TNLA
-
Dec- 2023 -12 Decemberသတင်း
နမ့်ဆန်မှာ စစ်ကောင်စီရဲ့တပ်စခန်းတွေသိမ်းပိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဆန်ရဲစခန်းအပါအဝင် စခန်းပေါင်း ၃ ခုကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဘက်က နမ့်ဆန်မြို့နယ်ဘက်ကို မန်တုံ ၁၃၀ တပ်စခန်းကနေ…
Read More » -
11 Decemberသတင်း
နမ့်ဆန်နဲ့လားရှိုးက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို TNLA သိမ်းပိုက်
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ထပ်ပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်မှာပဲ နမ့်ဆန်မြို့နယ်က လွယ်ဆိုင်တပ်စခန်းနဲ့ရဲစခန်းကို…
Read More » -
8 Decemberသတင်း
KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး
ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…
Read More » -
6 Decemberသတင်း
နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ
“အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။
Read More » -
Nov- 2023 -20 Novemberသတင်း
တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားနိုင်တဲ့ နမ့်ခမ်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေ
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာ ၅ ရက်ဆက်တိုက်ရှိလာပြီးတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းရော မြေပြင်ကနေပါ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက နမ့်ခမ်းမြို့တွင်း စစ်ကောင်စီတပ်နဲ့…
Read More » -
Oct- 2023 -27 Octoberတိုက်ပွဲ
ရှမ်းမြောက် မြို့နယ် ၅ မြို့နယ်မှာ စစ်ကောင်စီရဲ့ ဗျူဟာစခန်းများ တစ်ပြိုင်နက်တိုက်ခိုက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၅ မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာကျစခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဒီကနေ့ နံနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆီကနေ သိရပါတယ်။ ကွတ်ခိုင်၊ နမ့်ခမ်း၊ လားရှိုး၊ မုံးစီး- မုံးကိုးမြို့၊ လောက်ကိုင်-ရှင်းရွှေဟော်…
Read More » -
Sep- 2023 -26 Septemberတိုက်ပွဲ
နမ့်ဖတ်ကာမှာ စစ်တပ် နဲ့ TNLA တိုက်ပွဲဖြစ်ပွားနေ
နမ့်ဖတ်ကာမှာ စစ်တပ်နဲ့ တအောင်းတပ်မတော် TNLA တပ်တို့ လက်နက်ကြီးနဲ့အပြန်အလှန်ပစ်ခတ်နေလို့ စာသင်ကျောင်းနဲ့စျေးတွေအားလုံး ပိတ်ထားရပြီး ဒေသခံတွေအတွက်လုံခြုံရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ဒီမနက် ၁၁ နာရီခန့် နမ့်ဖတ်ကာမှာအထိုင်ချနေတဲ့ ခလရ ၁၂၃ တပ် ကို TNLA ဘက်က လက်နက်ကြီးနဲ့ တပ်စခန်းအတွင်းထဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး…
Read More » -
20 Septemberသတင်း
ခိုမုန်းရွာအနီး စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် TNLA တို့တိုက်ပွဲဖြစ်နေတဲ့အပြင် စစ်တပ်ကနေ နမ့်ဖတ်ကာကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၀ ရက် ဒီနေ့ ညနေပိုင်း ၃ နာရီခွဲလောက်ကနေ ခိုမုန်းကျေးရွာအနီးက TNLA တပ်စွဲနေရာယူထားတဲ့ ကောင်းမူး(Kawng Mu) တောင်ကုန်းကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတစ်ဦးက KNG ကို ယခုလို ပြောပါတယ်။ “ဒီတလော တိုက်ပွဲတော့ ဆက်တိုက်ဖြစ်နေတယ်။ ညနေပိုင်းကတည်းကနေ ကောင်းမူးတောင်မှာ တိုက်ပွဲပြန်ဖြစ်နေပြီ။ နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ လက်နက်ကြီး ၁၀ ထက်မနည်း ပစ်ကူနေတယ်။ ဘယ်ဘက် ဘယ်ဘက်ကို ကျပြီလဲမသိဘူး”ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ကစပြီး မူဆယ်မြို့အနီးတစ်ဝိုက် စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတဲ့အပြင် မနေ့ညအထိ သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်လို့ သူကဆက်ပြောပါတယ်။ ဒ့ါအပြင် စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးတွေဟာ မူဆယ်မြို့နီးမှာရှိတဲ့…
Read More » -
18 Septemberတိုက်ပွဲ
မူဆယ်မြို့အနီး စစ်တပ်နဲ့ TNLA တပ်တို့အကြား စစ်ရေးတင်းမာနေ
ရှမ်းမြောက် မူဆယ်မြို့အနီး နေရာ ၂ ခုမှာ စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မူဆယ်မြို့ ဟူးဘောကျေး ရွာနဲ့ ဂျေလန်ကျေးရွာအနီး ဝိန်းနန်းရွာဘက် စစ်ကောင်စီတပ်နဲ့ TNLA ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ထိ ၁၀၅ မိုင် စစ်တပ်ကုန်းကနေ လက်နက်ကြီးရမ်းတမ်းပစ်ခတ်နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာာဖြစ်တယ်လို့…
Read More » -
11 Septemberစစ်ပြေးဒုက္ခသည်များ
စယ်လန်ရွာနီးမှာ စစ်တပ် နဲ့ TNLA ဘက်က စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ
မူဆယ်မြို့နယ် စယ်လန်ကျေးရွာမှာ ဒေသခံတွေ စစ်ရှောင်နေရာကနေ နေရပ်ပြန်လာကြပေမယ့် ရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် နဲ့ TNLA တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေတဲ့အတွက် စိုးရိမ်စိတ် နဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မူဆယ် နဲ့ နမ့်ခမ်းမြို့နယ်ကြား စယ်လန်ကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်…
Read More »