စစ်ဘေးရှောင်

  • Nov- 2023 -
    4 November
    စစ်ပြေးဒုက္ခသည်များ

    စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ…

    Read More »
  • Oct- 2023 -
    20 October
    သတင်း

    ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ

    ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ အရင် ဗန်းမော်မြို့ပြင်ထွက်ပြီး တောင်ယာလုပ်ငန်းတွေအပြင် ရွှေလုပ်ကွက်တွေမှာ နေ့စားဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းလို့ရပေမယ့် ဒီနှစ်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်မှာ အင်အားဖြည့်တင်းပြီးလမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ မသင်္ကာရင်ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်များ မြို့ပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ယောက်က ပြောပါတယ်။ “ကျွန်တော်တို့အခုချိန်မှာ သွားရေးလာရေးတွေအရမ်းခက်ခဲနေတယ်၊လုပ်ကိုင်စားသောက်ဖို့အပြင်လည်းမထွက်နိုင်ဘူး၊ စစ်ကောင်စီတပ်ဘက်ကဖမ်းလိုက်၊ KIA ဘက်က တပ်သားလိုက်စုနဲ့ အဲတာတွေကြောင့် မြို့ပြင်မထွက်ဘဲကျပန်းအလုပ်တွေလုပ်ပြီး ဘဲနေနေကြပါတယ်”ဟုပြောပါတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ ဗန်းမော်မြို့တွင်းမှာဘဲ ကြုံရာကျပန်း အလုပ်တွေသာလုပ်ကိုင်ပြီး နေထိုင်စားသောက်ဖို့အတွက် ဖြေရှင်းနေကြရတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောပါတယ်။ စစ်ရှောင်တွေအတွက် WFP ( ကမ္ဘာ့စားနက်ရိက္ခာ)…

    Read More »
  • 17 October
    စစ်ပြေးဒုက္ခသည်များ

    အင်းတော်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ၅၀၀ တုပ်ကွေးနဲ့ငှက်ဖျားဖြစ်နေ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ် ဒေသဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ လောက်ဟာ ခုရက်ပိုင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတွေများနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မော်တိတ်ဒေသထဲက တုံ့တော်၊ အင်ပင်၊ အောင်းကုန်း၊ နန်းသာနဲ့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှာင်ပြည်သူ ၇၀၀၀…

    Read More »
  • 16 October
    သတင်း

    ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ “သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ…

    Read More »
  • 10 October
    သတင်း

    လေကြောင်းပစ်ခတ်မှုမှာ ကျန်ရစ်တဲ့လသားအရွယ်ကလေးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    လိုင်ဇာမြို့ မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရချိန် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ဆေးကုသနေတဲ့ကလေးတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်သွားတဲ့အတွက် စစ်ဘေးရှောင် ၂၉ ဦးနဲ့ ကလေးသူငယ်အပါအဝင် ထိခိုက်ဒဏ်ရာပြင်းထန်တဲ့ အရပ်သားပြည်သူ ၅၆ ဦးထဲက မိဘသေဆုံးသွားလို့ ကျန်ရစ်ခဲ့တဲ့ကလေးငယ်တွေလည်း ပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။ “ခုအဲတစ်လသားလေးက သူ့အဒေါ်ရဲ့နို့စို့နေရတာ သူ့အဒေါ်ကလည်း ဒီရက်ပိုင်းဘဲမီးဖွား ထားတော့ သူ့အဒေါ်နို့စို့နေတယ်။လောလောဆယ်တော့ အဲလိုဖြေရှင်းနေရတယ်။အဓိကတော့ ကလေးတွေအတွက် နို့ဗူးတွေ ပြီးတော့ လသားအရွယ်ရဲ့အထက်က ၂ ယောက် ရှိတယ်။ အဲဒီ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။အဲတော့ကလေးတွေအတွက် လိုအပ်တာတော့အများကြီးရှိတယ်။သူတို့အမေက သူတို့ကိုကွယ်ပေးရင်း ပွဲချင်းပြီးသေဆုံးသွားတာ”လို့ ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ သား ၃ ဦးဟာ အသက် ၉ နှစ်အရွယ်တစ်ဦးနဲ့၊အသက် ၄ နှစ်အရွယ် တစ်ဦး၊တစ်လသားအရွယ်တစ်ဦးအပြင် နောက်ထပ်ကလေးသူငယ် ၄ ဦးကတော့ မိဘတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။ အဲဒီထဲက အသက် ၄ နှစ်အရွယ်တစ်ဦးက လက်တစ်ဖက်ကျိုးထားတယ်လို့ သိရပြီး အရေးပေါ်ခွဲစိတ်ကုသဖို့လိုအပ်နေကာ လက်ရှိဆေးရုံမှာဆေးကုနေသူ ကလေးသူငယ် စုစုပေါင်း ၇ ဦးအထိရှိတယ်လို့ သူက ဆက်ပြောပါတယ်။ “လသားအရွယ်က သူ့အမေရဲ့ခန္ဓာကိုယ်အောက်မှာဖွက်ထားသလိုဖြစ်နေတော့ ဘာမဖြစ်ဘူး။ သားအလတ်ဖြစ်တဲ့ ၄ နှစ်အရွယ်က လက်တစ်ဖက်ကျိုးထားတယ်။ သူတို့အိမ်ကတော့ တစ်စစီဖြစ်သွားပြီ အဲကလေးတွေကို ဘယ်လိုပြောရမလဲ မာတဲ့ဟာတစ်ခုခုက ကာထားလို့အသက်ရှင်တာ”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။ မိခင်သေဆုံးပြီး ကျန်ရစ်ခဲ့တဲ့ ညီအစ်ကို ၃ ဦးမှာအဖေရှိတယ်လို့ သိရပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်လို့မရသေးဘူးလို့ သိရပါတယ်။ အောက်တိုဘာလ ၉ ရက်ည လေကြောင်းပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ “ဖြစ်နိုင်ရင် အဲငြင်းနေတဲ့စစ်တပ်က လာကြည့်ပါလို့ဘဲပြောချင်တယ်။ ကျနော်တို့ ထမင်စားတဲသူတွေပါ လက်နက်ကြီးရဲအားက ဒီလောက်ထိမပြင်းဘူးဆိုတာ ကျနော်တို့သိတယ်။ ပြီးတော့ တစ်ချို့ကပြောကြတယ် လေယာဉ်သံမကြားဘူး ဘယ်ကြားမလဲ ညသန်းခေါင်လေ လူတွေအိပ်မောကျနေချိန် ခုအသက်ရှင်ကျန်နေတဲ့သူတွေထဲမှာ လေယာဉ်သံကြားတယ်လို့ပြောတဲ့သူတွေလည်း အများကြီးရှိပါတယ်”လို့ မုန်လိုင်ခက် စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး နော်ဘူကတော့ စစ်တပ်ရဲ့ ငြင်းဆိုမှုဟာ မမှန်ကန်ကြောင်းနဲ့ ဒါဟာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖြေဆိုထားပါတယ်။

    Read More »
  • Sep- 2023 -
    20 September
    သတင်း

    ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။ “ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့…

    Read More »
  • 6 September
    သတင်း

    ကန့်ဘလူမှာ တစ်လအတွင်း စစ်ဘေးရှောင် ၁၁ ယောက်မြွေကိုက်ခံရပြီး ၂ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ပြီးခဲ့တဲ့ ဩဂုတ်လတစ်လအတွင်း မြွေပွေးကိုက်ခံရသူ ၁၁ ယောက်အထိရှိခဲ့ပြီး အဲ့ဒီထဲမှာ ၁၄နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ ကျွန်းလှမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။ သေဆုံးခဲ့ရတဲ့သူတွေဟာ ပုဏ္ဏားကြီးရွာက အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်ဆိုသူနဲ့ ပင့်သာကြီးရွာက အသက် ၂၆ နှစ်အရွယ် ကိုရန်လှိုင်ဝင်းဆိုသူတို့ဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။…

    Read More »
  • 4 September
    သတင်း

    မော်တိတ်စစ်ဘေးရှောင်တွေ ရာသီတုပ်ကွေးအဖြစ်များနေ

    စစ်ကိုင်းဒေသကြီး အင်းတော်နယ် မော်တိတ်ဒေသ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ ရာသီတုပ်ကွေးအဖြစ်များနေလာနေတယ်  မော်တိတ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ ဒီနှစ် မတ်လကတည်းက စစ်ကောင်စီစစ်ကြောင်းတွေ မော်တိတ်ဒေသထဲမှာ ဝင်ရောက်တပ်စွဲလာတာကြောင့် တောတောင်တွေနဲ့ လယ်ခင်း၊ယာခင်းတဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေတာ ၆ လကြာမြင့်လာပြီဖြစ်တယ်လို့ မော်တိတ်ဒေသ အောင်ကုန်းရွာက ဒေသခံအမျိုးသားတစ်ယောက် KNG သတင်းဌာနကို ခုလိုပြောပါတယ်။ “ဖြစ်တာက ကလေးလူကြီးမရွေးအားလုံး ဖြစ်နေကြတာ စဖြစ်တဲ့ချိန်က ဒီသြဂုတ်လ ကုန်ပိုင်းလောက်က စဖြစ်ကြတာ မိုးရွာလိုက် နေပူလိုက်ရာသီဥတုကမမှန်တော တောင်တွေထဲဆိုတော့ဖြစ်ကြတာတစ်ယောက်ပြီးတစ်ယောက်ပါ့…

    Read More »
  • Aug- 2023 -
    23 August
    သတင်း

    ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ထွက်ပြေးရင်း အမျိုးသားတစ်ယောက် အမောဖောက်သေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးရင်း အမျိုးသားတစ်ယောက်သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။ မနေ့က ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်း ၇နာရီလောက်မှာ ခင်ဦးနယ် အရှေ့တောင်ဘက်ခြမ်းကရွာတွေကို စစ်ကောင်စီအဖွဲ့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့လို့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရင်း သေဆုံးခဲ့ရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းလာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ် တွေနဲ့ရမ်းသမ်းပစ်တာပေါ့ အဲ့ချိန် ကလေးတွေရော သွေးနုသားနုမိခင်တွေရော ထွက်ပြေးကြရတာပေါ့…

    Read More »
  • 16 August
    သတင်း

    ရွှေကူနယ်မှာ စစ်ရှောင်ပြည်သူ ၃၀၀ ဝန်းကျင် ရာသီတုပ်ကွေးဖြစ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တောတောင်တွေထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေထဲမှာ ရာသီတုပ်ကွေးအဖြစ်များလာနေပြီး အသက်ကြီးရွယ်အိုတစ်ချို့တွေလည်းလေဖြတ်တဲ့ ရောဂါအဖြစ်များလာနေတယ်လို့ စစ်ရှောင်ကူညီပေးနေသူဆီကနေ သိရပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ၂ကြောင်းခွဲပြီးဝင်ရောက်နေတဲ့အတွက် တောထဲထွက်ပြေးတိမ်းရှောင်နေရာကနေ ရာသတီဥတုဆိုးဝါးမှုအပြင် နေရာထိုင်ခင်းအဆင်မပြေမှုတွေကြောင့် ရာသတီတုပ်ကွေးအဖြစ်များလာနေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းက အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ခြမ်းက…

    Read More »
Back to top button