ဝိုင်းမော်
-
May- 2024 -8 Mayသတင်း
ဝူယန်စစ်ရှောင်ပြည်သူတစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေ
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို စစ်ဘေးရှောင်နေတဲ့ပြည်သူတစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားလမ်းမပေါ်မှာရှိတဲ့ ဝူယန်ကျေးရွာတစ်လျှောက်ပြည်သူတွေဟာ ဒီနှစ်ဇန်နဝါရီလကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုအရှိန်ပိုမြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်လို့မရသေးတဲ့အပြင် မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ စားနပ်ရိက္ခာပြတ်လပ်တာတွေလည်း ကြုံတွေ့နေကြရပြီဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “ဘာမှမယူလာနိုင်ဘူး ဆန်နဲ့ ပိုက်ဆံနည်းနည်းဘဲ ပါလာတာ သုံးလလောက်ရှိလာပြီးဆိုတော့ ပါလာတဲ့ဟာ ကုန်ရင် ဘာစားရမှန်းတောင်မသိတော့ဘူး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်”လို့ ဆိုပါတယ်။ ဝူယန်ကျေးရွာဟာ ပြည်သူ့စစ်အဖွဲ့ ဂိတ်အထိုင်ချထားတဲ့ရွာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေက မကြာခနလာရောက်ပစ်ခတ်တာတွေရှိနေတဲ့အပြင် ပြည်သူ့စစ်ဂိတ်ပစ်ခံရတိုင်း ဝိုင်းမော် ခလ၇ ၅၈ တပ်ကနေလည်း ရွာဘက်ကိုလက်နက်ကြီးပစ်ကူတာတွေကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာ၊ အရပ်သားပြည်သူ လက်နက်ကြီးထိမှန်တာတွေကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ကျေးရွာနေပြည်သူတွေဟာ ဒိီနှစ် နှစ်ဆန်းပိုင်းကနေ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ မြစ်ကြီးနား၊ဝိုင်းမော်ဘက်ကို အိမ်ငှားနေထိုင်ကြတာရှိသလို နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်သူတွေရှိနေပါတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ပြည်သူတွေတစ်ချို့က ဝါးရှောင်ကျေးရွာကနေ ၂ နာရီအကြာဆိုင်ကယ်စီးပြီးသွားရတဲ့ ဒိန်ဂျန်ယန်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ လက်ရှိ ဒိန်ဂျာယန်ကျေးရွာက အိမ်ခြံဝန်းတစ်ခုတည်းမှာဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ အိမ်ခြေ ၂၀ ကျော် လူဦးရေ ကလေး ၃၇ ဦးအပေါအဝင် အားလုံးစုစုပေါင်း ၁၀၀ ဦးဝန်းကျင် မိုးကာတဲဆောက်ပြီးနေနေကြတယ်လို့ သိရပါတယ်။ စစ်ရှောင်ကာလ ၃ လဝန်းကျင်ကြာမြင့်လာတဲ့အပြင် အလှူရှင်တွေမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့နေထိုင်နေကြတာဖြစ်ပြီး လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “လာတဲ့ချိန် တဲကတော့ ကိုယ်တဲကိုဆောက်ကြတာပေါ့ အားလုံးပေါင်းပြီး လုံခြုံလားဆိုတော့ မလုံခြုံဘူးပေါ့ မိုးကာကအစပေါ့ မိုးတွင်းဆို ပိုဆိုးလာတယ်။ ပြီးတော့ ဒီမှာ တစ်ယောက်ဖျားပြီဆို အကုန်ဖျားပြီးဘဲ ဆက်တိုက်ဖျားပြီ”လို့ ဆိုပါတယ်။ လတ်တလော ဝူယန်ကျေးရွာပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ဝူယန်ကျေးရွာ အ.လ.က ကျောင်းမှာလည်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။ အလားတူဘဲ KIA ပူးပေါင်းတပ်တွေဘက်က ဝူယန်ကျေးရွာအထက်ဘက် လမြန်နဲ့နမ့်ဝါ၊ မုတ်ကျိတ်ရွာ လမ်းမကြီးတစ်လျှောက်မှာရှိနေကြတာကြောင့် လက်နက်ကိုင်နှစ်ဖွဲ့အကြား ပြည်သူတွေ သွားလာဖိုခက်ခဲနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ကလေးတွေကျောင်းတက်ရမဲ့ အချိန်တွေရောက်လာပေမယ့် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရသေးတဲ့ စစ်ရှောင်ပြည်သူတွေဟာ သား၊သမီးတွေရဲ့ ပညာရေးလည်းပူပန်နေကြရတယ်လို့ ဆိုပါတယ်။ “ကျွန်မတို့ တောင်းဆိုချင်တာက ဒီကကျောင်းတက်တဲ့ သူတွေက ကျွန်မ ရဲ့ သားသမီးတွေတင်မကဘဲ တခြားကလေးတွေရော အများကြီးဆိုတော့ သူတို့ကို ဘယ်လိုကျောင်းပြန်ထားပေးနိုင်ဖို့ ကူညီပေးဖို့ပေါ့ မိုးရာသီဆိုတော့ အစားအသောက်,ကျန်းမာရေးကအစ တော်တော်အခက်အခဲ ဖြစ်လာမယ့်လို့ မြင်တယ်”လို့ ဆိုပါတယ်။ ဝူယန်ဒေသခံတွေဟာ စစ်ရေးအခြေနေအရ တိမ်းရှောင်နေကြရတဲ့အပြင် စာသင်ကျောင်းလည်းပိတ်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ပညာရေးအတွက် စိုးရိမ်နေပြီး တာဝန်ရှိလူကြီးတွေအနေနဲ့ ကူညီပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။ လက်ရှိ KIA/KPDFတွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စစ်ရေး တင်းမာနေတာဖြစ်ပြီး ခလရ(၅၈)တပ်ရင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းတန်း ပစ်ခတ်မှုတွေကြောင့် ဝူယန်ဒေသခံပြည်သူတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာဘဲ ဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရှိတဲ့ ခကွမ်ရွာ၊ဝူယန်၊လဘန်၊လမြန်၊နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင် စတဲ့ကျေးရွာတွေဟာ ဝိုင်းမော်– ချီဖွေ– ဆဒုံးသွားတဲ့ ကားလမ်းမကြီးရဲ့ဘေးဝဲယာမှာ တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ရွာအားလုံးဟာ ရွာချင်းဆက်ထားတာဖြစ်ပါတယ်။ By –…
Read More » -
6 Mayသတင်း
ဂိဒုန်(Gi dawn)စခန်းအပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို နှစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ထားကြောင်း KIA ပြော
ဂိဒုန်စခန်းအပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က နှစ်ရက်အတွင်း အပြီးတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။ မေလ ၅ ရက်နေ့ကနေ ဒီနေ့ထိ KIA တပ်မဟာ…
Read More » -
6 Mayတိုက်ပွဲ
ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ရွာပေါင်း ၃ ရွာထက်မနည်းစစ်ဘေးရှောင်နေရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ တိုက်ပွဲမကြာခဏဖြစ်ပွားလာပြီး စစ်တပ်ဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲနယ်မြေမှာရှိနေတဲ့ ဒေသခံပြည်သူအားလုံးစစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မကြာမခဏလာရောက်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးလှုပ်ရှားနေတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ညတိုင်း ဝိုင်းမော် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနား မြောက်ပိုင်းတိုင်းဘက်က လက်နက်ကြီးတွေရမ်းတမ်းပစ်ခတ်တာကြောင့် လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေကြောင့် ရွာသားတွေ တိမ်းရှောင်ပြီလို့ ဝူယန်ကျေးရွာဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကျနော်တို့ ဝူယန်ကျေးရွာတွေက အားလုံးရှောင်ပြီ။ ရွာမှာ ပြည်သူ့စစ်စခန်းရှိတော့ ခဏခဏ တိုက်ပွဲဖြစ်လို့ ရှောင်ပြီ။ မဒိန်ရွာတွေလည်း ရှောင်တော့ရှောင်ပေမဲ့ ရှောင်လိုက်၊ နေလိုက် ရှိနေပုံပဲ။ သွားလာရင် မဒိန်၊ ခကွမ်ရွာတွေ အိမ်တွေမှာရှိနေကြတာ တွေ့ရသေးတယ်။ ကျနော်တို့တော့ ပြည်သူ့စစ်နဲ့ကပ်ရပ်ဆိုတော့ နေလို့အဆင်မပြေတော့ဘူး။ ၅၈ တပ်ရင်းက လက်နက်ကြီးပစ်တာလည်း ရွာသားတွေကို လာထိတယ်။ စာသင်ကျောင်း၊ ဘုရားကျောင်းတွေမှာလည်း ထိတယ်။” လတ်တလော ဝူယန်ကျေးရွာအပြင်အနီးအနားက မုတ်ကျိတ်၊လမြန်၊ကျေးရွာ ၃ ရွာက ဒေသခံတချို့ နောင်းချိန်း ကျေးရွာဘက်ကိုထွက်ပြေးတိမ်းရှောင်နေပြီး ဝိုင်းမော်မြို့၊ မြို့မရပ်ကွက်ရှိ စစ်ရှောင်စခန်းမှာလည်း အိမ်ခြေ ၁၀၀ ကျော် စစ်ရှောင်နေကြရပါတယ်။ ပြည်သူ့စစ်တပ်စခန်းတည်ရှိရာ ဝူယန်ကျေးရွာက ဒေသခံတွေလည်း အားလုံးတိမ်းရှောင်နေကြပြီဖြစ်ပြီး နေအိမ်မှာကျန်ခဲ့တဲ့ ကြက်၊ ဝက် တိရိစ္ဆာတွေကိုအစာပြန်ကျွေးလိုက်ဖို့ နေ့ချင်းပြန်လာရောက်တာတွေတော့ရှိတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်တွေက ကားလမ်းမတစ်လျှောက်မှာ နေရာယူထားပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်က ပြောပါတယ်။ “ဝူယန်၊ လမြန်ရွာကသူတွေက တစ်ခါတရံ မြောက်ပိုင်းတိုင်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေလည်း ရွာမှာလာကျတယ်။ တချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိလာတယ်။ ဒါကြောင့် ရွာသားတွေက ကြောက်လို့ ရှောင်ကြတာ ဟုတ်တယ်။ အခု ကားလမ်းမတစ်လျှောက် စစ်တပ်နဲ့ပြည်သူ့စစ်တွေနေရာယူထားတယ်။ ဂိတ်အသေးလေးတွေချပြီး နေနေတယ်။ သွားသွားလာလာတော့ ရပေမဲ့ လက်နက်ကြီးတွေလာကျတာရှိတော့ ထွက်ပြေးကြတာဖြစ်တယ်။” ဟု ဝိုင်းမော်မြို့ခံတစ်ဦးကလည်း ပြောပါတယ်။ လက်ရှိမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဘက်ကလည်း ဝူယန်၊ မုတ်ကျိတ်ကျေးရွာအထိ ထိုးစစ်ဆင်လှုပ်ရှားနေပြီး ပြည်သူ့စစ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား စစ်ရေးတင်းမာနေတာ ၂ လကျော်လာပြီဖြစ်ပြီး ဝူယန်ပြည်သူ့စစ်စခန်း မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မတ်လ ၇ ရက်နေ့ စတင်ခဲ့တဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ လနီးပါးမှာ စစ်တပ်ရဲ့စခန်းကြီးငယ်ပေါင်း ၈၀ ထက်မနည်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2024 -24 Aprilသတင်း
ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် နေအိမ်ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်သေဆုံးတာတွေရှိနေ
ဝိုင်းမော်မြို့နယ် ခကွမ်ရွာ(Hka Krum Mare)အနီးမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ပြည်သူပိုင်နေအိမ်တစ်ချို့ထိခိုက်ပျက်စီးတာအပြင် အိမ်မွေးတိရိစ္ဆာန်သေဆုံးတာလည်းရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ မနေ့က တစ်ရက်ထဲမှာပဲ ခလရ ၅၈ တပ်ရင်း လက်နက်ကြီးနဲ့နေ့ညမပြတ် ပစ်ခတ်နေတာကြောင့် လမြန်နဲ့ မုတ်ကြိတ်ကြား…
Read More » -
20 Aprilသတင်း
ချီဖွေ၊ ပန်ဝါဘက်စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီး တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား
ဝိုင်းမော်မြို့ကနေ ချီဖွေ၊ပန်ဝါဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား မနေ့က တစ်ရက်ထဲတိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂ ဖက်တပ် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီတပ်နဲ့ပြည်သူ့အဖွဲ့အင်အား ၁၀၀…
Read More » -
8 Aprilသတင်း
ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ
ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့် ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ၃ ရက်အတွင်းမှာပဲ ဝူယန်ပြည်သူ့စစ်တပ်ချထားတဲ့ကျေးရွာအပါတစ်ဆက်တည်းရှိကြတဲ့ လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာက လူနေအိမ် ၁၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင်သွားတယ်။ နောက်တစ်ညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၃ အိမ်ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့”လို့ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ညပိုင်းမှာ ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်တဲ့ ဦးငွါးဟူဆာရဲ့ နေအိမ်ကို KIA နဲ့ PDF အဖွဲ့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက်ည ၆ ရက်နေ့မှာ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧပြီလ ၇ နေ့ မနက်ပိုင်းမှာ ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်မှာ နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး နေ့လည်ပိုင်းမှာ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်ပြီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ၃ ရက်အတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ဝူယာန်၊ လမြန်နဲ့ မုတ်ကျိတ် စတဲ့ ကျေးရွာတွေထဲက နေအိမ် ၁၄ လုံး ၂ ဖက်တပ်စစ်ရေးတင်းမာနေရာကနေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မဖြစ်ပွားသေးချိန် ဝူယာန်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းအရင်ဦးဆုံးတိုက်ခိုက်ခံရပြီးတော့ တစ်ဆက်တည်း ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၃ လုံးဟာ ဝူယာန်ကျေးရွာ နယ်မြေ(၂) ရွာမရပ်ကွက်ရှိ ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ ဦးလဂန်ခေါင်ဇေ စတဲ့ နေရာအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံရတဲ့ ထော့ဂေါ့ ဆိုတဲ့ လီဆူရွာဘက်မှာလည်း နေအိမ်မီးရှို့မှုမဖြစ်ခင် မနက်ပိုင်းမှာစစ်ကောင်စီတပ်အပါ ဝူယန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းမှာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာပဲ ဝါးရှောင်(Washawng Mare)ကျေးရွာအထက် ဝရှဂါးဘွမ့်(ဒေသအခေါ်) ဘက်မှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် နေ့လည် ၁၂ နာရီလောက်မှာ KIA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်နေ ဂျက်လေ ၂ စီးအပြင် Y – 12 လေယာဉ်အမျိုးအစား အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်းရှိခဲ့ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်တပ် ၂ ဖက်စလုံး နေအိမ်မီးရှို့တာတွေ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဝိုင်းမော်ဒေသမှာ တစ်ဖန်ပြီး ၂ ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ဝိုင်းမော်မြို့နယ်ထဲမှာ အခိုင်အမာရှိနေတဲ့ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမှာကို စစ်တပ်ဘက်က စိုးရိမ်နေတဲ့အပြင် KIA က တိုက်ခိုက်လာရင်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ မြင်တွေ့ရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုနေပါတယ်။ “အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကတိုက်ခိုက်လာဆိုပြီး စိုးရိမ်နေတာရယ်။ ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာဖြစ်အောင်ရယ်၊ ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်”လို့ပြောပါတယ်။…
Read More » -
7 Aprilသတင်း
ဝူယန်မှာ KIA နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးပြည်သူ့စစ်အဖွဲ့မီးရှို့
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့နဲ့ပတ်သက်တယ်လို့ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူစစ်အဖွဲ့ မီးရှို့ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဝူယန်ပြည်သူ့စစ်ဂိတ်ပစ်ခံရချိန် တစ်ဆက်တည်း ဝူယန်ပြည်သူ့စစ်ခေါင်းဆောင် ဦးငွါးဟူဆာအိမ်…
Read More » -
4 Aprilသတင်း
ဧရာဝတီမြစ်ကမ်းဘေး လဘန်ရွာမှာစစ်ရှောင်နေတဲ့ ပြည်သူတွေ သောက်သုံးရေအခက်ခဲကြုံနေ
ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာ ဧရာ၀တီမြစ်ကမ်းနားဘေးမှာစစ်ဘေးရှောင်နေရတဲ့ အောင်မြေ ၂ ကျေးရွာက စစ်ရှောင်ပြည်သူများ သောက်သုံးရေအခက်အခဲကြောင့် ဒုက္ခကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကဆီကနေ သိရပါတယ်။ “ရေအရမ်းခက်တယ် သုံးဖို့နဲ့ သောက်ဖို့ရေ ဒုက္ခကြုံနေတယ်။ လောလောဆယ်တော့ ရွာကအသင်းတော်ဝင်းက ရေတွင်းထဲကရေကို မော်တာနဲ့စုပ်ယူပြီး စစ်ရှောင်စခန်းမှာ မိုးကာနဲ့ရေလောင်ကန်လုပ်ထားပြီး ဝိုင်းသုံးနေတယ်။ အခုလူကများ ၊ မီးလည်းမလာတော့ ရေက သုံးဖို့မလောက်တော့ဘူး ရေအရမ်းခက်နေတယ်”လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြား ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် အောင်မြေ ၂ ကျေးရွာမှာ ဒေသခံပြည်သူ ၁ ထောင်ကျော်ကို စစ်တပ်က တိုက်ပွဲကြား ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်ခန့်ကြာပိတ်မိခဲ့တဲ့ဒေသခံပြည်သူတွေကို မတ်လ ၁၃ ရက်နေ့မှာတော့ ကချင်နှစ်ခြင်းခရစ်ယန်အသင်းတော် KBC နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်ထုတ်ခေါ်ယူနိုင်ခဲ့ပြီး တချို့ကိုတော့ စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်စခန်းမှာ ယာယီနေရာချာထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်ကနေ လဘန်ကျေးရွာအသင်းတော်ဝင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက်ထပ်မံပြီး ဧရာ၀တီမြစ်ကမ်းနားဘေးက အသင်းတော်ပိုင်စိုက်ပျိုးခြံတစ်ခုမှာမိုးကာတဲအဆောင်တွေဆောက်လုပ်ပြီး နေရာချထားပေးထားဖြစ်ပါတယ်။ လက်ရှိ ဧရာ၀တီမြစ်ကမ်းဘေးမှာနေရပေမယ့် ဧရာ၀တီမြစ်ရေကို ချက်ပြုတ်ရေ၊ သုံးစွဲရေအဖြစ်အသုံးပြုဖို့ပင် မြစ်ရေက အလွန်ညစ်ညမ်းတာကြောင့်အသုံးပြုလို့အဆင်မပြေဘူးလို့ ပြောပါတယ်။ဒါကြောင့် တိမ်းရှောင်နေတဲ့နေရာမှာတင် စစ်ရှောင်တွေအတွက် အရေးပေါ်ရေတွင်းတူးပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ တောင်းဆိုပါတယ်။ “ရေခက်တော့ ဧရာ၀တီမြစ်ကနေ ပြန်ခပ်ယူ သုံးစွဲနေတယ်။ ရေချိုး၊ဆေးကြော ချက်ပြုတ်ရေအဖြစ်အသုံးပြုတယ်။ ဒါပေမဲ့ မြစ်ရေက အင်မတန်ညစ်ညမ်းတော့ ဒီလိုအသုံးပြုနေလို့လည်း အဆင်မပြေဘူး။ အက်ဆစ်ဓါတ်ပါတယ်အမျိုးမျိုးပြောတော့လည်း စိုးရိမ်တယ်။ ဒါကြောင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်။ ရေတွင်းလည်းမရှိဘူး။ ကျနော်တို့ လူ ၆၀၀ ကျော်ရှိတာကြောင့် ဖြစ်နိုင်ရင် အဝီစိရေတွင်းပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု သူကဆက်ပြောပါတယ်။ အခုလို ဧရာ၀တီမြစ်ကမ်းဘေးမှာ ရှိနေပေမဲ့ မြစ်ရေအသုံးပြုလို့မရတော့တဲ့အခြေအနေထိဖြစ်သွားတာဟာ ကချင်မှာ ရွှေတူးဖော်မှု၊ သတ္တုမြေရှားတူးဖော်မှုနဲ့ တရုတ်တစ်ရှူးငှက်ပျော်စိုက်ပျိုးရေးတွေ ပိုမိုဆိုးရွာလာခဲ့တာကြောင့် မြစ်ရေဟာ ဓာတုဓါတ်ပါဝင်တဲ့ အက်ဆစ်ရေအဖြစ် ပြောင်းလဲစီးဆင်းပြီး ညိုညစ်နေပြီဖြစ်တာကြောင့် သုံးစွဲလို့မရတော့တာလို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ “ရေအရင်းအမြစ်တွေမှာ ရွှေတူးဖော်မှုတွေကြောင့် ပတ္တားပျော်ဝင်စီးဆင်းတယ်၊ မြေရှားသတ္တုအင်မတန်တူးဖော်တာကြောင့် အက်စစ်တွေပျော်ဝင်တယ်။ အဲ့ဒါအပြင် ဓာတုပစ္စည်းအသုံးပြုပြီး အကြီးစားစိုက်ပျိုးခင်းတွေ တရုတ်တစ်ရှူးလိုမျိုးတွေ ပိုမိုဆိုးရွားလာတယ်။ အဓိက ဒီရေတစ်ခုက သုံးစွဲလို့မရဘူးဆိုတာ လူတိုင်းအမြင်အားဖြင့် အရင်မြင်တွေ့နိုင်တယ်။ ဧရာ၀တီမြစ်ဟာ ၁၂ ရာသီ ကော်ဖီ၊ လက်ဖက်ရည် ဖျော်ထားတဲ့အရောင်အဖြစ် ပြောင်းလဲစီးဆင်နေသလို ဓာတုဓါတ်များစွာပါဝင် ညစ်ညမ်းတဲ့မြစ်ရေဖြစ်သွားတာကြောင့် သုံးစွဲလို့မရတော့ဘူး” ဟု သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာ ဒီစစ်ရှောင်တွေဟာ ကြိုတင်ပြင်ဆင်မှုမရှိပဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင် လွတ်မြောက် လာသူတွေဖြစ်တာကြောင့် စောင်နဲ့ အဝတ်အစားတွေ အလုံအလောက်မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိ အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာယူတပ်စွဲထားပြီး ဒေသခံပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကိုလည်း ဝင်ရောက်မွေနှောက် သယ်ယူ ထုတ်ယူလိုက်တာတွေကြောင့် နေအိမ်ပစ္စည်းဆုံးရှုံးရသူအမြောက်အများရှိတယ်လို့ ပြောပါတယ်။ လက်ရှိ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် တိုက်ပွဲကြောင့် ဒီကျေးရွာ ၃ ခု ဒေသခံပြည်သူတွေဟာ တချို့က မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေထဲ အသိဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး တချို့က စစ်ရှောင်စခန်းတွေထဲ၊ တစ်ချို့က နောင်းခီကျေးရွာနဲ့ နောင်းချိန်း–လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား လက်ရှိ မြစ်ကြီးနား ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် နဲ့ ဝိုင်းမော်မြို့ တွေ စစ်ရေးဆက်လက်တင်းမာနေပြီး ဗန်းမော်မြို့နယ်ထဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Mar- 2024 -28 Marchသတင်းဆောင်းပါး
စစ်ကောင်စီ ကင်းစင်နယ်မြေ
ပြီးခဲ့တဲ့ ၁၀ နှစ်တာ ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ကို နေ့ညမပျက်ခြိမ်းခြောက်ပြီး ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်ကောင်စီတပ်ရဲ့ သက်တမ်းကြာ ဗျူဟာမြောက်တပ်စခန်း ၄၀ လောက်ကို ရက်ပေါင်း ၂၀ ကျော်အတွင်း KIA နဲ့ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် KIO ဌာနချုပ်နယ်မြေဟာ အရင်က မရရှိခဲ့ဖူးတဲ့ စစ်ကောင်စီ စကခ ကင်းစင်နယ်မြေ ဖြစ်သွားသလို လက်ရှိမှာတော့ သေနတ်သံတွေဟာ…
Read More » -
20 Marchသတင်း
စန်းကားကျေးရွာအနီးက ခန်လုံးတံတားကို စစ်တပ်ကဖောက်ခွဲဖျက်ဆီး
ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာနဲ့ ရွာပေါင်း ၂၀ ဝန်းကျင် မှီခိုသွားလာနေတဲ့ ခန်လုံးတံတား(Hkang Lung mahkrai) ကို စစ်ကောင်စီတပ်ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၁၉ မနေ့ညပိုင်း စန်းကားကျေးရွာအနီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က အဲ့ဒီတံတားကို ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်တယ်လို့ စန်းကားဒေသခံတွေပြောပါတယ်။ “ရွာအနီး တိုက်ပွဲအရင်ဖြစ်တယ် မနေ့ညဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်က အထိနာတယ် ပြောတာပဲ ဒါကြောင့် ထင်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး ပေါက်ကွဲသံကြားတယ်။ ကျမတို့က တိုက်ပွဲဖြစ်တာနဲ့ ပြန်ပြေးသွားတာ။ မနက်ကျမှ စစ်တပ်က စန်းကားရွာအောက်ပေါ့ အဲဒီ ခန်လုံး(Hkanglung mahkrai)တံတားကို ဖောက်ခွဲလိုက်ပြီဆိုတာ ပြန်သိရတယ်”စန်းကားဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ အဲဒီတံတားဟာ စန်းကားကျေးရွာရဲ့ အောက်ဘက် ၄ မိုင်လောက်အကွာမှာရှိပြီး အင်လုံခချောင်း(Nlung hka)ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ချောင်းကူးတံတားဖြစ်ပါတယ်။ အဲ့ဒီတံတားနီးမှာ စင်ကြိုင်အမည် တစ်ရှူးငှက်ပျောအလုပ်ရုံကုမ္မဏီတစ်ခုရှိပြီး မနေ့ည တိုက်ပွဲဖြစ်ပွားချိန် အလုပ်ရုံထဲကို လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အလုပ်သမား ၃ ဦးလည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို အလုပ်ရုံအဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ ဆက်လက်သိရပါတယ်။ လက်ရှိ စစ်တပ်ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ တံတားရဲ့ အောက်ဘက်တစ်ဖက်ခြမ်းမှာ ဒေသခံပြည်သူတွေရဲ့ လယ်ယာ၊ ခြံတွေနဲ့ စိုက်ပျိုးအခင်းတွေများစွာရှိပြီး ရွာသားတွေ ပုံမှန် သွားလာလှုပ်ရှား အားကိုးနေရတဲ့ ရွာချင်းဆက် တံတားတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဒီတံတားဟာ ဧရာ၀တီမြစ်ကမ်းဘေး ခတ်ချိုရွာ၊ နောင်ဟီးရွာနဲ့ စန်းကားကျေးရွာ၊ ခန်လုံးရွာ ( Hkanglung) ၊ လောဆာရွာ၊ တာစန်း (Da jang) ၊ မိုင်းမော စတဲ့ကျေးရွာတွေအပါအဝင် ရွာပေါင်း ၂၀ ဝန်းကျင်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုံမှန် သွားလာ အားထားနေတဲ့ ချောင်းကူး ကွန်ဂရစ်တံတားတစ်ခုလည်း ဖြစ်ပါတယ်။ အခုလို ဒေသခံပြည်သူတွေ အားကိုးပြီး ဖြတ်သန်းသွားလာနေတဲ့ တံတားကို စစ်တပ်ကဖျက်ဆီးလိုက်တာဟာ အဲ့ဒီအနီးနားတဝိုက်က ဒေသခံပြည်သူတွေအတွက် အခက်အခဲ ၊ ဒုက္ခကြုံတွေ့စေပြီလို့ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပါတယ်။ “အဲ့ဒီလမ်းက ရွာခံတွေ ခြံသွား၊ လယ်သွား၊ တောင်ယာသွား စသဖြင့် သွားလာနေတဲ့လမ်းဖြစ်တယ်။ အဲဒီတံတားရှိခြင်းကြောင့်သာ သွားလာရေးအဆင်ပြေနေတာ။ မဟုတ်ရင် ဟိုး…မြစ်ကနေ ခက်ခက်ခဲခဲစက်လှေနဲ့သွားရတာ။ အခုတံတားပျက်သွားတော့ တော်တော်ဒုက္ခရောက်ပြီ။ ရွာချင်းဆက်ထားတဲ့ တံတားဆိုတော့ အောက်ဘက် ကျေးရွာသေးသေးလေးတွေ များတယ်။ အားလုံးက ခြံလုပ်၊ လယ်လုပ်၊ အခင်း၊တောင်ယာ အားလုံးက တံတားဟိုဘက်မှာပဲ လုပ်ကြတာ။ တံတားပြန်မလုပ်ပေးမချင်းတော့ တော်တော်အခက်အခဲဖြစ်သွားပြီ။” ဟု သူကပြောပါတယ်။ ဒါ့အပြင် အဲဒီအနီးနားတဝိုက် တရုတ်သစ်ရှူးငှက်ပျောခြံအမြောက်အများရှိပြီး သစ်ရှူးငှက်ပျောတင်ကားတွေလည်း ပုံမှန်ဖြတ်သန်းသွားလာနေတဲ့ လမ်းဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက ဒီ စန်းကား– ခန်လုံး(Hkanglung) တံတားကို ဖောက်ခွဲ ဖျက်ဆီးလိုက်တာနဲ့ အဲ့ဒီအနီးနားတဝိုက် KIA နဲ့ PDF တွေ လှုပ်ရှားသွားလာလို့မရအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဒေသခံအမျိုးသားက အခုလို သုံးသပ်ပါတယ်။ “ဒီလိုဖောက်ခွဲလိုက်တဲ့သဘောက KIA/PDF တွေ အမြန်ဒီဘက်ခြမ်ကို လာလို့မရအောင်ဖြစ်နိုင်တယ်။ အင်လုံခ ဟိုဘက်ကမ်း တာလောကြီးဘက်က KIA/PDF တွေ နေရာယူ လှုပ်ရှားနေတဲ့သတင်း သူတို့သိတော့ ဒီဘက်ကို လှုပ်ရှားလာပြီး ဝင်လာလို့မရအောင် တံတားကို ဖောက်ခွဲလိုက်တယ်လို့ မြင်တယ်။” ဟု သူကပြောပါတယ်။ ဧရာ၀တီနောက်ဘက်ခြမ်း ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် တစ်ကြော စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာလျက်ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် စန်းကားကျေးရွာနေပြည်သူအများပိုင်းကတော့ လက်ရှိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်ပါတယ်။ By…
Read More »









