မြစ်ကြီးနား

  • Jun- 2025 -
    30 June
    သတင်း

    မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရ

    မြစ်ကြီးနားမြို့၊ ဂျပန်တံတားလမ်းမှာ အမျိုးသမီးတစ်ဦးဆွဲကြိုးလုယက်ခံရတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ဂျပန်တံတားလမ်းရှိ မိဘမဲ့ကျောင်းအကျော်နားလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးက လုယူသွားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦး…

    Read More »
  • 26 June
    သတင်း

    မြစ်ကြီးနားမြို့မှာ ၅ လအတွင်း ခိုးဆိုးလုယက်မှုအကြိမ်ပေါင်း ၅၀ ခန့်ထိရှိလာ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ခိုးဆိုးလုယက်မှု အကြိမ်ပေါင်း ၅၀ ထိရှိခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးဖောင်းပွလာမှုနဲ့အတူ အလုပ်အကိုင်ရှားပါမှု ပြသာနာတွေဟာ ခိုဆိုးလုယှက်မှုဖြစ်လာစေတဲ့အချက်တွေထဲ တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ ခိုးဆိုးလုယက်မှုဖြစ်စဉ်တွေကိုကြည့်ရင် တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမျိုးနည်းပါးလာပြီး အုပ်စုဖွဲ့ကျူးလွန်တဲ့ပုံစံမျိုးတွေကို အများဆုံးမြင်တွေ့လာရပါတယ်။ နေအိမ်ဖောက်ထွင်းခိုးခံရဖူးတဲ့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးပြောတာက အိမ်တွင်းခိုးဝင်သူတွေဟာ အိမ်မွေးခွေးတွေကို ဆေးခတ်တာတွေအထိလုပ်ဆောင်လာကြပြီး…

    Read More »
  • 25 June
    သတင်း

    လိုင်စင်မဲ့ကားဖမ်းဆီးခံရသူတွေ ငွေကျပ် သိန်း ၃၀ နဲ့ ၅၀ ကြားဒဏ်ရိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လိုင်စင်မဲ့ဖမ်းဆီးထားတဲ့ မော်တော်ယာဉ်ကားတွေကို စစ်တပ်က နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်တဲ့အပြင် ဖမ်းဆီးခံရတဲ့ပြည်သူတွေကိုလည်း အမြင့်ဆုံး ကျပ် သိန်း ၃၀ နဲ့ ၅၀ အထိ ဒဏ်ငွေပေးဆောင်နေရတယ်လို့ သိရှိရပါတယ်။ မေလကုန်းပိုင်းကနေ မြစ်ကြီးနားမြို့ပေါ်မှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ည ၉ နာရီနဲ့…

    Read More »
  • 17 June
    သတင်း

    မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်

    မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ မန္တလေး – မြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ…

    Read More »
  • 17 June
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    မြစ်ကြီးနားမြို့မှာ My Tel ဖုန်းလိုင်းပြန်ရ

    တစ်နှစ်နီးပါး ဖုန်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမြို့မှာ Mytel အော်ပရေတာရဲ့ ဖုန်းလိုင်းတွေပြန်လည်ရရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်ကစပြီး Mytel ဖုန်းလိုင်းတွေပြန်ရနေတာဖြစ်ပြီး အင်တာနက်လိုင်းတော့ပြန်မရသေးဘူးလို့ မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကောင်းနေတာပဲ…

    Read More »
  • 14 June
    သတင်း

    စီတာပူရပ်ကွက် ဓါးပြ ၃ ဦးဖမ်းဆီးရမိ၊ တပ်မိသားစုဝင်တစ်ဦးပါဝင်တယ်လို့ဆို

    မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်မှာ ဓါးပြ ၃ ဦးဖမ်းဆီးရမိပြီး အဲဒီထဲမှာ တပ်မိသားစုတစ်ဦးပါဝင်တယ်လို့ မြို့ခံတွေပြောပါတယ်။ ဖြစ်စဉ်မှာ မေလ ၁၃ ရက်ည ၉နာရီဝန်းကျင် စီတာပူရပ်ကွက် KBC ဘုရားကျောင်းရှေ့မှာ လူငယ် ၃ ဦးက ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို တားဆီးပြီးဆိုင်ကယ်ဝိုင်းလု ဓါးမြတိုက်နေချိန်…

    Read More »
  • 13 June
    သတင်း

    မြစ်ကြီးနား-မန္တလေးကွင်းလမ်းပျက်စီးလို့ ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေ

    မိုးရွာသွန်းမှု‌ကြောင့် မြစ်ကြီးနား–မန္တလေးကွင်းလမ်းပျက်စီးနေပြီး ယာဥ်တန်းထောင်နဲ့ချီပိတ်မိနေတာ ၅ ရက်ခန့်ရှိလာပြီလို့ ကားသမားတွေနဲ့ဂိတ်မှူးတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ် ဇီးကုန်း၊ ပေကြီး၊ စံပါယ်နံ့သာစတဲ့ကျေးရွာတောက်လျှောက်ဆက်သွယ်ထားတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ ပြည်ထောင်စုလမ်းမတစ်နေရာကို စစ်ကောင်စီတပ်ကဖြတ်သန်းခွင့်မပေးဘဲပိတ်ထားတာလို့သိရပါတယ်။ လက်တလော အဆိုပါလမ်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် အသုံးပြုလို့မရအောင်ဆိုးရွားစွာပျက်ဆီးနေပြီး ကချင်ပြည်နယ်အဝင်ကိုကားအဝင်မရှိတဲ့အခြေနေထိဖြစ်နေတယ်လို့…

    Read More »
  • 2 June
    သတင်း

    မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။ “တိုင်ကိုကြည့်လိုက်ပါ။ ရေလည်းငြိမ်သွားပါပြီ။ မနက် ၄ နာရီခွဲကနေစပြီးမှ…

    Read More »
  • May- 2025 -
    27 May
    သတင်း

    မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ကွင်းလမ်းအသုံးပြုနေရဆဲဖြစ်တဲ့အတွက် ကုန်စျေးနှုန်းဆက်မြင့်တက်နေ

    မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ ကွင်းလမ်းအသုံးပြုပြီးသွားလာနေရဆဲဖြစ်တာကြောင့် ကချင်ပြည်နယ်ဘက်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်လာပြီး ကုန်စျေးလည်း မြင့်တက်လာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်ပြည်အတွက် အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မန္တလေး –မြစ်ကြီးနားဗျူဟာကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံး ကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး ခရီးကြန့်ကြာမှုကြုံနေရတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့ကွင်းလမ်းက အရင်အင်းတော်ကွင်းလမ်းထက်ဆိုးတယ်ပြောတယ် အဲ့ကြောင့်ကုန်တခါတခါရောက်ဖို့မလွယ်ဘူး။ အခုကုန်ကားတွေမဝင်တာအတော်ကြာပြီ မြို့ထဲမှာ ကွမ်းရွက်တွေ၊လက်ဖက်ရည်ဆိုင်သုံးပစ္စည်းတွေတချို့ပြတ်နေကြတယ်ဗျ ပစ္စည်းမရောက်လို့တဲ့”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်းပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တာကြောင့် မိုးရွာသွန်းတဲ့အချိန်တွေမှာ လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးလို့ သွားလာရခက်ခဲတာကြောင့် လမ်းမှာ တစ်ပတ်ကျော်ကြာတယ်လို့သိရပါတယ်။ “အရင်အင်းတော်ကွင်းလမ်းပိတ်တဲ့အချိန်ဆိုရင် တစ်ပတ် ၊တစ်ပတ်ကျော်ကျော်ဆိုမြစ်ကြီးနားရောက်ပြီ အခုက ပြီးခဲ့တဲ့ ၁၈ ရက်နေ့က မန္တလေးဂိတ်ကိုတင်ထားတာအခုထိမြစ်ကြီးနားဂိတ်ကိုမရောက်လာသေးဘူးပစ္စည်းကဆယ်ရက်တောင်ရှိပြီ “လို့ လူသုံးကုန်နဲ့စားသောက်ကုန်ရောင်းနေတဲ့မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အခုလိုကွင်းလမ်းအသုံးပြုသွားလာနေရတာကြောင့် မြစ်ကြီးနား၊ပူတာအိုနဲ့အခြားမြို့နယ်တွေဘက်မှာ စားသုံးသူအများဆုံးကုန်တွေဖြစ်တဲ့ ကွမ်းရွက်၊ လက်ဖက်ရည်ဆိုင်သုံးဂျုံမုန့်၊ စားဆီ၊ ခရမ်းချဥ်သီးတွေနဲ့အခြားကုန်ပစ္စည်းတွေပြတ်လပ်တာစျေးတက်တာတွေရှိနေတယ်လို့သိရပါတယ်။ “ပြည့်ဝ(စားဆီ) ငါးဆယ်သားနဲ့တပိဿဗူးတွေဆိုပြတ်နေပြီ လူတိုင်းနီးပါးကဗူးသေးပဲဝယ်သုံးကြတာ စျေးလည်းတက်တယ် ခါတိုင်းတစ်သောင်းပဲအခု ၁၂၀၀၀ ရှိတယ် ရွှေဝါဆပ်ပြာလည်းအဝယ်များတော့ ကုန်ကလည်းထပ်မရောက်ဆိုတော့စျေးတင်ရောင်းကြတယ် ၅၀၀၊ ၆၀၀ အထိထပ်တက်တယ်”မြို့ ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနား– မန္တလေးဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ်ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကိုပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေး– မြစ်ကြီးနားကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေပိတ်ထားခဲ့ပါတယ်။…

    Read More »
  • 26 May
    သတင်း

    ကားတိုက်ဒဏ်ရာကြောင့် သားဖြစ်သူသေဆုံးပြီး ဆယ်ရက်အကြာ ဖခင်ဖြစ်သူ သေဆုံး

    မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ သားအဖနှစ်ယောက် ကားတိုက်ခံရမှုမှာ အဖေဖြစ်သူလည်း သေဆုံးသွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်…

    Read More »
Back to top button