မြစ်ကြီးနား

  • Mar- 2025 -
    10 March
    အင်တာဗျူး

    မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်  အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…

    Read More »
  • 4 March
    သတင်း

    မြစ်ကြီးနားမြို့ အမှိုက်ပုံမှာ ‌အမျိုး သမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့  မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၄ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင် အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် ၆ ကျောင်းရှေ့ရှိ အမှိုက်ပုံမှာ…

    Read More »
  • 3 March
    သတင်း

    မြစ်ကြီးနား-မန္တလေး လမ်းပိုင်းခရီးစဥ် တိုက်ပွဲကြောင့် ၅ ရက်ဝန်းကျင်အထိ ကြာမြှင့်လာ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ခရီးစဥ် ၅ ရက် ဝန်းကျင်အထိ ကြာမြှင့် သွားလာနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်လို့ မြစ်ကြီးနား–မန္တလေးလမ်း၊ ကန့်ဘလူဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကာကွယ်ရေးတပ်တွေဘက်က…

    Read More »
  • Feb- 2025 -
    26 February
    သတင်း

    မြစ်ကြီးနား-မန္တလေး ယာဥ် ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်စိမ်းနဲ့ အသားငါး ပုပ်သိုး

    မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပိတ်ထားတာတစ်ပတ်နီးပါးရှိလာတာနဲ့အမျှ ယာဥ်တန်း ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်တင်ဆောင်လာတဲ့ ကုန်စိမ်းနဲ့ စားသောက်ကုန်တစ်ချို့ပုပ်သိုးသွားတယ်လို့ ကားသမားတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းက ခင်ဦး၊ ကန့်ဘလူ ဒေသတစ်ဝှိုက်ကို စစ်ကောင်စီ က…

    Read More »
  • 24 February
    သတင်း

    မြစ်ကြီးနား-မန္တလေး ခရီးစဥ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကားသမားတွေ အကြံပြု

    မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ နဲ့ ကာကွယ်ရေးတပ်တွေက စစ်သားစုဆောင်းရေး အပြင်းအထန် ပြုလုပ်နေတဲ့အတွက် တစ်စုံတစ်ရာအရေးကြီးကိစ္စမရှိဘဲ ခရီးမသွားကြဖို့ ကားသမားတွေက ပြောပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်၊ ကျား–မ မရွေးကို စုဆောင်းရေးခေါ်ယူနေတယ်လို့ အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။ “ဟိုတလောက ကျနော့ကားပေါ်က မြစ်ကြီးနားက လိုက်လာတဲ့ ကချင်မိန်းကလေးတစ်ယောက်ကို KIA ဂိတ်ကခေါ်ထား လိုက်တယ်။…

    Read More »
  • 14 February
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာကို စစ်ကောင်စီ တန်ပြန်စစ်ကြောင်းထိုး

    မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တီယန်ဇွပ်(Tayang Zup) ကျေးရွာဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကနေ စစ်တပ်တွေ မတက်လာနိုင်အောင် အကုန်ပိတ်ထားတယ်။ တကယ်တော့ တက်လာရင်တော့ ကျနော်တို့နဲ့က တိုက်ပွဲတော့ဖြစ်လာမှာပဲ။ ဒီဘက်ကို စစ်ရေးလှုပ်ရှားလာတယ်လို့တော့သိရတယ်” လို့ တယန်ဇွပ်ဒေသက KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း တန်ဖရဲကျေးရွာနဲ့ ဝေရှီကျေးရွာကြား စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတဲ့အတွက် တစ်ရက်တည်းမှာပဲ ၄ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုဟာ ၅ မိုင်လောက်အကွာမှာရှိပြီးတော့ ဝေရှီကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်၊ ၄ ရက်နေ့ မှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့နောက်ပိုင်း အခုလို ခြေလျင်နဲ့ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာလည်းဖြစ်ပါတယ်။ အခုလို တန်ဖရဲနဲ့ ဝေရှီကျေးရွာ နှစ်ခုကြားမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲကြောင့် ပူတာအိုကိုတက်တဲ့ကားလမ်းပိုင်းကိုလည်း မကြာခဏ ပိတ်ဆို့ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ကားသမားတွေကပြောပါတယ်။ လက်ရှိ တန်ဖရဲကျေးရွာအထက် ဝေရှီကျေးရွာဘက်ကို နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး တန်ဖရဲဒေသခံတစ်ဦးက KNG ကို အခုလိုပြောပါတယ်။ “တယန်ဇွပ်ကနေ တက်သွားတဲ့ ဝေရှီကျေးရွာမရောက်မှီမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်တဲ့နေ့ဆိုရင် ဘယ်ကုန်ကားကိုမှ ဖြတ်ခွင့်မပေးဘူး။ မြစ်ကြီးနားဘက်ကို ပြန်လှည့်ခိုင်းတယ်။ တစ်ချို့ကုန်ကားတွေက ၄၂ မိုင်မှာအိပ်ကြတယ်။ နောက်တစ်ရက် သူတို့ပြန်ဖွင့်ပေးတဲ့ အချိန်မှာပဲ ပြန်တက်ကြတယ်” လို့ ပြောပါတယ်။ တယန်ဇွပ်ကျေးရွာဘက်ကို ဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကနေ တန်ဖရဲကျေးရွာမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့ နောက်ပိုင်း အင်ခိုင်ဘွမ့်တောင်ပတ်လမ်းကို အသုံးပြုပြီးတော့ တယန်ဇွပ်၊ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည် စစ်ကြောင်းထွက်ခွာသွားကြတာဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ မြစ်ကြီးနားမြို့နယ် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ တယန်ဇွပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုလည်း ကျေးရွာနေပြည်သူတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 12 February
    သတင်း

    ကချင်မှာ တစ်ပတ်အတွင်း စစ်ကောင်စီ ၅ နေရာခန့်ကို ဗုံးကြဲတိုက်ခိုက်

    ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ကချင်ပြည်နယ်ထဲက တိုက်ပွဲမဖြစ်တဲ့ လူနေကျေးရွာတွေကို ဦးတည်ပြီး စစ်ကောင်စီရဲ့ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကြုံနေရတယ်လို့ သိရပါတယ်။ တစ်ပတ်တာအတွင်း KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ မုန်းဆိုင်ယန် (Mung Seng Yang) ၊ မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်းပေါ်ရှိ ဝေရှီ (Wai-shi)ကျေးရွာ ၊ အင်ဂျန့်ယန်လမ်းပေါ်က တန်ဘောင်ယန် (Tangbau…

    Read More »
  • 10 February
    တိုက်ပွဲ

    မြစ်ဆုံ ဒေသမှာ စစ်ကောင်စီ နဲ့ KIA စစ်ရေးတင်းမား

    မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံဒေသ တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်အင်အား အများအပြားဝင်ရောက်လာပြီး အင်ခိုင်ဘွမ့်တောင်ခြေ တောလမ်းကတဆင့် ဆွမ်ပရာဘွမ်မြို့နယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မြစ်ဆုံအထက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပစ်ခတ်မှုမကြာခဏဖြစ်ပွားနေပြီး…

    Read More »
  • 6 February
    သတင်း

    ယာယီ ပိတ်ထားတဲ့ မြစ်ကြီးနား-ပူတာအို ကားလမ်း ပြန်ဖွင့်

    ကချင်ပြည်နယ် ၊ ပူတာအိုမြို့နယ်ထဲမှာ စစ်ကောက်စီတပ်က လက်နက် ကြီးရမ်းသမ်းပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်ယာယီပိတ်ထားတဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်ပြီလို့ သိရပါတယ်။ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ တပ်ထိုင်ထားတဲ့ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆွမ်ပရာဘွမ်မြို့နယ်ထဲကို လက်နက်ကြီးတွေ မကြာခန ရမ်းသမ်းပစ်ခတ်နေသလို မြစ်ကြီးနားမြို့အထက်ဘက်…

    Read More »
  • 3 February
    သတင်း

    တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ

    မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ…

    Read More »
Back to top button