ကွတ်ခိုင်
-
Aug- 2023 -4 Augustသတင်း
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သား ၆ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာပြင်းထန်
ရှမ်းမြောက်ဒေသ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် စတဲ့ ပြည်တောင်စုကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ TNLA တို့အကြား ပြီးခဲ့တဲ့တစ်လတာတိုက်ပွဲမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာဘဲ ဇူလိုင် ၂၃ ရက်နေ့မှစပြီး စစ်တပ်နဲ့ TNLA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ စစ်ပတ်မှ လက်နက်ကြီးဆက်တိုက်…
Read More » -
1 Augustသတင်း
စစ်တပ်က သတ်ဖြတ်မီးရှို့လိုက်တဲ့ ကချင်လူငယ် ၂ ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ရှမ်းမြောက် မူဆယ်နဲ့ ကွတ်ခိုင်ကြား တီးမား(Dima) ကျေးရွာက ကချင်လူငယ် ၂ ဦး ကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှုံ့အလောင်းဖျောက်ထားခဲ့ပေမယ့် ဒေသခံတွေ မနေ့က တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ တီးမားဒေသခံတွေကပြောပါတယ်။ တီးမား(Dima) ကျေးရွာ KBC ကချင်အသင်းတော်တွင်း တက်ကြွပါဝင်လှုပ်ရှားနေတဲ့ အဲ့ဒီလူငယ် ၂ ဦးကို စစ်တပ် ဇူလိုင်လ ၂၅ ရက်နေ့ မတရားဖမ်းဆီးသွားပြီးနောက်တစ်ပတ်အကြာမှာ ဇူလိုင် ၃၁ ရက်နေ့မှာ သတ်ဖြတ်ပြီး မီးရှို့အလောင်းဖျောက်ထားတဲ့ နေရာကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ တီးမားဒေသခံတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
Jul- 2023 -19 Julyသတင်း
နမ့်ဖတ်ကာမှာ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနားမှာ စစ်ကောင်စီတပ်နဲ့KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ကလက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာမှ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၄ ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ ဇူလိုင် ၁၈ မနေ့ကညနေပိုင်း ၃ နာရီလောက်ကနေ…
Read More » -
19 Julyသတင်း
နမ့်ဖတ်ကာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာပြင်းထန်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီး စစ်ကောင်စီတပ်နဲ့ KIA ကြားတိုက်ပွဲပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်ကနေ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ကြောင်းစွာရရှိထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၁၈ ယနေ့ ညနေ ၅ နာရီခန့်ကနေ…
Read More » -
18 Julyသတင်း
KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ
KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…
Read More » -
12 Julyသတင်း
ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ
ရှမ်းမြောက်၊ ကွတ်ခိုက်မြို့အနီး စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကွတ်ခိုင်ကနေ မူဆယ်ဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ စစ်ရိက္ခာလက်နက်ပစ္စည်းတွေတင်ထားတဲ့ ကား ၃ စီး ဇူလိုင် ၁၁ မနေ့ညနေ ၂ နာရီခွဲခန့် နမ်ဖတ်ကာအနီး ဖာခစ်ကျေးရွာ( Hpahkik) နားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၄ တပ်ရင်း ၆ ကြားဖြတ်ခိုက်ခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဆုံးမှုရှိမရှိတော့မသိဘူး။ ကားတစ်စီးတော့ထိသွားတာ လူနာတင်ကားရောက်လာပြီး ကွတ်ခိုင်ဆေးရုံကို တင်သွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွတ်ခိုင်ကနေ…
Read More » -
10 Julyသတင်း
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နမ့်ဖတ်ကာ ဒေသခံကချင်အမျိုးသမီးတစ်ဦး ထိခိုက်
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ မနေ့ည ၇ နာရီလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ နမ်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ တပ်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် နမ်ဖတ်ကာအရှေ့ဘက် နားဖိုင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ “တိုက်ပွဲမဖြစ်လဲ နမ်ဖတ်ကာစစ်တပ်က ပုံမှန်လက်နက်ကြီးရမ်းသမ်းပစ်နေကျ ဟုတ်တယ်။…
Read More » -
Jun- 2023 -22 Juneသတင်း
ကွတ်ခိုင် KBC စစ်ရှောင်များ နေရာအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန် ငွေကြေးအကူအညီလိုအပ်နေ
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့နေထိုင်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေသည်ဟု စစ်ရှောင်ပြည်သူများကပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများသည် KBC ဘုရားကျောင်းဝင်းတွင် ဆယ်စုနှစ်တစ်ခုအကြာ စစ်စရှောင်ကာလ ကြာမြင့်လာပြီဖြစ်သည့်အတွက် ကွတ်ခိုင်မြို့…
Read More » -
13 Juneမြေယာနှင့် သဘာဝပတ်ဝန်းကျင်
မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ပန်ကိုင်ရွာရှိ မုန်းလောင်းချောင်းတွင် ရွှေအလွန်အကျွံတူးဖော်နေမှုကြောင့် လယ်ယာသုံးရေများသည် ရွံ့ရေအဖြစ်ပြောင်းသွားသည့်အတွက် ဒေသခံလယ်ယာပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။ လယ်ယာဧက ၅၀၀ ကျော်အတွက် အသုံးပြုနေသည့် မုန်းလောင်းချောင်း (Munglawng Hka) တွင် ဒေသခံများ ကန့်ကွက်နေသည့်ကြား ရှမ်းပြည်တပ်မတော် (SSPP/SSA) လက်နက်ကိုင်တပ်ဖွဲ့မှ စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် ရွှေတူးဖော်နေခြင်းဖြစ်သည်ဟု…
Read More » -
6 Juneစစ်ပြေးဒုက္ခသည်များ
နမ့်ဖက်ကာစစ်ရှောင်ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီ လိုအပ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ KBC စစ်ရှောင်စခန်းရှိ ပြည်သူများ ပြောင်းရွေ့နေထိုင်မည့် နေရာတွင် ရေအခက်အခဲရှိနေသည့်အတွက် အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှ သိရသည်။ KBC စစ်ရှောင်စခန်းမှ ပြည်သူများပြောင်းရွေ့နေထိုင်ရမည့် နမ့်ဖက်ကာ နယ်မြေ ၄ တွင် ရေအခက်ခဲများစွာရှိနေသေးကြောင်း…
Read More »









