ဝိုင်းမော်

  • Mar- 2024 -
    15 March
    သတင်း

    မိုင်းနားမှာ တုံဖုံးကားအချင်းချင်းတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနားကျေးရွာမှာ တုံဖုံးကား ၂ စီးတိုက်မိပြီး ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ် လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီနေ့လည် ၁နာရီ ၁၅မိနစ်ဝန်းကျင်အချိန် မိုင်နားကျေးရွာ လမ်းဆုံတစ်နေရာမှာ…

    Read More »
  • 13 March
    သတင်း

    ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူတွေ ကယ်ထုတ်နိုင်

    တိုက်ပွဲကြောင့် ၅ ရက်ခန့်အကြာ ပိတ်မိနေတဲ့ အောင်မြေ(၂) ဒေသခံပြည်သူ ၇၀၀ ဝန်းကျင်ကို မတ်လ ၁၃ ရက် ဒီကနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကယ်ထုတ်နိုင်ခဲ့ပြီလို့သိရပါတယ်။ ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်နိုင်အောင်…

    Read More »
  • 13 March
    သတင်း

    ဝိုင်းမော်မှာ KIA တပ်ဆုတ်ထားပေမယ့် စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေဆဲ

    ဝိုင်းမော်မြို့နယ် အောင်မြေ(၁)၊ အောင်မြေ(၂) ကျေးရွာတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် တွေက ထိုးစစ်ဆင်တိုက်ခိုက်တာမရှိတော့ပေမယ့် စစ်တပ်ဘက်ကနေ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း…

    Read More »
  • 9 March
    သတင်း

    ဝိုင်းမော်တိုက်ပွဲမှာ ဒေသခံ တစ်ထောင်ကျော် ပိတ်မိနေ

    တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားဘက်သွားလမ်းတွေပိတ်ထားပြီး အောင်မြေ ၁ ၊ အောင်မြေ ၂ နဲ့ ရွှေညောင်ပင် အနီးတဝိုက်က ကျေးရွာဒေသခံ ပြည်သူ တစ်ထောင်ကျော် ထွက်လို့မရပဲ ပိတ်မိနေတယ်လို့ အောင်မြေ ၁ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာသားတွေလည်း ထွက်လို့မရတော့…

    Read More »
  • 7 March
    သတင်း

    မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနား–ဗန်းမော်ကားလမ်းပိုင်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်စစ်ကောင်စီတပ် စခန်းနဲ့ မိုးမောက်နယ်ထဲက နွမ်လန်း၊…

    Read More »
  • 7 March
    သတင်း

    ပြည်သူ့စစ် ခေါင်းဆောင် ဦးရွှေမင်း စီးလာတဲ့ကားကို KIA တိုက်ခိုက်မှုမှာ ဦးရွှေမင်းသေဆုံး

    ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခံလိုက်တဲ့အတွက် ဦးရွှေမင်းပွဲချင်းပြီး သေဆုံးသွားပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဦးရွှေမင်းဟာ ရွှေညောင်ပင်ကျေးရွာ ခမရ ၃၂၁ စခန်းမှာ နေထိုင်တာဖြစ်ပြီး မတ်လ ၇…

    Read More »
  • Feb- 2024 -
    22 February
    သတင်း

    စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC  ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင် ရိက္ခာအပြည့်တင်ထားတဲ့ကားအစီး ၅ စီးနဲ့အတူ ဆမားဇုံနယ်အသင်းတော်ရုံးထဲကို ဝင်ရောက်နေရာယူထားတယ်လို့ ကဇူးဒေသခံတွေပြောပါတယ်။ “ရိက္ခတင်ကားတွေဝင်ပြီး ရိက္ခာပစ္စည်းတွေချပြီး နေနေတယ် သေနတ်တွေအရင်ပစ်ဖောက်ပြီး ဝင်လာတယ်။ အဲ့နောက်တော့ အဲ့ဒီ ဆမားဇုံနယ်ရုံးထဲ ဝင်နေနေတာပဲ။ ရိက္ခာတင် ကားကြီး ၃ စီး၊ ဘတ်ဖောတင်တဲ့ ကားကြီးနဲ့ ဘတ်ဖောတစ်စီးလည်းပါတယ်။သူတို့ ဟိုဘက် ဆမားလမ်းခွဲဘက် ဆက်လက်ချီတက်သွားဖို့ထင်တယ်။” လို့ ကဇူးဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က စစ်အင်အား၊ ရိက္ခာအပြည့်အစုံနဲ့ ဂါးရာယန်နဲ့ ကဇူးရွာထဲဝင်ရောက်လာချိန် သေနတ်ပစ်ဖောက်ပြီး အရင်ဝင်လာရောက်လာကာ ကဇူးကျေးရွာရှိ KBC အသင်းတော်ရုံးထဲကို ယာယီဝင်နေရာယူနေခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒီစစ်ကြောင်းတွေဟာ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ဦးတည်ချီတက်လာတဲ့ စစ်ကြောင်းတွေဖြစ်ပြီး မလိယန်၊ ကကမ်ဘွမ်စတဲ့ စစ်ကောင်စီတပ်စခန်းတွေဆီ ရိက္ခာပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ “သူတို့ရဲ့အခြေအနေကို ခန့်မှန်းကြည့်ရသလောက် ဟိုဘက်ကို ရိက္ခာပို့ဖို့လုပ်နေတယ်။ ဆမားလမ်းခွဲဘက် ချီတက်သွားဖို့ထင်တယ်။ အမြဲတမ်းစစ်တပ်တွေ အဲ့ဒီဆမားလမ်းခွဲရောက်တာနဲ့ သေနတ်သံမြည်မြည်လာတယ်။ သူတို့လည်း အဲ့ဘက်ကို ခြေလျင်နဲ့ဖြတ်ဖို့ တော်တော်ခက်နေပုံရတယ်။ ဆမားလမ်းခွဲကနေ ဟိုဘက်ကို သူတို့မဖြတ်နိုင်ပဲခက်နေတာ လချီရှိလာပြီလေ။ အခုဒီမနက်ကစပြီး ပြန်ပြီးလှုပ်ရှားစလာတာပေါ့။” လို့ နောက်ထပ် ကဇူးဒေသခံတစ်ဦးကလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်သွားလမ်းဘက်ရှိကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေဆီ ရိက္ခာတွေပို့ဆောင်ပေးနိုင်ဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ကဇူးကျေးရွာနဲ့ ဒဘတ်ကျော်တာနဲ့ ဆမားလမ်းခွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ပုံမှန်ကြားဖြတ်တိုက်ခိုက်လျက်ရှိတာကြောင့် စစ်တပ်ဘက်က ဖြတ်ကျော်နိုင်ဖို့ခက်ခဲနေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဒဘတ်ကျေးရွာကနေ ၁ မိုင်လောက်အကွာမှာရှိတဲ့ ဆမားလမ်းခွဲမှာ အရင်ကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူတပ်ချခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ဇူလှိုင်မှာဖြစ်ပွားခဲ့တဲ့ နမ်ဆန်ယန်ဘက်တိုက်ပွဲပြင်းထန်ခဲ့ချိန်ကတည်းက စစ်တပ်တွေဆုတ်ခွာသွားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အဲ့ဒီဆမားလမ်းခွဲတစ်ဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDFတပ်ဖွဲ့တွေနေရာယူထားပြီး မလိယန်၊ ဂျာပူ နဲ့ ကကမ်ဘွမ်ဘက်ကို ရိက္ခာပို့ဖို့ နဲ့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒဘတ်ရွာ တံတားကျော်လာတာနဲ့ ပုံမှန်ကြားဖြတ်တိုက်ခိုက်တာကြောင့် အဲ့ဒီနေရာတစ်ဝိုက် တိုက်ပွဲပုံမှန်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ “အခုအရမ်းစိုးရိမ်နေတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လာရင်က ရွာသားတွေအတွက် လုံခြုံရေးပိုမရှိလာနိုင်ဘူး။ တိုက်ပွဲကအချိန်မရွေးပြင်းထန်လာနိုင်တော့ ရွာသားတွေလည်း ဇဝီဇဝါ စိတ်ခံစားရခက်နေတယ်။ အခုသူတို့က အသင်းတော်ပိုင်ရုံးတွေထဲ နေရာယူတပ်ချတာတွေပြုလုပ်လာတော့ အမျိုးမျိုး၊အဖက်ဖက်ကတွေးပြီး စိုးရိမ်နေကြတယ်။ အခုသူတို့က ဟိုဘက်ကို ရိက္ခာပို့နိုင်အောင်ကြိုးစားပြီး တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်။” လို့ ကဇူးဒေသခံတစ်ဦးကဆက်ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဆမားလမ်းခွဲကနေရအောင်ဖြတ်ကျော်ပြီး  ဘတ်ဖောနဲ့လမ်းတွေဖောက်ကာ စစ်တပ်စခန်းတွေဆီ ရိက္ခာပို့နိုင်အောင် ပြင်ဆင်လာခြင်းဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ဇွန်၊ ဇူလှိုင် လကတည်းကစပြီး စစ်ကောင်စီဘက်က နမ်ဆန်ယန်ဘက်ကို စစ်အင်အား၊ ရိက္ခာတွေ ဖြည့်ဖို့ ထိုးစစ်ဆင်လှုပ်ရှားနေပေမဲ့ ကန်ဒေါင်ယန်နဲ့ လွယ်လုံအောင်ဂျာ တပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က မြေပြင်ကနေ နမ်ဆန်ယန်လမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားနိုင်ဖို့ ခက်ခဲသွားတာလည်း ဖြစ်ပါတယ်။ By –…

    Read More »
  • 21 February
    သတင်း

    ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ကျောင်းဆရာတစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ ညနေ ၄ ခွဲဝန်းကျင် ဝိုင်းမော်မြို့ အမှတ် ၂ ရပ်ကွက် ဝါရှောင်ဘက်သွားတဲ့လမ်းမကြီး KBC ဘုရားကျောင်းနဲ့…

    Read More »
  • Jan- 2024 -
    30 January
    သတင်း

    တိုက်ပွဲဆက်တိုက်ပြင်းထန်နေတာကြောင့် ကဇူး – ဒဘတ်ရွာဒေသခံများ ထပ်ပြီးတိမ်းရှောင်

    ဝိုင်းမော်မြို့နယ် ကဇူး - ဒဘတ်ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နေရပ်ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ဒေသခံပြည်သူတချို့ ထပ်ပြီးတိမ်းရှောင်ကြရလို့  ကဇူးဒေသခံတွေဆီကနေ သိရတယ်။

    Read More »
  • 29 January
    သတင်း

    ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် နေအိမ်ပစ်ခတ်ခံရ 

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ စစ်ကောင်စီလက်အောက် လော်ဝေါ်အမည်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ရဲ့ (Latsa Hkawng Dau)နေအိမ်ပစ်ခတ်ခံရပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အောင်မြေ(၁) ကျေးရွာ ရပ်ကွက်(၅)ထဲမှာ ပြည်သူ့စစ်အင်အား ၂၀ ဝန်းကျင်လောက်နဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ဦးလစားခေါင်ဒေါင်ရဲ့နေအိမ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့တွေက ဇန်နဝါရီလ ၂၈ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တိုက်ခိုက်ခံရမှုကြောင့် ဦးလစားခေါင်ဒေါင်အပါ သူ့ရဲ့ သားဖြစ်သူနဲ့ လက်အောက်ခံတပ်သား စုစုပေါင်း ၅ ယောက် ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အောင်မြေ(၁)ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ည ၁၁ နာရီဝန်းကျင်လောက်မှာဖြစ်သွားတာဟုတ်တယ်။ အဲဒီဖြစ်ပွားတဲ့ည မှာပဲ ရွာလူကြီးတွေနဲ့အတူ သွားကြည့်ကြတော့ အိမ်ရဲ့သွပ်ခေါင်မိုးတွေ ပေါက်ပြဲသွားတယ်။ နောက်အိမ်ခြံဝင်းရဲ့ တပ်ခြံတွေလည်း ပျက်စီးသွားတယ်။ ကျောင်းနဲ့ နီးတော့ ကျောင်းနံရံလည်ထိထားတာတွေ့ရတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့အနီးတဝိုက်မှာလည်း ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေရဲ့ သွေးစွန်းထားတာတွေလည်းတွေ့ရတယ်”လို့ ပြောပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ ဦးလစားခေါင်ဒေါင်ကတော့ သူ့ရဲ့ ခြေတစ်ဖက်မှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးတော့ သားဖြစ်သူကဖုန်းသုံးနေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မျက်နှာနဲ့ တစ်ချို့နေရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။ လက်ရှိ ဦးလစားခေါင်းဒေါင်အပါ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ၅ ယောက်လောက်ကို စစ်တပ်နေရာမှာဆေးကုသခံယူနေတယ်လို့ သိရပြီး ပစ်ခတ်ခံရတဲ့ နေအိမ်ကိုလည်း စစ်တပ်နဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က သွားရောက်ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့သိလည်းသိရပါတယ်။ KIA ဘက်က နေအိမ်ကို သွားရောက်ပစ်ခတ်ချိန်မှာ ဦးလစားခေါင်ဒေါင်ရဲ့ အိမ်ဝင်းထဲမှာ လူ အယောက် ၂၀ လောက်က စုပုံနေပြီးပါတီပွဲလုပ်နေတဲ့အချိန်သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုလို ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင် ပစ်ခတ်ခံရတာဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကနေ ဝိုင်းမော်ဒေသထဲမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ဒေသအတွင်းအမှာ မတည်အငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာကြောင့် KIA ကနေ သွားရောက်သတိပေးခဲ့တာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံအမျိုးသားက သုံးသပ်ပြောဆိုပါတယ်။ “ဘာလို့တိုက်ခိုက်ခံရတာလည်းဆိုတော့ ဒေသခံတွေကို ရွှေမင်းပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး ဖမ်းဆီးတာတွေ လုပ်တယ်။ ပြီးရင်ပိုက်ဆံကောက်၊ ခြယ်လှယ်နေတာအရမ်းကြာပြီ။ ပြီးရင် KIA ဘက်ကလည်း တာကို စောင့်ကြည့်နေတာ လို့ထင်တာ။ တာကြောင့် သတိပေးတဲ့ ပုံစံနဲ့ သွားပစ်လိုက်တာလို့ပဲကြားပါတယ်”လို့ပြောပါတယ်။ ဦးလစားခေါင်ဒေါင်ဟာ ဝိုင်းမော်မြို့နယ်ထဲမှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်လို့ ယူဆရတဲ့ ပြည်သူတွေကို နေအိမ်ထဲဝင်ရောက်ဖမ်းဆီးတာတွေ ပုံမှန်လုပ်ဆောင် နေပြီး မိသားစုဝင်တွေကို ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းတာတွေလုပ်ဆောင်နေတယ်လို့ အောင်မြေ(၁)ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဦးလစားခေါင်ဒေါင်က ဝိုင်းမော်ဒေသမှာ လော်ဝေါ်လူမျိုးရဲ့ အမည်နာမကို အသုံးပြုပြီးတော့ လော်ဝေါ်ပြည်သူ့စစ်ခေါင်းစဉ်အောက်မှာ ပြည်သူ့စစ်ဖွဲ့စည်းဖို့ရန်အတွက် ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး အင်အား နည်းနေသေးတာကြောင့် ဦးရွှေမင်းရဲ့ အကာအကွယ်အောက်မှာရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ အောင်မြေ(၁) ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဦးလစားခေါင်ဒေါင်ဟာ ဝိုင်းမော်ဒေသမှာ ဦးရွှေမင်းပြည်သူ့စစ်အဖြစ် ရပ်တည်နိုင်ဖို့ရန်အတွက် ဦးရွှေမင်းရဲ့အောက်မှာထောက်ပံ့ပေးနေတဲ့ ၁၀ ယောက်ကျော်ရှိတဲ့ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဦးလစားခေါင်ဒေါင်အပါအဝင် လော်ဝေါ်လူမျိုးထဲကခေါင်းဆောင်တစ်ချို့ဟာ လော်ဝေါ်အမည်ခံပြီး ပြည်သူ့စစ်ဖွဲ့ဖို့ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့နှစ်မှာ နိုဝင်ဘာလမှာလော်ဝေါ်စာပေယဉ်ကျေးမှုဗဟိုကော်မတီကနေ နိိုင်ငံရေး၊လူမူရေးနဲ့တစ်ခြားအသင်းအဖွဲ့များဖွဲ့စည်းတည်ထောင်ရာမှာ လော်ဝေါ်မျိုးနွယ်စုအမည်နာမကို သုံးစွဲဖို့ခွင့်မပြုဘူးလို့ တရားဝင်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button