၀ ကျော် အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့သုံးရက်လောက်ကနေထွက်လာကြတာပဲ မနေ့ညကတော့နန့်ကင်ရွာမှာအိပ်တယ်အခုလည်း ရှိနေတုန်းဟိုနေ့ကတော့ ကျော်ရွာဘက်ကိုသွားတယ်အဲ့လိုပဲ ဟိုဘက်က မိုးညှင်း ဘက်ကိုလည်းသွားတယ် အဲ့လိုပဲ အင်းတော်မြို့ကို ပတ်ခြာလည်လှည့်ပြီးသွားနေတာ ဒီကောင်တွေက”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ မနေ့ညကတည်းက နန့်ကင်ရွာမှာတပ်စွဲနေသလို ဇန်နဝါရီလ ၁၄ ရက်နေ့က နားခါရွာ၊ ဇန်နဝါရီ ၁၃ရက်နေ့က နားနောင်ရွာ၊ ကျော်ရွာဘက်ကို ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းဝင်ရောက်နေတာကြောင့်အရပ်သားတွေက ထွက်ပြေးတိမ်းရှောင်နေကတယ်လို့သိရပါတယ်။ “သူတို့လာတဲ့သတင်းကြားတာနဲ့ရွာသားတွေက ရွာထဲမနေရဲတော့ဘူးတောတောင်တွေထဲ ပြေးနေရတာ သူတို့ပြန်သွားရင်တော့ပြန်ဝင်ကြတယ် အရင်လို အိမ်တွေဖျက်ဆီးတာတို့မီးရှို့တာတို့တော့မရှိတော့ဘူးတာပေမယ့်စစ်ကြောင်းနဲ့မတိုးမိအောင်တော့ပြေးနေကြရတယ်”အင်းတော်မြို့နယ် အောင်ကုန်းရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေက ဇန်နဝါရီ ၁၄ ရက်နေ့က နားခါကျေးရွာထဲဝင်ရောက်ချိန် အမျိုးသားနှစ်ဦး စစ်ကြောင်းနဲ့တိုးတာကြောင့် ဖမ်းဆီးခံလိုက်ရပြီး အလားတူဖြစ်စဥ်မျိုးဖြစ်လာမှာကို စိုးရိမ်တာကြောင့်လက်ရှိ ကျော်ရွာ၊ မိုးယိုရွာ၊ နားခါရွာ၊ နားနောင်ရွာ၊ နန့်ကင်ရွာစတဲ့ကျေးရွာ နေပြည်သူတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ လက်ရှိ စစ်ကြောင်းဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရတဲ့ကျေးရွာတွေက အင်းတော်မြို့နဲ့ ၂ မိုင်ကျော်အကွာမှာရှိတဲ့ကျေးရွာတွေဖြစ်ပြီး အဲ့ဒီကျေးရွာတွေဘက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တုန်းကလည်းစစ်ကြောင်းတွေဝင်ရောက်ခဲ့ဖူးတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်မှာတော့လက်ရှိစစ်ကောင်စစီစစ်သားတွေဟာ အင်းတော်မြို့တွင်းအထိုင်တပ်မှာတစ်နေရာ၊ အင်းတော်အထွက်နဘားလမ်းဆုံဂိတ်မှာတစ်နေရာနဲ့လက်ရှိစစ်ကြောင်းထိုးနေတဲ့စစ်ကြောင်း တစ်ကြောင်းသာကျန်ရှိတော့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ By – Zaw…
Read More » -
11 Januaryသတင်း
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကို KIA၊PDF ကသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အင်းတော်ကြီး ဒေသခံတွေက ပြောပါတယ်။ အင်းတော်ကြီး–ဝှေခါ ကားလမ်းပိုင်းမှာရှိတဲ့ အင်းတော်ကြီးဒေသလှုပ်ရှားတပ်ဖြစ်တဲ့ ညောင်ပင်ကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကို မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့ ည…
Read More » -
Dec- 2023 -25 Decemberသတင်း
ကောလင်းဘက်ဝင်မယ့်ခရီးသည်နဲ့ ကုန်ကားတွေကို အင်းတော်ဂိတ်မှာ စစ်တပ်ကပိတ်ဆို့ထား
စစ်ကိုင်းဒေသကြီး ကောလင်းမြို့နယ်ထဲဝင်မယ့် ခရီးသည်တွေနဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က အင်းတော်မြို့တွင်းစစ်ဆေးရေးဂိတ်မှာ တားမြစ်ပိတ်ဆို့ထားတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကချင်ပြည်နယ်ဘက်ကနေ ကောလင်းဘက်ကိုဆင်းလာတဲ့ ကုန်ကား၊ခရီးသည် ကားတွေနဲ့ စစ်ကိုင်းတိုင်းထဲက အခြားမြို့နယ်တွေဘက်နေကဝင်လာတဲ့ ကုန်ကား၊ခရီးသည်ကားတွေ ကောလင်းမြို့နယ်ထဲဝင်ရောက်ခွင့်ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းကနေ အင်းတော်မြို့၊ မြို့နယ်ပညာရေး မှူးရုံးရှေ့က စစ်ဆေးရေးဂိတ်ကနေ တားမြစ်ပိတ်ပင်ထားတယ်လို့ အင်းတော်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကောလင်းဘက်ဆိုရင်ကုန်ကားကော၊ခရီးသည်ကားကောမသွားခိုင်ဘူး ကားသမားတွေကိုမှတ်ပုံတင်စစ်တယ် ကောလင်းကဆို မသွားခိုင်းဘူး ခရီးသည်တွေလည်းအတူတူပဲကောလင်းဘက်ဆိုအသံတောင်မကြားချင်ဘူးတဲ့အကုန်လှည့်ပြန်ခိုင်းတယ်”လို့သူကပြောပါတယ်။ စစ်သားနဲ့ရဲတွေ ပူးပေါင်းတပ်ထိုင်တဲ့ အင်းတော်မြို့နယ်ပညာရေးမှူးရုံး ရှေ့ကစစ်ဆေးရေးဂိတ်မှာ လွန်ခဲ့တဲ့အပတ်ကတည်းက ခရီးသည်တွေနဲ့ကုန်ကားသမားတွကိုတင်းတင်းကြပ်ကြပ် စစ်ဆေးမှုလုပ်လာပြီးဆဲ့နောက် မနေ့ကနေစပြီး ကောလင်းဘက်ဝင်မယ့် ကားတွေကိုအခုလို တားမြစ်လိုက်တာလို့သိရပါတယ်။ စစ်ကောင်စီတပ်က အခုလိုကောလင်းဘက် ကုန်ကား၊ခရီးသည်ကားတွေအဝင်တားမြစ်လိုက် တာနဲ့ပတ်သက်ပြီး အင်းတော်PDF မှတာဝန်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုပါတယ်။ “ကောလင်းဘက်ကအခုသူတို့မထိန်းချုပ်နိုင်တော့ဘူးလေအဲ့ဘက်မှာကသူတို့ရဲ့ဂိတ်လည်းမရှိတော့ဘူး။ အဲ့ကြောင့်ဒီဘက်ကနေအဝင်ကိုပဲသူတို့ကပိတ်နိုင်တာ သုံးသပ်ရသလောက်ကတော့သူတို့က ကောလင်းဘက်ကို ရိက္ခာလုံးဝဖြတ်တောက်ပစ်လိုက်ချင်တဲ့သဘောပါ”လို့ ပြောပါတယ်။ ကောလင်းမြို့နယ်ထဲကို လက်ရှိစစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့ကနေဝင်လို့ရသလို စစ်ကိုင်းတိုင်း အောက်ပိုင်း မန္တလေးဘက်ကနေလည်းဝင်လို့ရတာဖြစ်ပါတယ်။ “အထက်ကနေက အင်းတော်ကနေပိတ်ပြီးတော့ အောက်ပိုင်းကနေက မန္တလေး ကိုးပင်ဂိတ်ကနေ ပိတ်လိုက်တယ်တဲ့ ဘယ်ကနေမှဝင်လို့မရတော့ဘူး”လို့အထက်မှာဖော်ပြခဲ့တဲ့ အင်းတော်မြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။…
Read More » -
4 Decemberသတင်း
အင်းတော်မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်များလာ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ စစ်ကောင်စီတပ်က မြို့အဝင်အထွက် စစ်အဆေးတင်းကြပ်ထားပြီး ခရီးသွားပြည်သူတွေနဲ့ ဒေသခံအရပ်သားတွေကို ခပ်စိပ်စိပ်ဖမ်းဆီးလာနေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နိုဝင်ဘာလ လဆန်းပိုင်းကနေစပြီး အင်းတော်မြို့ထဲတပ်က စစ်ကောင်စီတပ်တွေဟာ မန္တလေး–မြစ်ကြီးနားကားလမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့နဲ့ နဘားကျေးရွာကြားက ဒေသအခေါ် (ဂျပန်လှိုင်ဂူ)နေရာနဲ့ နောက်ထပ် အင်းတော်မြို့အထွက် သံလမ်းအနီးတစ်နေရာတွေမှာ ခရီးသွားပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးဖမ်းဆီးနေတာဖြစ်တယ်လို့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အဓိကစစ်ဆေးများတာက…
Read More » -
Nov- 2023 -27 Novemberသတင်း
အင်းတော်မြို့ပြင် နေရာ ၃ နေရာမှာ စစ်အင်အားအလုံးအရင်းနဲ့ အထိုင်စခန်းထပ်တိုးထား
စစ်ကိုင်းဒေသကြီး အင်းတော်မြို့ရဲ့အပြင်ဘက် နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်က အင်အား အများအပြားသုံးပြီး အထိုင်တပ်စခန်းတွေချထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က အင်းတော်မြို့ရဲ့ တောင်ဘက် ၂ မိုင်လောက်အကွာမှာရှိတဲ့ နားခါးကျေးရွာထဲမှာတစ်နေရာ၊ အင်းတော်မြို့မြောက်ဘက် တစ်မိုင်ကျော်အကွာမှာရှိတဲ့ နန့် ကင်ကျေးထဲမှာတစ်နေရာနဲ့ အင်းတော်မြို့ရဲ့အရှေ့မြောက်ဘက်က နဘားကျေးရွာထဲမှာတစ်နေရာစုစုပေါင်း နေရာ ၃ နေရာမှာ အင်အားအများအပြားနဲ့အထိုင်တပ်ချထားတယ်လို့ အင်းတော် PDFမှ…
Read More » -
22 Novemberသတင်း
အင်းတော်မှာ ရွာသားတွေကိုအကာကွယ်ယူပြီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ABSDF သွားရောက်တိုက်ခိုက်
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် ABSDF ဒီမနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ဒီနှစ်မတ်လကတည်း ဝင်ရောက်တပ်စွဲနေတဲ့ တပ်မ ၇၇ လက်အောက် စစ်အင်အား ၃၀ ကျော်ကို နိုဝင်ဘာ…
Read More » -
20 Novemberသတင်း
အင်းတော်နယ် စော်မှော်ချောင်းအနီး စျေးဆိုင်တန်း ဗုံးကျဲတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် စော်မှော်ချောင်းအနီးကစျေးဆိုင်တန်းကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ အင်းတော်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ် မန္တလေး– မြစ်ကြီးနား ကားလမ်းမကြီးပေါ်မှာရှိတဲ့ စော်မှော်ချောင်းအနီးက စျေးတန်းတစ်ခုကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂…
Read More »









