မြစ်ကြီးနား

  • Dec- 2024 -
    11 December
    သတင်း

    ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ

    ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့  ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။ စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။ “အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ  ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.လ.ရ ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။ ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။ By – Zaw Zaw

    Read More »
  • 6 December
    သတင်း

    မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျလို့ အရပ်သားနဲ့နေအိမ်ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့

    ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက်လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ခံအမျိုးသမီးတစ်ဦးအပါအဝင် လူနေအိမ်၊ ဘုရားကျောင်းဆောင်နဲ့ကားတစ်ချို့ထိခိုက်ပျက်ဆီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင် မြို့သစ်ကြီးရပ်ကွက်ထဲက အဆောက်အဦး တစ်လုံးထိမှန်ပျက်ဆီးခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ တပ်ကုန်းရပ်ကွက်အနောက်ဘက်က ရာဒါကောင့် B ရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မနေ့က ဖြစ်စဥ်မှာတော့ ဒေသခံအမျိုးသမီးတစ်ဦး ဗုံးဆထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး က ပြောပြပါတယ်။ “လက်နက်ကြီးကျတာကတော့ ည ၁၂ နာရီဝန်းကျင်မှာဟုတ်တယ်။ အဲ့ဒီနောက် ၅ မိနစ်အကြာမှာပဲ နောက်ထပ်တစ်လုံးကျတယ်။ ရဝမ်ဒမ်း AG ဘုရားကျောင်းနားက ကားတစ်စီးလည်းထိသွားတယ်။ ပြီးတော့ အိမ်တစ်ချို့ထိသွားတယ်။ အများကြီးပါပဲ။ အုတ်တံတိုင်းထိတာတွေရောပေါ့။ လူတစ်ယောက် ကတော့ ခါးနားနဲ့မျက်စိနားမှာမိုင်းဆနည်းနည်းထိသွားတယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကဖြစ်စဥ်ကတော့ နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကနေ လက်နက်ကြီးတစ်ချို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ မြို့သစ်ကြီးရပ်ကွက် ပါရဂူဆေးခန်းနောက်မှာရှိတဲ့ အဆောက်အဦးတစ်ခုထိမှန်ပျက်ဆီးခဲ့တာလို့မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ရာဒါကောင်း B ရပ်ကွက်ဖြစ်စဥ်မှာတော့ ရုတ်တရက် ပေါက်ကွဲသံနဲ့အတူ နေအိမ်တစ်ချို့ပျက်ဆီးသွားခဲ့တာဖြစ်ပြီး ဘယ်လိုလက်နက်အမျိုးအစားသုံးပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်လဲဆိုတာကိုတော့မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာကိုရောက်ရှိခဲ့သူမြို့ခံတစ်ဦးက “တစ်ခြားတော့ဘာမှမသိရပါဘူး။ ဘယ်လိုဘာညာလည်းမသိဘူး။ ကျနော်လည်းတစ်ခြားမမေးဖြစ်ခဲ့ဘူး။ လက်နက်ကြီးလို့တော့ပြောတာပဲ။ သွားတော့သွားကြည့်တာဟုတ်တယ်။ တော်တော်လေးအခြေနေလည်း ဆိုးနေတယ်။”လို့ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ မတ်လကစလို့ စစ်ကောင်စီတပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး မြို့တော်မြစ်ကြီးနားမြို့တွင်းမှာလည်း လက်နက်ကြီးတွေကမကြာခဏပေါက်ကွဲလေ့ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်အတွင်းမှာဆိုရင်လည်း ရွှေညောင်ပင်ရပ်ကွက်နဲ့ ကြက်ပေါင်ခြံရပ်ကွက် တို့မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး နေအိမ်တစ်ချို့ထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။ By – အမိုး

    Read More »
  • Nov- 2024 -
    27 November
    သတင်း

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်း ကားတစ်စီးကို ၁၀ သိန်းဝန်းကျင်အထိ အခွန်ပေးဆောင်နေရ

    မန္တလေး – မြစ်ကြီးနားလမ်းပိုင်းတစ်ကြောင်း ပြေးဆွဲတဲ့ အန်စာတုံးကားတစ်စီးကို အခွန် ၁၀ သိန်းဝန်းကျင် နှစ်ဖက် လက်နက်ကိုင်တပ် ဂိတ်တွေမှာ ပေးဆောင်နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ မန္တလေးမြို့ကစတင်ထွက်ခွာချိန် စစ်ကိုင်းတံတားဖြတ်တဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့စုပေါင်းဂိတ်ကို ကားအသေးအကြီးပေါ်မူတည်ပြီး ၂ သိန်း (…

    Read More »
  • 19 November
    သတင်း

    မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး

    မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နဲ့ ခရီးသွား ၄ ဦးသေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ…

    Read More »
  • 19 November
    သတင်း

    မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ

    ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့်  မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦး KNG ခုလိုပြောပါတယ်။ “လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှညနေခြောက်နာရီနောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။ ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။ “စောစောထွက်တဲ့လူကတော့ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ် ဖတ်မာတို့၊ လုံရှာယာန်တို့ကနီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး”လို့ အခြားကားသမားတစ်ဦးကပြောပါတယ်။ ညဘက်ဖြတ်သန်းခွင့်ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ်ရှိတယ်လို့သိရပါတယ်။ လမ်းပိုင်းကြန့်ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ် အသွားအပြန်နဲ့ဆိုရင်အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့ အဲ့ကြောင့်ပစ္စည်းအဝင်ကအရင်ကထက်းတော့နည်းတယ် အဲ့တာကိုအကြောင်းပြပြီးကုန်စုံဆိုင် တွေကစျေးတင်ပြီးရောင်းတာတွေရှိတယ်”လို့  ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး ပြောပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်တွေ ၅ ခုထက်မနည်းရှိပြီး အဲ့ဒီဂိတ်တွေမှာ အကောက်အခွန်အများအပြားပေးဆောင်ရတာကြောင့် ပူတာအိုဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့လည်း ပူတာအိုဒေသခံတွေပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းလိုက်တဲ့နောက် ပူတာအို–မြစ်ကြီးနားလမ်းကားလမ်းပိုင်းရဲ့၆၀ ရာခိုင်နှုန်းကို KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီး မြို့တွင်းနဲ့ကျန်တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့ရဲ့အထက်ဘက် မိုင် ၂၁၈ မိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမယ့် ခုနောက်ပိုင်းပြန်လည်ပြုပြင်ပြီး ပုံမှန်တိုင်းသွားလာနေတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 15 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ

    ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ  စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။  ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး  92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။  မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 14 November
    သတင်း

    မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်း အကန့်အသတ်ဖြင့်ပြန်ဖွင့်

    ကချင်ပြည်နယ် မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်တွေရှိနေသေးတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ စစ်ရေးအခြေနေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ အောက်တိုဘာလ ၁၉ ရက်နေ့ထိ ပိတ်ထားတဲ့ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းပိုင်းကို စစ်တပ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ ကံပိုက်တည်ဒေသခံတွေပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ဘက်က ခရီးသည်သွားလာခွင့်၊ စက်သုံးဆီကားကြီးဖြတ်ခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ မြစ်ကြီးနား– ကံပိုက်တည် ကားသမားတစ်ဦး KNG ကို ပြောပါတယ်။ “ကန်ပိုက်တည်ကပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ ကားပေါ်မှာ ကားသမားနဲ့စပယ်ယာပဲ လူနှစ်ယောက်ထက်ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေလှည့်ပြန်ခိုင်းတယ်”လို့ အသက် ၃၀ ကျော်အရွယ် ကားသမားအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနား–ဝိုင်းမော်ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်တက်တဲ့ခရီးတင်ကားတွေ ခရီးသည်တင်ခွင့်ကန့်သတ်နေတာလို့ သိရပါတယ်။ ဒါ့အပြင် ကံပိုက်တည်မြို့မှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကံပိုက်တည်ကနေထွက်ခွာမယ့် ခရီးသည်နဲ့စက်သုံးဆီတင်ကား၊ ကုန်ကားကြီးတွေကိုလည်းတားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတစ်ချို့ကို ကားအသေးနဲ့တင်ခွင့်ပြုနေတယ်လို့လည်း နောက်ထပ်ကားသမားတစ်ဦး ခုလိုဆက်ပြောပါတယ်။ “အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ Alphard တို့လိုကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲတင်ခိုင်းတာ လူသုံးကုန်လောက်ပဲ ဒါတောင်ကားကြီးနဲ့မရဘူး”လို့ ပြောပါတယ်။ မြစ်ကြီးနား– ကန်ပိုက်တည်လမ်းပိုင်းပြန်ဖွင့်ပေးလိုက်တဲ့အတွက် မြစ်ကြီးနားမှာ တရုတ်ဘက်ကဝင်တဲ့ လူသုံးကုန်ပစ္စည်းအနည်းငယ်စျေးပြန်ကျလာတယ်လို့ မြစ်ကြီးနားဒေသခံတွေပြောပါတယ်။ သို့သော် စက်သုံးဆီကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့၁၀၀၀၀ (တစ်သောင်း)  ကြားမှာရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ကထိန်းချုပ်ထားဆဲဖြစ်တဲ့ ကန်ပိုက်တည်ဂိတ် လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားတယ်လို့ သိရပါတယ်။ မြန်မာ–တရုတ်နယ်နိမိတ်ချင်းဆက်မှာရှိနေတဲ့ ကချင်အထူးဒေသ (၁) ရဲ့မြို့တော်ပန်ဝါမြို့ကို KIAနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ဖွင့်ပေးထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 5 November
    သတင်း

    မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

    မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀  (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀  ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    မြစ်ကြီးနားမှာ Wifi တပ်ဆင်ထားတဲ့ဆိုင်ရှင်တစ်ချို့ ဖမ်းဆီးခံရတာရှိနေ

    ကချင်ပြည်နယ်မှာ မြစ်ကြီးနားမှာ WIFI အင်တာနက်ဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံစစ်ဆေးဖမ်းဆီးနေပြီး ဆိုင်ရှင်တစ်ချို့ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၂၇ မနေ့ မနက်ပိုင်း စစ်ကောင်စီဘက်က Wifi အင်တာနက်ဆိုင်တွေကို လိုက်လံဖမ်းဆီးနေပြီး မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ အင်တာနက်ဆိုင်၂ ခု ဝင်စီးခံရကာ ဆိုင်ရှင်တွေကို ဖမ်းဆီးသွားကြောင်း မြို့ခံတွေဆိုပါတယ်။  “မနေ့က စီတာပူရပ်ကွက်က ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတဲ့အချိန် တခါတည်း WIFI စက်ပစ္စည်း တွေအားလုံးကိုသိမ်းပြီး ဆိုင်ရှင်ကိုလည်း တစ်ခါတည်းဖမ်းဆီးသွားတယ်။ ဆိုင်မှာသုံးနေတဲ့သူတွေကတော့ မပါဘူးလို့ပြောတယ်။ ဆိုင်ရှင်ကိုပဲဖမ်းသွားတယ်။ တပ်ကုန်းဘက်မှာတော့ ထွေအုပ်နဲ့တချို့လူတွေလည်းပါတဲ့အဖွဲ့ကို ဒဏ်ငွေတောင်းပြီး ပြန်လွတ်တာတွေလည်းရှိတယ်တဲ့”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ စစ်ကောင်စီဘက်က အခုရက်ပိုင်း နေ့တိုင်းလိုလို မြစ်ကြီးနားမြို့တွင်း အင်တာနက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး Star link တပ်ဆင်ထားတဲ့အင်တာနက်ဆိုင်တွေကို အဓိကဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်ဖွင့်တဲ့သူတချို့ကို ဖမ်းဆီးပြီး ဒဏ်ငွေနဲ့ပြန်လွတ်ပေးတာတွေရှိပေမဲ့ တချို့ကိုတော့ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ဆက်လက်သိရပါတယ်။ “သူတို့ဝင်ရောက်ပြီး စစ်ဆေးရာမှာတော့ ဘာ WIFIအင်တာနက်သုံးတာလဲဆိုတာ တွေပေါ့။ IP Star တို့၊ K-net တို့ ဆိုရင်တော့ ဘာမှမပြောဘူး။ IP Star က တစ်လ သိန်း ၅၀ လောက်ထည့်ရတယ်လေ။ K- net က တစ်လ ၁၀ သိန်းလောက်ဆောင်ရတယ်။ အဓိက သူတို့ဝင်စစ်ဆေးချိန်ကိုယ်သုံးနေတဲ့ WIFI စက်ပစ္စည်းပြရတယ်။ အဓိကတော့ ဘယ်ဟာကမှတရားဝင်မဟုတ်တာကြောင့် သူတို့ကတော့ ဖမ်းချင်ဖမ်းတယ်။ ဒဏ်ငွေရိုက်တာတွေလုပ်ချင်လုပ်မှာပေါ့”လို့ မြစ်ကြီးနားဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်း စစ်တပ်ဘက်က WIFI အင်တာနက်ဆိုင်တွေကို ခပ်စိတ်စိတ်လိုက်လံစစ်ဆေး ဖမ်းဆီးလာတာတွေကြောင့် မြို့တွင်း အင်တာနက်ဆိုင်တချို့ ပိတ်လိုက်တာတွေလည်းရှိတယ်လို့ ဆက်လက်သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ လဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့တွင်း ရပ်ကွက်တချို့တွေမှာ အင်တာနက်ဆိုင်တွေကို ရံဖန်ရံခါ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေလုပ်လာပြီး ဒီရက်ပိုင်းမှာတော့ဆက်တိုက်ဖမ်းဆီးလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့လောက်ကစပြီး ကချင်တပြည်နယ်လုံးအတိုင်းအတာ ဖုန်းနဲ့အင်တာလိုင်းတွေပိတ်ခံလိုက်ရပြီးနောက် မြစ်ကြီးနားမြို့မှာတော့ ရပ်ကွက်တချို့ကစပြီး အင်တာနက်သုံး ၁ နာရီ ၂၅၀၀၀ ( ၂ သောင်းခွဲ)နဲ့ အင်တာနက်ဆိုင်အနည်းအကျဉ်းရှိလာရာမှ လက်ရှိမှာတော့ တစ်နာရီ ၅၀၀၀လောက်နဲ့ ရပ်ကွက်တိုင်းနီးပါး ဆိုင်တော်တော်များများရှိလာချိန် ခုလိုဖမ်းဆီးမှုစတင်လာတာဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်မှု အဆိုးဆုံးခံနေရတဲ့ တရုတ်ပြီးရင် မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။  ဒါ့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်ခွင့်ဟာ ၁၂ နှစ် ဆက်တိုက် ကျဆင်းနေတဲ့အကြောင်း အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးကဖော်ပြထားတဲ့အပြင် Freedom…

    Read More »
  • 22 October
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းခရီး ၄ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားများအခက်အခဲဖြစ်နေ

    မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာ ၅ ရက်နီးပါးကြန့်ကြာတဲ့အတွက် ခရီးသွားပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။ ပုံမှန်အားဖြင့်  မန္တလေး–မြစ်ကြီးနားကားလမ်းပိုင်းမှာ တစ်ရက်ကျော် နာရီပေါင်း ၃၀ ဝန်းကျင်မောင်းနှင်ရပေမယ့် လက်ရှိ စစ်ရေးအခြေနေကြောင့် လမ်းခရီးကြန့်ကြာနေတာဖြစ်တယ်လို့ မန္တလေးကနေ မြစ်ကြီးနားပြန်လာတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကျွန်တော်တို့တက်လာတုန်းကတော့လမ်းမှာ သုံးညအိပ်ခဲ့ရတယ် လေးရက်ကြာတာပေါ့။ အရင်ဆိုရင်တစ်ညအိပ်နောက်မနက်ဆိုရောက်ပြီအခုက အိပ်တာကလည်းကြုံတဲ့နေရာအိမ်ရတာ။ မြို့တွေရွာတွေထဲအိပ်ရတာမဟုတ်ဘူးဗျ တောတောင်တွေထဲအိပ်ရတာအဆင်မပြေဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဇူလိုင်လကစပြီး  စစ်ကိုင်းတိုင်းထဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသည်တင်ကားတွေ လမ်းပိုင်းမှာတိုက်ပွဲအခြေအနေအရ အိပ်ရတာဖြစ်တယ်လို့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းမှာ ခရီးသည်တင်ကားမောင်းနှင်နေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “ညအိပ်ရတာကဒီစစ်ကိုင်းတိုင်းထဲမှာပဲညအိပ်ရတာ ဘယ်နေရာမှာညအိပ်ရမယ်လို့သတ်မှတ်မထားဘူး  အဖွဲ့အစည်း(KIA၊KPDFနှင့်စစ်ကောင်စီတပ်) တွေကလမ်းပိတ်ထားတဲ့နေရာအိပ်ရတာပဲ။ သူတို့သွားခိုင်းမှသွားရတာသူတို့ကလည်းစစ်ရေးအရပိတ်ချင်တဲ့နေရာမှာပိတ်လိုက်တာပဲ”လို့အသက် ၃၀ ကျော်အရွယ်ကားသမားတစ်ဦးကပြောပါတယ်။ KIA၊KPDF တပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မြစ်ကြီးနား–မန္တလေးလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားတဲ့အနေအခြေအပေါ်မူတည်ပြီး တစ်ချို့နေရာတွေမှာ နာရီပိုင်းနဲ့ပိတ်ထားတာမျိုးရှိသလို တချို့နေရာတွေကို တစ်ရက်(သို့မဟုတ်)တစ်ညအထိကြာပိတ်ထားတာမျိုးရှိတယ်လို့သိရပါတယ်။ အခုလိုမြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာအရင်ကထက် သုံးရက်ခန့်ကြာအောင်သွားနေရတာကြောင့်အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရကြောင်း ခရီးသွားအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။ “လမ်းမှာကြာမယ်တော့သိထားတယ်။ဒါပေမယ့် နှစ်ည သုံးညကြာမယ်လို့တော့မထင်ထားဘူးလေ လေယာဥ်ခများလို့ကားနဲ့သွားရတာ ဒါပေမယ့်ကုန်ကျစရိတ်တွေကလမ်းမှာစားရတာနဲ့ဆိုအတူတူလောက်ပဲကုန်မှာဗျ တောထဲမှာ ခြင်ကိုက် ဖြုတ်ကိုက်နဲ့ပိုတောင်ဒုက္ခရောက်သေးတယ်”လို့ ပြောပါတယ်။ မြစ်ကြီးနား –မန္တလေးလမ်းပိုင်း မော်တော်ယာဥ်စီးခဟာ လူတစ်ဦးကို ကျပ် ၁၅၀၀၀၀ (တစ်သိန်းငါးသောင်း) ကနေ ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) အထိရှိတယ်လို့ မြစ်ကြီးနားမြို့ High Class ကားဂိတ်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အံစာတုံးလိုမျိုးကားသေးလေးတွေကတော့ တစ်သိန်းခွဲပါ နောက်ပြီးကျ မှန်ကားအကြီးတော့မဟုတ်ဘူးမှန်လုံကားအလတ်ပေါ့အဲ့တာကျတော့ နှစ်သိန်းဗျတစ်ယောက်ကိုလမ်းမှာ သုံးလေးရက်တော့ကြာနိုင်တယ်ဗျအာမခံလို့မရဘူးအခြေအနေပေါ်မူတည်တယ်”လို့ သူကပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့အလားတူ ကုန်တင်ကားတွေလည်းမန္တလေး– မြစ်ကြီးနားလမ်းပိုင်းမှာ အနည်းဆုံး ၈ရက်ကနေ ၁၃ရက်လောက်အထိကြန့်ကြာနေတာကြောင့် လက်ရှိကချင်ပြည်နယ်ထဲမှာ မန္တလေးဘက်က ကုန်စည်အဝင်နှေးတာကြောင့် ကုန်ပစ္စည်းအချို့ရှားပါးတာ၊ ကုန်စျေးနှုန်းအဆမတန်မြင့်တက်တာတွေဖြစ်နေတယ်လို့သိရပါတယ်။ အင်းတော်မြို့နယ်ထဲမှာတိုက်ပွဲတွေကြောင့်မန္တလေး–မြစ်ကြီးနားကုန်သွယ်ရေးလမ်းမကြီးကို အင်းတော်မြို့နယ်ထဲမှာသြဂုတ်လကတည်းကပိတ်ထားလိုက်တာဖြစ်ပြီး အင်းတော်မြို့နယ်ကိုပတ်တဲ့ဖြတ်လမ်းနဲ့ခက်ခက်ခဲခဲ သွားလာနေကြရကြောင်းကားသမားတွေဆီကနေသိရပါတယ်။ By – Zaw Zaw

    Read More »
Back to top button