ဝိုင်းမော်
-
May- 2024 -22 Mayသတင်း
ဝိုင်းမော်မြို့နယ်အတွင်း စစ်ရေးသတင်းနားစွင့်ကြဖို့ ဗိုလ်မှူးကြီးနော်ဘူသတိပေး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ရေးသတင်းနားစွင့်ကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပါတယ်။ “စကစဘက်က လက်နက်ကြီး နဲ့ လေကြောင်းတွေက ဘယ်ဟာကတော့ရန်သူ ဘယ်ဟာကတော့ ပြည်သူဆိုပြီးမခွဲခြားပဲရမ်းသမ်းပစ်နေတာလည်း…
Read More » -
22 Mayသတင်း
မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ မြစ်ကြီးနားမြို့မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငှားရမ်းထားတဲ့စျေးအတိုင်း ငှားနိုင်ပေမယ့် တစ်ချို့စစ်ရှောင်တွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာသောအားဖြင့် သက်သက်သာသာနဲ့ငှားရမ်းပေးကြဖို့လို မြစ်ကြီးနားမြို့မှာနေထိုင်တစ်ချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့တွင်း နေစရာငှားရမ်းခတွေက ဈေးနှုန်းမြှင့်တက်သွားတာမျိုးတော့မရှိပေမဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် ဈေးလျော့ပေးတာဖြစ်ဖြစ် တတ်နိုင်ရင် အခကြေးမယူပဲနဲ့ကူညီသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ “ဈေးနှုန်းတွေကတော့မြှင့်တက်သွားတာတော့မဟုတ်ဘူး ပုံမှန်ဈေးနှုန်းနဲ့ငှားရမ်းနေတာတော့ဟုတ်တယ်။ စစ်ရှောင်တွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်တော့မလွယ်ဘူးလေ တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစနာပြီးတော့ ဒုက္ခရောက်တဲ့အချိန်တွေမှာတော့ အိမ်ငှားခလက်ရှိဈေးနှုန်းကိုတစ်ဝက်လောက် ချပြီး ငှားစေချင်တာပေါ့”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တစ်ချို့ဟာ နေရာထိုင်ခင်းအခက်အခဲတွေရှိနေသေးတာကြောင့် မြစ်ကြီးနားမြို့ခံတွေအနေနဲ့ တတ်နိုင်ပါက အိမ်ငှားရမ်းခစျေးလျော့ပေးတာ၊ အခကြေးငွေမယူပဲကူညီပေးကြဖို့အတွက် ဒေသခံတစ်ချို့ကတောင်းဆိုနေကြပါတယ်။ တစ်ဖက်မှာတော့ အခုလို မြစ်ကြီးနားဘက်ကို စစ်ဘေးရှောင်တွေများပြားလာတဲ့အတွက် ခရစ်ယာန် ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းတွေဘက်ကလည်း လာရောက်တည်းခိုလို့ရကြောင်း ကြေညာနေတာတွေလည်းရှိပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်က ဒေသခံတွေအများစုဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ နဂိုရှိပြီးသား စစ်ဘေးရှောင်စခန်းတစ်ချို့နဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာ အဓိကတိမ်းရှောင်နေကြတယ်လို့ ဝိုင်းမော်မြို့ကနေ မြစ်ကြီးနားဘက်စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မြစ်ကြီးနားဘက်ကိုရှောင်ကြတာပိုများပါတယ်။ သူတို့ကတော့ အရင်တုန်းကတည်းက ရှိတဲ့ camp တွေ ပေါ့အဲ့မှာနေကြတယ် တစ်ချို့တွေကတော့ ကိုယ့်ဆွေမျိုးအိမ်တွေမှာနေကြတယ်။ စစ်ရှောင်တွေကိုကူညီပေး ကြပါလို့ပြောချင်တယ်။ အိမ်ငှားတဲ့သူတွေအနေနဲ့လည်း ဈေးနှုန်းအတတ်နိုင်ဆုံးလျော့ပေးဖို့ပေါ့ ကူညီတဲ့ အနေနဲ့ပေါ့ သူတို့ကလည်း အကြာကြီးရှောင်မှာမဟုတ်ဘူးလေနော်”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ် အိမ်ဌားခနဲ့ပတ်သက်ပြီး အိမ်အမျိုးအစားပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိနေတဲ့အပြင် အိမ်ငှားခကို အနည်းဆုံး ၆ လစာအပြတ်ပေးပြီးချုပ်ဆိုကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေအနေနဲ့ ငွေအလုံးအရင်း စာချုပ်နိုင်ဖို့အဆင်မပြေတာတွေကြောင့် တစ်လချင်းပေးချုပ်စေတာမျိုးလည်း ကူညီပေးကြဖို့ တောင်းဆိုနေကြတာပါ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစတင်လို့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ပြည်သူ့စစ်တပ်စခန်းတွေကို တကျော့ပြန်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ မနေ့ည မေလ ၂၁ ရက်နေ့ကပဲ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ် ခမရ ၃၂၁ ကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတပ်ရင်းနဲ့ တပ်စခန်းတွေကို သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ နှစ်ဖက်တပ်တွေက အသုံးပြုတဲ့လက်နက်ကြီးနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့က အရပ်သားတွေလည်း မြစ်ကြီးနားမြို့အပြင် ဘေးလွှတ်ရာနေရာတွေကိုတိမ်းရှောင်နေကြပြီး ဝိုင်းမော်မြို့ပြင်မှာရှိတဲ့ ရွာပေါင်း ၂၀ ကျော် ဘေးလွှတ်ရာ မှာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
21 Mayသတင်း
ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန် ကျေးရွာနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်ကြတဲ့ ရွာပေါင်း ၂၀ ကျော်ရှိပြီလို့သိရပါတယ်။ ချီဖွေနဲ့ ဆဒုံးသွား ကားလမ်းမပေါ်မှာရှိတဲ့ မဒိန်၊ ခကွမ်၊ ဝူယာန်၊ မုတ်ကျိတ်၊ လမြန်၊…
Read More » -
21 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။ “ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်”လို့ ပြောပါတယ်။ မေလ ၂၁ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်အပါအဝင် နေရာအတော်များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်တစ်ချို့ဖမ်းဆီးခံသွားရတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူး။ တစ်ဖက်မှာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့ဘက်အခြမ်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေသလို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲဟာ ဝိုင်းမော်မြို့ဘက်နဲ့နီးလာတာနဲ့အမျှ ဝိုင်းမော်မြို့တွင်းက ဒေသခံတစ်ချို့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်တာမျိုးတွေ လည်းမြင်လာရတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကေအိုင်အေနဲ့စစ်တပ်နဲ့ကလည်းနီးလာတော့ ပြည်သူတွေကစိုးရိမ်ပြီးမြစ်ကြီးနားကိုပြောင်းကြတာပေါ့ အိမ်တွေပိတ်ပြီးပေါ့ အိမ်စောင့်လောက်ပဲကျန်တော့တာ မြို့လုံးဝစွန့်ကြတာလည်းမဟုတ်ဘူး မြို့ကတော် တော်တော့ခြောက်ကပ်သွားပြီ” လို့ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မော်ဖောင်းရွာအနောက်ဖက်ကအမြှောက်တပ် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး မှာ လက်နက်ကြီးအထိုင်ချပြီးပစ်ခတ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဘက်ကပြောပါ တယ်။ “သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင် သိသာ တယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီး ထောင်ထားတယ် လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲ ရွှေ့ထားတယ်ပြောတယ်” ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ စခန်း ၉ ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ် ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။ By – အမိုး
Read More » -
21 Mayသတင်း
လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော် ၅ ၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူက လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်”လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့ မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာက နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အိမ်ကတော့ ဝူယန်အိမ်နှစ်အိမ်ပါသွားတယ် ပြီးတော့ လမြန်ကအိမ်တစ်အိမ်ကတော့ မီးဖိုချောင်အကုန်ပါသွားတယ်”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကို လာရောက်ပစ်သွားပြီးနောက် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကေအိုင်အေပူးပေါင်းတပ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။ By – Hope
Read More » -
20 Mayသတင်း
ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး၊
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ သေဆုံးခဲ့သူတွေထဲ ကလေး ၂ ဦးပါဝင်ပြီးတော့…
Read More » -
20 Mayသတင်း
မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
“အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ” ဒါ့ကတော့ ဒီရက်ပိုင်းအတွင်း မြစ်ကြီးမြို့တစ်မြို့နယ်လုံးနီးပါးကနေ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတဲ့အခြေနေကို မြစ်ကြီးနားမြို့ဒေသခံတစ်ယောက်ပြောပြတာပါ။ ကချင်ပြည်နယ်…
Read More » -
20 Mayသတင်း
ဝိုင်းမော် ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များစာနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး နေရာထိုင်ခင်းအခက်အခဲဖြစ်နေ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မုတ်ကျိတ်(Muk Chyik) ရွာနဲ့ နောင်းခယူး(Nawng Hkyu)ရွာဘက်ကို တိမ်းရှောင်နေကြတဲ့ ဝူယန်ကျေးရွာအုပ်စုက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာပြတ်လပ်လာပြီး နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက နေ သိရပါတယ်။ ဧပြီလ ၇ ရက်နေ့က စပြီးတိမ်းရှောင်လာကြတဲ့ ဝူယန်ကျေးရွာအုပ်စုပြည်သူတွေဟာ ဝိုင်းမော်မြို့နဲ့ ၇မိုင်အကွာမှာရှိတဲ့ မုတ်ကျိတ်ကျေးရွာနဲ့ နောင်းခယူးကျေးရွာမှာ ခါနန်စစ်ရှောင်စခန်းအမည်နဲ့ နှစ်ဖွဲ့ခွဲပြီး ခိုလုံနေကြတယ်လို့ သိရပါတယ်။ စစ်ရှောင်တဲ့ကာလ နှစ်လနီးပါး ကြာမြင့်လာချိန် သယ်လာတဲ့ဆန်စပါးနဲ့ အခြားစားနပ်ရိက္ခာတွေ ပြတ်လပ်လာနေပြီး မိုးရာသီရောက်လာပြီဖြစ်တဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေတာတွေကြုံတွေ့နေတယ်လို့ စစ်ရှာင်တာဝန်ခံ တစ်ဦးကခုလိုပြောပါတယ်။ “ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကတော့ နှစ်လစာရှောင်ဖို့အတွက်ဘဲ ပြင်ဆင်ထားတော့ နှစ်လပြည့်ပြီးနောက်တော့ အစားအသောက်အခက်အခက်တွေရှိလာမယ့်လို့ထင်တယ်။ ပြီးတော့ တဲတွေက မိုးကာအဟောင်းတွေနဲ့ဘဲ လုပ်ထားတော့ မိုသည်းရွာတဲ့ အချိန်တွေဆို ခက်ခဲလာတယ်”လို့ ဆိုပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ တစ်နေရာထဲမှာဘဲအတူတကွစုပြီးနေထိုင်ကြရတာဖြစ်တဲ့အတွက် သောက်ရေ၊သုံးရေတွေအခက်အခဲလည်းဖြစ်နေပြီး အိမ်သာမလုံလောက်တဲ့ ပြဿနာတွေပါ ကြုံတွေ့နေရတယ်လို့ သူကဆက်ပြောပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအခြေအနေကြောင့် ဈေးဆိုင်တွေမဖွင့်တော့တဲ့အတွက် စားနပ်ရိက္ခာတွေဝယ်ယူလို့မရတော့တဲ့ အခြေနေနမှာရှိနေတယ်လို့ ဝူယန်ရွာကနေထွက်ပြေးတမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ဆန်တွေအပြင် တခြားစားနပ်ရိက္ခာတွေဝယ်ဖို့ အတွက်လည်းခက်နေတယ် ရွာနားမှာလည်း ဈေးတွေမရောင်းကြတော့ဘူး ဆေးတွေဆိုလည်း ဝယ်ဖို့အတွက် အရမ်းကိုဈေးကြီးနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဝူယန်ကျေးရွာအုပ်စုကပြည်သူတွေဟာ မုတ်ကျိတ်ကျေးရွာကတော့ ခါနန်စစ်ရှောင်စခန်း (၁) အဖြစ်သတ်မှတ်ပြီး နောင်ခယူးကျေးရွာကတော့ ခါနန်စစ်ရှောင်စခန်း ( ၂) ဖြစ်တယ်လို့ သိရပါတယ်။ အိမ်ထောင်စုအားဖြင့် စစ်ရှောင်စခန်း နှစ်ခုပေါင်း (၁၄၀)ကျော် ရှိပြီး လူဦးရေကတော့ ၉၀၀ကျော်ထဲမှာ ကျောင်းတက်တဲ့ကလေးအရွယ်အယောက် ၂၀၀ ဝန်းကျင်ပါဝင်တယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ ခါနန်စစ်ရှောင်စခန်းက စစ်ဘေးရှောင်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ မေတ္တာဖောင်းဒေးရှင်းကနေပြီးတော့ ရေချိုးဆပ်ပြာ၊ သွားတိုက်တံနဲ့သွားတိုက်ဆေးတွေကို ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နေအိမ်တဲ၊ ရေတွင်းနဲ့ အိမ်သာတွေကိုတော့ မုတ်ကျိတ်ကျေးရွားက ဝါးနဲ့ မိုးကာတွေဝယ်ပြီး ကိုယ်ထူကိုယ်ထဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။ စစ်ရှောင်လူဦးရေ ၉၀၀ကျော်ဟာ ဝူယန်ကျေးရွာအုပ်စု နယ်မြေ ၂၊ နယ်မြေ ၄ နဲ့ နယ်မြေ ၅ ၊ လမြန်ကျေးရွာ၊ စန်လွင်ကျေးရွာအစရှိတဲ့ထဲက ပြည်သူတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဝူယန်ကျေးရွာမှာ ဧပြီလ ပထမပတ်ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝူယန်ကျေးရွာအုပ်စုပြည်သူတွေကလည်း ဧပြီလ ၇ရက်နေ့ကတည်းကနေ နီးစပ်ရာ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ လက်ရှိ KIA/KPDFတွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စစ်ရေး တင်းမာနေတာဖြစ်ပြီး ခလရ(၅၈)တပ်ရင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းတန်း ပစ်ခတ်မှုတွေကြောင့် ဝူယန်ဒေသခံပြည်သူတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာဘဲ ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရှိတဲ့ ခကွမ်ရွာ၊ဝူယန်၊လဘန်၊လမြန်၊နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင် စတဲ့ကျေးရွာတွေဟာ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားတဲ့ ကားလမ်းမကြီးရဲ့ဘေးဝဲယာမှာ တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ရွာအားလုံးဟာ ရွာချင်းဆက်ထားတာဖြစ်ပါတယ်။ By – Hope
Read More » -
20 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ ခမရ ၃၂၁ တပ်ရင်းသာကျန်ရှိပြီး တိုက်ပွဲကဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်နေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ၃ ရက်မြောက်တဲ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေပါတယ်။ ဝိုင်းမော်မြို့နယ် ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်းတွေတဲ့ ဘင့်ပူကောင့်(Bin Pu Kawng)၊ ဝထောင်ဘွမ့်(wuhtau Bum) လိုင်ဖောင်(Lai Hpawng)၊ ဒိန်ဂါ(Ding Ga)၊ ရင်ကွဲတောင်(Lung Zep Kadawng)၊ ကဇူး(Katsu)၊ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ(Hka Shi) စတဲ့ နေရာတွေမှာရှိတဲ့ တပ်စခန်းတွေကို KIA က နှစ်ရက်ထဲ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်စခန်းတွေကို KIA က မေလ ၁၈ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးရက်မြောက်တဲ့ ၂၀ ရက်နေ့မှာ နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။ “ဝိုင်းမော်ဒေသ တောင်ကုန်းဘက်မှာရှိနေတဲ့ စစ်တပ်စခန်းတွေက မကျန်တော့ဘူး။ ဝထောင်ဘွမ့်၊ ဘင့်ပူကောင့်၊ ဒိန်ဂါ၊ လိုင်ဖောင်တွေလည်း မကျန်တော့ဘူး။ ကဇူးတပ်စခန်းလည်းသိမ်းထားပြီ။ ရွှေညောင်ပင်ရွာမှာလည်း ကျေးရွာတွေက KIA ထိန်းချုပ်ထားနိုင်ပြီ။ တပ်စခန်းအနည်းငယ်ကျန်သေးတယ်။ ဝိုင်းမောက်မြို့ အနီး ခါးရှီအထိ သိမ်းထားနိုင်ပြီလို့ပြောလို့ရပြီ”လို့ပြောပါတယ်။ ရွှေညောင်ပင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ နှစ်ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာ KIA က ကျေးရွာကို အသာစီးထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းကို အပြီးသတ်သိမ်းဆည်းနိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။ မေလ ၁၈ ရက်နေ့မှာ သိမ်းဆည်းဖို့ ကျန်ရှိနေသေးတဲ့ ကဇူးတပ်စခန်းအကြီးကိုလည်း ၁၉ ရက်နေ့ ည ၈ နာရီလောက်မှာ KIA တပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ကဇူးတပ်စခန်းကထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေက ဂါးရာယာန်(Ga Ra Yang) ကျေးရွာမှာ အနည်းငယ်ကျန်ရှိနေတာဖြစ်တဲ့အတွက် ရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ ကဇူးနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းတွေဟာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက်ရှိပြီး ဒီစစ်ကောင်စီတပ်သားတွေအများပိုင်း ရွာအတွင်း နေရာယူပုန်းခိုပြီးခုခံတိုက်ခိုက်နေတာကြောင့် KIA ဘက်က အမြန်ုသိမ်းယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ကဇူးကျေးရွာကနေ ဝိုင်းမော်မြို့ မရောက်မှီ ခါးရှီ(Hka Shi)အထိ KIA တပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်သွားပြီး အဲဒီတစ်ကြောမှာ ရွှေညောင်ပင် တပ်စခန်းတစ်ခုသာကျန်ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်ပြီးတော့ မေလ ၁၉ ရက်နေ့ လောက်ကနေ ဝိုင်းမော်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ခပ်ချိုလမ်းခွဲအထိမေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီလို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
18 Mayသတင်း
ဝိုင်းမော်တိုက်ပွဲမှာ KIA သိမ်းပိုက်ဖို့ ခလရ ၃၂၁ တပ်ရင်းနဲ့ ကဇူးတပ်စခန်း ၂ ခုသာကျန်ရှိနေ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ဒီနေ့ တစ်ရက်ထဲမှာပဲ ဝိုင်းမော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းနေရာ ၁၀ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း ၃ နာရီဝန်းကျင်အထိ တပ်စခန်းအများပိုင်းကို ထိန်းချုပ်နိုင်ပြီး တပ်စခန်း ၂ ခုသာ…
Read More »









