စစ်ဘေးရှောင်
-
Jan- 2024 -17 Januaryသတင်း
ဝှေခါရွာက ပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ လာရောက်စစ်ရှောင်နေကြတဲ့ ပြည်သူထဲက တစ်ချို့နေရပ်ပြန်ကြပေမယ့် လက်ရှိပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၆ ရက်နေ့က ဝှေခါကျေးရွာမှာရှိတဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဝှေခါကျေးရွာဘက်မှာစစ်ကောင်စီတပ်နဲ့KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ ၄၀၀၀ နီးပါး ဆိုင်းတောင်နဲ့မှော်ရှန်ကျေးရွာထဲကိုစစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ တစ်ချို့က နေရပ်ပြန်သွားကြပေမယ့် အများပိုင်းကျန်နေသေးတာဖြစ်တယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNGကိုအခုလိုပြောပါတယ်။ “ကျွန်တော်တို့ မှော်ရှန်ဘုန်းကြီးကျောင်းမှာက စစ်ရှောင် ၈၀၀ လောက်တိမ်းရှောင်လာကြတာ ဒါပေမယ့်အခု ၂၀၀ ကျော်က နေရပ်ပြန်သွားကြပြီ ကျန်နေတာက ဝှေခါနဲ့မကားပင်ဘက်ကဟာတွေကျန်သေးတယ်ပြန်လို့မရသေးဘူး”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ ဇန်နဝါရီလ ၆ရက်နေ့ ဝှေခါတိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ကျေးရွာတွေဟာ ဝှေခါ၊ မကားပင်၊ မော်တောင်း၊ မော်လကင်၊ ဆိုင်းအောင် စတဲ့ကျေးရွာတွေဖြစ်ပြီး မှော်ရှန်ဘုန်းကြီးကျောင်းမှာ ၈၀၀ ဝန်းကျင်နဲ့ ဆိုင်းတောင်ကျေးရွာထဲက ဘုန်ကြီးကျောင်းသုံးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းမှာစုစုပေါင်း ၂၀၀၀ ကျော်တိမ်းရှောင်လာကြပြီးလက်ရှိ ဝှေခါနဲ့ မကားပင်က စစ်ဘေးရှောင်တွေတော့နေရပ်ပြန်လို့မရသေးဘူးလို့ ဆိုင်းတောင်မှာရောက်နေတဲ့စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အခုပြန်ကြတာက မှော်ရှန်မှာရှိတဲ့ထဲက ဆိုင်းအောင်ရွာတို့ဘက်ကပြန်ကြတာ ဆိုင်းတောင်မှာက မကားပင်နဲ့ ဝှေခါထဲကလူတွေကြီးဆိုတော့သူတို့က အခုပြန်လို့မရသေးဘူး။ လမ်းပိတ်ထားတယ်တဲ့ ၂၀၀၀ ကျော်ရှိသေးတယ်”လို့ အထက်ပါအမျိုးသားကပြောပါတယ်။ လက်ရှိ ဝှေခါကျေးရွာမှာ စစ်ကောင်စီစစ်သား တွေ အင်အား အများအပြားနဲ့ ဝှေခါစစ်တပ်ကုန်းမှာခြေကုပ်ယူထားပြီး လက်နက်ကြီးပစ်ကူတွေလည်းနေ့စဥ်ပစ်ခတ်နေတာကြောင့် ဝှေခါဘက်ကို လမ်းပိတ်စို့ထားလို့ ဝှေခါနဲ့ ဝှေခါအနီးက မကားပင်ရွာစစ်ရှောင်တွေနေရပ်ပြန်လို့မရသေးတာလို့သိရပါတယ်။ “ဝှေခါရွာထဲကိုအခုလမ်းပိတ်ထားတယ်ဗျ ကျွန်တော်တို့ဘက်ကပိတ်ထားတာပါဘယ်သူ ဘယ်ဝါမှသွားလာခွင့်မရှိဘူး အခုဝှေခါမှာစစ်သားတွေရှိနေတော့ နှစ်ဖက်စစ်ရေးတင်မာနေတယ်။ ပြီးတော့သူတ်ို့ကိုရိက္ခာဖြတ်တဲ့သဘောနဲ့လမ်းပိတ်ထားတာပါ”လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ လက်ရှိ မှော်ရှန်ကျောင်းမှာကျန်ရှိနေတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်နဲ့ ဆိုင်းတောင်မှာရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက်အစားအသောက်အကူအညီလည်းလိုအပ်နေတယ်လို့သိရပါတယ်။ “အခုသူတို့အတွက်အဓိကလိုလာမှာကတော့သူတို့စားဖို့သောက်ဖို့ပဲလိုအပ်မယ် အလျှူရှင်တွေကလည်းလျှူကြပါတယ် တာပေမယ့် လူများတော့ ကျွန်တော်တို့ကျောင်းက လူ ၅၀၀ ကျော်တွက်တောင်တစ်နေ့ကိုဆန် ၁၀ အိတ်ဝန်းကျင်ကုန်တယ်”လို့ မှော်ရှန်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။ ဝှေခါကျေးရွာက စစ်ကောင်စီရဲစခန်းကို KIA၊ KPDF က ဇန်နဝါရီ ၆ရက်နေ့ မနက်အစောပိုင်းမှာတက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီစစ်သားတွေဟာဝှေခါစစ်တပ်ကုန်းကနေခြေကုပ်ယူထားတာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By…
Read More » -
Dec- 2023 -21 Decemberသတင်း
စစ်ဘေးရှောင် ၃၀၀ ကျော်ရှိတဲ့ဘုန်းကြီး ကျောင်းဆောင်မီးလောင်ပြာကျ၊ကိုရင်တစ်ပါးမီးထဲပါသွား
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ကျော်ခိုလုံနေထိုင်နေတဲ့ နားမော်ကျေးရွာဘုန်းကြီးကျောင်းဆောင် တစ်ဆောင်မီးလောင်ပြာကျခဲ့ပြီး ကိုရင်တစ်ပါးလည်း မီးလောင်တဲ့ထဲပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအထက်ဘက်က နားမော်ကျေးရွာဘုန်းကြီး ကျောင်းမှာ မနေ့ကနေ့ မနက် ၂နာရီအချိန်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီမီးလောင်မှုကြောင့်ဘုန်းကြီးကျောင်းဆောင်တစ်ဆောင်မီးလောင်ပြာကျသွားတဲ့အပြင်…
Read More » -
16 Decemberသတင်း
အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင်…
Read More » -
12 Decemberသတင်း
နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ
ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့ အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး…
Read More » -
Nov- 2023 -9 Novemberသတင်း
ဟုမ္မလင်းနယ် ရွာ ၄ ရွာက စစ်ဘေးရှောင်တွေ အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်နေ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်အုပ်စုမှာပါဝင်တဲ့ ကျေးရွာ ၄ ရွာထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နှင့်အခြား ဆေးဝါး၊အဝတ်အထည်တွေအကူအညီလိုအပ်နေတယ်လို့သိရပါတယ်။ ဟုမ္မလင်းမြို့နဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ နောင်ပိုအောင်ကျေးရွာနဲ့လွှစင်ကုန်းကျေးရွာဘက်မှာ ဒီတစ်ပတ်အတွင်းကစပြီး စစ်ကောင်စီတပ်၊ SNAပူးပေါင်းတပ်နဲ့ ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်လာနေတာကြောင့်…
Read More » -
7 Novemberသတင်း
အင်းတော်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေလိုအပ်နေ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆောင်းတွင်းဝတ်အနွေးထည်နဲ့စောင်တွေအကူအညီလိုအပ်နေတယ်လို့ ဒေသခံစစ်ရှောင်တွေဆီကနေ သိရပါတယ်။ အင်းတော်မြို့နယ် မော်တိတ်ဒေသထဲက ၈ လကျော်ကြာစစ်ဘေးရှောင်နေရတဲ့ နန့်သာ၊အောင်းကုန်း၊အင်ပင် ၊တုံ့တော်စတဲ့ ကျေးရွာတွေထဲက စစ်ရှောင်ပြည်သူ ၇၀၀၀ ကျော်အနက် လက်ရှိသုံးပုံနှစ်ပုံလောက်လူဦးရေ အတွက်ဆောင်းတွင်းဝတ်အနွေးထည်တွေနဲ့ စောင်တွေ အကူအညီလိုအပ်နေတယ်လို့ အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNGကို အခုလိုပြောပါတယ်။ “ကျွန်တော်တို့ဒီမော်တိတ်ဒေသကကျတော့…
Read More » -
7 Novemberသတင်း
မုံးကိုး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့အကူညီတွေလိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျေးရွာတစ်ချို့ ဘေးလွှတ်ရာတွေမှာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” အဖြစ် မုံးကိုးဒေသတွင်း ဖြစ်ပွားလာတဲ့ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထောင်နဲ့ချီဘေးလွှတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရပြီး အကူညီတစ်စုံ တစ်ရာမရကြဘူးလို့ TWO တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “အခုလောလောဆယ်က သူတို့က…
Read More » -
4 Novemberစစ်ပြေးဒုက္ခသည်များ
စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေတာကြောင့် အင်းတော်မြို့နယ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာက ပြည်သူတွေ ထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်တွေမကြာခန စစ်ကြောင်းထိုးဝင်ရောက်နေတာ ကြောင့် ကျေးရွာပေါင်း ၁၀ က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အင်းတော်ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလကစပြီး ဗန်းမောက်ဘက်ကနေဝင်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ တပ်မ ၈၈ စစ်ကြောင်းဟာ အင်းတော်မြို့အရပ်လေးမျက်နှာမှာရှိတဲ့ မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ အင်းတော်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟိုတနေ့ကဆိုရင် နဘားရွာဘက်ကိုထိုးတယ် အဲကနေ ပြန်ဆုတ်သွားပြီးမှ မနေ့ကတော့ ကြံတောနဲ့နားနောင်ရွာဘက် ကိုထပ်ပြီးစစ်ကြောင်းထိုးတယ် ၃နာရီလောက်မှာပြန်ဆုတ်သွားပြီးတော့။ ဒီကနေ့ကတော့ မိုးယူနဲ့အောင်းကုန်းဘက်ကို ထပ်ပြီးစစ်ကြောင်းထိုးသွားတယ်”လို့ ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ…
Read More » -
Oct- 2023 -20 Octoberသတင်း
ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ
ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ အရင် ဗန်းမော်မြို့ပြင်ထွက်ပြီး တောင်ယာလုပ်ငန်းတွေအပြင် ရွှေလုပ်ကွက်တွေမှာ နေ့စားဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းလို့ရပေမယ့် ဒီနှစ်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်မှာ အင်အားဖြည့်တင်းပြီးလမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ မသင်္ကာရင်ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်များ မြို့ပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ယောက်က ပြောပါတယ်။ “ကျွန်တော်တို့အခုချိန်မှာ သွားရေးလာရေးတွေအရမ်းခက်ခဲနေတယ်၊လုပ်ကိုင်စားသောက်ဖို့အပြင်လည်းမထွက်နိုင်ဘူး၊ စစ်ကောင်စီတပ်ဘက်ကဖမ်းလိုက်၊ KIA ဘက်က တပ်သားလိုက်စုနဲ့ အဲတာတွေကြောင့် မြို့ပြင်မထွက်ဘဲကျပန်းအလုပ်တွေလုပ်ပြီး ဘဲနေနေကြပါတယ်”ဟုပြောပါတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ ဗန်းမော်မြို့တွင်းမှာဘဲ ကြုံရာကျပန်း အလုပ်တွေသာလုပ်ကိုင်ပြီး နေထိုင်စားသောက်ဖို့အတွက် ဖြေရှင်းနေကြရတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောပါတယ်။ စစ်ရှောင်တွေအတွက် WFP ( ကမ္ဘာ့စားနက်ရိက္ခာ)…
Read More » -
17 Octoberစစ်ပြေးဒုက္ခသည်များ
အင်းတော်မြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ၅၀၀ တုပ်ကွေးနဲ့ငှက်ဖျားဖြစ်နေ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ် ဒေသဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ လောက်ဟာ ခုရက်ပိုင်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားဖြစ်တာတွေများနေပြီး ဆေးဝါးမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ မော်တိတ်ဒေသထဲက တုံ့တော်၊ အင်ပင်၊ အောင်းကုန်း၊ နန်းသာနဲ့ အနီးဝန်းကျင်ရှိ ရွာပေါင်း ၁၀ ရွာကျော်က စစ်ဘေးရှာင်ပြည်သူ ၇၀၀၀…
Read More »









