စစ်ကောင်စီတပ်
-
Dec- 2023 -28 Decemberသတင်း
ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း
ကချင်ပြည်နယ် ဖားကန်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပုံမှန်စစ်ဆေးနေကြနေရာတွေမှာအခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့တွေငြိမ်နေတာကြာပြီ…
Read More » -
12 Decemberသတင်း
မိုးကောင်းမှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အရပ်သားတစ်ယောက်ကို စစ်ကောင်စီတပ်ကပစ်သတ်လိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနေ့ နေ့လည် ၁၂ နာရီလောက်မှာ မိုးကောင်းမြို့နယ် အိုးတန်းရပ်ကွက်မှာရှိတဲ့ ကျွန်းတောတံတားပေါ် လူငယ်နှစ်ယောက်ဆိုင်ကယ်နဲ့ဖြတ်လာချိန် စစ်ကောင်စီဘက်ကစစ်ဆေးဖို့ တားဆီးရာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “ကျမတို့ကြားတာတော့…
Read More » -
Nov- 2023 -16 Novemberသတင်း
ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဂိတ်ထိုင်ပြီး သွားလာခွင့်ပိတ်ထားတာကြောင့် ဒေသခံတွေအခက်တွေ့နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ထိုင်ပြီး အရပ်သားဖြတ်သန်းသွား လာခွင့်ကိုတားမြစ်ထားတာကြောင့် ဒေသခံပြည်သူတွေအခက်တွေ့နေတယ်လို့သိရပါတယ်။ စစ်ကောင်စီရဲနှင့် စစ်သားတွေဟာ ဆယ်ဇင်းကျေးရွာအနီးက ဘုရားငါးဆူရှေ့ ဖားကန့်– ဆယ်ဇင်း– ဟောင်ပါးကားလမ်းမပေါ်မှာ လွန်ခဲ့တဲ့ အပတ်ကတည်းကနေ အရပ်သားပြည်သူတွေဖြတ်သန်းသွားလာခွင့်ကို လုံးဝ တားမြစ်ထားတာကြောင့်…
Read More » -
4 Novemberစစ်ပြေးဒုက္ခသည်များ
စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ…
Read More » -
Oct- 2023 -11 Octoberသတင်း
အင်းတော်-ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အင်းတော်–ဗန်းမောက်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ စစ်အင်အား ၁၀၀ နီးပါးလောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော်(ABSDF)၊ အင်းတော် PDF ပူးပေါင်းတပ်တို့ဟာ အောက်တိုဘာ ၈ရက်နေ့ မနက်ပိုင်းကနေစပြီး မနေ့က အောက်တိုဘာ…
Read More » -
Sep- 2023 -20 Septemberသတင်း
ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…
Read More » -
Aug- 2023 -19 Augustသတင်း
မိုးကောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့ အထက ၁ ကျောင်းအနီး ကျောင်းသား၊ သူတွေကို ကျောင်းလာကြိုတဲ့ စစ်ကားတစ်စီး ပစ်ခတ်ခံရလို့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ…
Read More » -
14 Augustသတင်း
တာမခံရွာမှာ အခြေခံစားသောက်ကုန်စျေးအဆမတန်မြင့်တက်နေ
ဖားကန့်မြို့နယ် ကသိုဏ်းတောင်စစ်တပ်စခန်းကုန်းကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ တာမခံရွာအဝင်၊ အထွက်ကို ပိတ်ထားတဲ့အတွက် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ တာမခံဒေသခံတွေက ပြောပါတယ်။ လက်ရှိ တာမခံ၊ ဟောင်ပါးဘက်မှ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်အထိပေးဝယ်နေရတဲ့အပြင် ကုန်ပစ္စည်းအဝင်မရှိတော့တဲ့အတွက် ကုန်စုံဆိုင်အများပိုင်း ကုန်ပစ္စည်းတွေ ပြတ်လပ်စပြုနေပြီလို့လည်း…
Read More » -
10 Augustသတင်း
တနိုင်းမြို့ပေါ်မှာ ရွှေမှော် ၃ ခုကထွက်လာတဲ့ ပြည်သူတွေတစ်ထောင်ဝန်းကျင် သောင်တင်နေဆဲ
တနိုင်းမြို့အထက်မှာရှိကြတဲ့ ပယင်းမှော်နဲ့ ရွှေမှော်ဒေသ ၃ နေရာက ပြည်သူတွေကို မှော်ထဲကနေ ထွက်ခွာကြဖို့ စစ်တပ်ကပြောဆိုထားတဲ့နောက်ပိုင်း လက်ရှိ မြို့ပေါ်မှာတော့ လူဦးရေ တစ်ထောင်ကျော်လောက်က သောင်တင်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေစပြီး ဇူလိုင် ၃၀ ရက်အတွင်းမှာ မှော်တွေထဲကနေ…
Read More » -
Jul- 2023 -21 Julyသတင်း
ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ ”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ်…
Read More »









