ရှမ်းမြောက်
-
Dec- 2023 -20 Decemberသတင်း
ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်
ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀…
Read More » -
19 Decemberသတင်း
မူဆယ် ၁၀၅ အနီး လေကြောင်းပစ်ခတ်မှုဆက်တိုက်ရှိနေဆဲ
ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်ကို ညီနောင်မဟာမိတ်ဘက်က အပြီးသတ်သိမ်းပိုက်ထားနိုင်ပေမဲ့ စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်လာရောက်ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မူဆယ်မြို့အနီးက ၁၀၅ မိုင်ကုန်သွယ်ရေးဇုံရှိ စစ်တပ်ကုန်းကို ညီနောင်မဟာမိတ်တွေဘက်က အပြီးသတ်…
Read More » -
13 Decemberသတင်း
နမ့်ဆန်မြို့ စစ်တပ်ရဲ့လေကြောင်းအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦးသေဆုံး နေအိမ်အမြောက်အများထိခိုက်ပျက်စီး
ရှမ်းမြောက် လားရှိုးမြို့အရှေ့ဘက် နမ့်ဆန်မြို့ကို စစ်တပ်ကလေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး နေအိမ်မြောက်အများ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီ ဂျတ်လေယာဉ်နဲ့…
Read More » -
8 Decemberသတင်း
KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…
Read More » -
6 Decemberသတင်း
နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ
ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်(Riyang ) ၊ဇီးဒဘန်(Zi dabang)၊ ဘန်ဂျရော့ပ်(Bang Jarawp)၊ မ နောယန်(ManauYang) စတဲ့ရက်ကွက် ၄ ခု ကို နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး တိမ်းရှောင်ခိုင်းတာကြောင့် လက်ရှိ နမ့်ဖတ်ကာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “အဓိက လက်နက်ကြီးအမြဲကျတဲ့ ရပ်ကွက်တွေပေါ့။ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက် ၄ ခုရှောင်ခိုင်းတာဟုတ်တယ်။ အဓိက အဲ့ဒီရွာတွေဘက်က လက်နက်ကိုင်တော်လှန်ရေးတပ်မဖွဲ့တွေ လာလာပစ်လို့တဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ဆိုပြီး ရှောင်ခိုင်းတာဟုတ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ရီးယန်ရပ်ကွက်က ပြည်သူတွေက ခိုမုန်း၊ ဇွပ်ရာ နဲ့ လုံစော်ယန်စတဲ့ကျေးရွာတွေရှိ မိမိအသိမိတ်ဆွေတွေဆီခိုလှုံတိမ်းရှောင်သွားကြပြီး ဇီးဒဘန်ရပ်ကွက်သားတွေကတော့ လုံဂျာယန်ကျေးရွာတွေဆီ ခိုလှုံတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဘန်ဂျရောပ်ရပ်ကွက်နေ ပြည်သူတွေက နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား နမ့်မွေအနီးတဝိုက်တိမ်းရှောင်နေကြပြီး ခလရ ၁၂၃ တပ်စခန်းနဲ့ကပ်ရပ် မနောယန်ရပ်ကွက်နေပြည်သူတွေကတော့ ဟိုဖျက်ကျေးရွာသို့ အမြောက်အများ တိမ်းရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။ လက်ရှိ နမ့်ဖက်ကာကျေးရွာထဲက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နီးစပ်ရွာကျေးရွာတွေနဲ့ ဆွေမျိုးအိမ်တွေဆီ၊ တောင်ယာအခင်းတွေဆီ တိမ်းရှောင်နေကြရတဲ့အပြင် တိမ်းရှောင်ဖို့ခက်ခဲတဲ့ပြည်သူတစ်ချို့လည်း ရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပါတယ်။ “သူတို့ရှောင်လို့မပြောတဲ့ ရပ်ကွက်တွေထဲက ရွာသားတွေလည်း အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဟို..လယ်တောတွေထဲ ပို့ထားတယ်။ တောထဲအခင်းတွေထဲ တိမ်းရှောင်နေတယ်။ အားလုံးက ကိုယ့်သိကျွမ်းရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တိမ်းရှောင်ကြရတာပေါ့။ ရွာထဲရှိနေသေးတဲ့အမြောက်အများလည်း ကတုန်းကျင်းနဲ့သတိနဲ့ နေနေတယ်။” လို့ နမ့်ဖတ်ကာ…
Read More » -
Nov- 2023 -30 Novemberသတင်း
နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ခမ်းနဲ့ မူဆယ်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာဘက်မှာလည်း စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားပြီး နေ့တိုင်းဆိုသလိုကျေးရွာတစ်ဝိုက် လုံခြုံရေးယူရင်း ပြည်သူနေအိမ်တွေဆီ…
Read More » -
Oct- 2023 -30 Octoberသတင်း
ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၂၀၀ ကျော်ပိတ်မိနေ
ရှမ်းမြောက် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကိုးကန့် MNDAA ပြင်းထန်နေဆဲဖြစ်တာကြောင့် ဖောင်ဆိုင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ ၂၀၀ ကျော် စစ်မြေပြင်မှာ ပိတ်မိနေတယ်လို့ ဖောင်းဆိုင်ဒေသခံတွေကနေ သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ စစ်တပ်ရဲ့တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူနေရာကနေ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ မုံးကိုး ၊ ဖောင်ဆိုင်း…
Read More » -
21 Octoberသတင်း
KIA တပ်မဟာ ၆ လေကြောင်းနဲ့တိုက်ခိုက်ခံရသဖြင့် အရာရှိအပါအဝင် ၅ ဦးသေဆုံး
ရှမ်းမြောက် မူဆယ်မြို့နယ် တီးမားကျေးရွာအနီးက KIA တပ်မဟာ ၆ ကို စစ်တပ်က ဂျတ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် KIA အရာရှိအပါအဝင် ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အောက်တို ၁၉ ရက်နေ့က မုံးပေါ်နဲ့ မုံးကိုးကြားက ဝိန်းလားတောင်မှာ အထိုင်ချနေတဲ့ စစ်တပ်ရဲ့ အချက်အချာကျ…
Read More » -
19 Octoberသတင်း
ရှမ်းမြောက် မုံးပေါ် ဝိန်းလားတောင်တပ်စခန်းကို KIA သွားရောက်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် မုံးပေါ် အနီး ဝိန်းလားတောင်(Wingla Bum)က စစ်ကောင်စီတပ်စခန်းကို KIA သွားရောက် ပစ်ခတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရပါတယ်။ အောက်တိုဘာ ၁၉ ယနေ့နံနက် ၆ နာရီကစပြီး ဝိန်းလားတောင်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ…
Read More » -
12 Octoberသတင်း
နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းမှာ မိုင်းနင်းမိသူ ၃ ဦးအထိရှိလာ
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ ဖာဖစ်ကျေးရွာချင်းဆက်လမ်းကို စစ်တပ်ဖြတ်တောက်ထားပြီး မိုင်းထောင်ထားတာကြောင့် မိုင်းနင်းမိတဲ့ ဒေသခံ ၃ ဦးထိရှိလာပြီဖြစ်တယ်လို့ နမ့်တောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ၂ နာရီလောက်မှာ ဖာဖစ်ကျေးရွာဒေသခံအမျိုးသားတစ်ဦး နမ့်တောင်းကနေ ဖာဖစ်ရွာနေအိမ်ကို ခြေကျင်နဲ့ ပြန်လာချိန် စစ်တပ်ထောင်ထားတဲ့…
Read More »









