စစ်ကိုင်း
-
Mar- 2024 -6 Marchသတင်း
ကောလင်းမြို့ပေါ်နဲ့ နေရာတချို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကောလင်းခရိုင်တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ကောလင်းတပ်ရင်း ၂ အပါအဝင် ကောလင်းမြို့ပေါ်နဲ့အနောက်ဘက်ခြမ်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်။
Read More » -
Feb- 2024 -26 Februaryသတင်း
ကောလင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းမီးရှို့ဖျက်ဆီးခံထားရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဘက်က မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကောလင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပဲ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ထိန်းချုပ်လိုက်တဲ့နေ့ကစ နေ့တိုင်းဆိုသလို…
Read More » -
22 Februaryသတင်း
ဟုမ္မလင်းမှာ ပြည်သူ့စစ်မှုထမ်းဖို့ စစ်တပ်က လူဦးရေ စာရင်းစတင်ကောက်ယူ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဖို့ လူဦးရေစာရင်းတွေကောက်ယူနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ကြေညာလိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစပြီး ဟုမ္မလင်းမြို့ပေါ်က ရပ်ကွက်တစ်ချို့နဲ့ကျေးရွာတွေမှာ…
Read More » -
22 Februaryသတင်း
ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ
“မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Read More » -
21 Februaryသတင်း
စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ ဆက်လက်တိမ်းရှောင်နေရတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေဟာ ကောလင်းမြို့ကို စစ်ကောင်စီတပ်ဆီ ပြန်လက်လွှတ်ခဲ့ရပြီး အဲ့ဒီနေ့ကစပြီး နေ့တိုင်းလိုလို မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ပြောပါတယ်။ “သူတို့မြို့ထဲကို စဝင်ပြီဆိုကတည်းကစရှို့နေတာပါပဲ မြို့လယ်ခေါင်ကအိမ်တွေကို ဖျက်တာတွေလည်းဖျက်ရှို့တာတွေလည်းရှို့ပေါ့ နေ့တိုင်းကိုရှို့တာ မီးခိုးတွေမြင်နေရတာ မြို့ထဲကိုတော့လုံးဝ ကပ်မရလို့ အခြေနေအသေးစိတ်တော့မသိပါဘူး”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့နေအိမ်တွေမှာ ကျန်နေတဲ့အဖိုးတန်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို ဝန်းသိုမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေဆီ ကားတွေနဲ့သယ်ယူတာတွေပါလုပ်နေတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ကောလင်းမြို့နယ်က ဒေသခံတွေဟာလည်း ကောလင်းမြို့နယ်ထဲက ဘေးလွှတ်ရာရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံတွေကလည်း မြို့ထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ပြောပါတယ်။ “စစ်တပ်က မြို့ကိုဖျက်ဆီးမီးရှို့နေတော့ အရပ်သားတွေကမဝင်ပါဘူး သူတို့ကပြီးရင် လိုချင်တဲ့ ပစ္စည်းတွေကို သယ်ပြီးတော့ ဝန်းသိုဘက်ကို ခိုးထုတ်နေတာ ပြည်သူကတော့ သူတို့ခေါ်ခေါ် မခေါ် ခေါ် ဝင်မယ်မထင်ဘူး ဝင်တာလည်းမတွေ့သေးဘူး” လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ ကောလင်းစစ်ဘေးရှောင်တွေဟာ ဘေးလွှတ်ရာတွေကိုထွက်ပြေးတိမ်းရှောင်ကြရင်း တိုက်ပွဲကျန် လက်နက်ကြီးကျည်တွေနဲ့ မိုင်းတွေကြောင့် သေဆုံးတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကဆိုရင် ကောလင်းမြို့ပေါ်ကနေ စစ်ဘေးရှောင်ဖို့ထွက်လာတဲ့ သားအမိနှစ်ယောက်မိုင်းထိပြီး အမေဖြစ်သူ အသက် ၇၅ နှစ်အရွယ် ဒေါ်ချစ်ရီ နေရာမှာတင် ပွဲချင်း ပြီးသေဆုံးခဲ့ရတယ်လို့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ By – အမိုး
Read More » -
21 Februaryသတင်း
ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ
“စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
Read More » -
19 Februaryသတင်း
အင်းတော်နယ်ကနေရပ်ပြန် စစ်ရှောင်တွေ ထပ်မံတိမ်းရှောင်နေ
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာ ကျေးရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်တွေထပ်ပြီးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ကတည်းက အထိုင်တပ်စွဲလာတဲ့ အင်အား ၂၀ ကျော်ဝန်းကျင်သာရှိတဲ့ တပ်မ ၇၇ စစ်ကြောင်းဟာ…
Read More » -
15 Februaryသတင်း
ကသာမြို့အဝင်ဂိတ်မှာ အမျိုးသား ၆ ယောက်ဖမ်းဆီးခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ မနေ့က မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က မြို့အဝင်ဂိတ်မှာ စစ်ဆေးရေးတင်းကြပ်ခဲ့ပြီး အရပ်သား ၆ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာပဲ ကသာမြို့အဝင်ဂိတ်ကိုဖြတ်တဲ့ အမျိုးသားတွေကို…
Read More » -
14 Februaryသတင်း
စစ်တပ်က စစ်မှုထမ်း ဥပဒေပြဌာန်းပြီးနောက် ကချင်နဲ့စစ်ကိုင်းအစပ်က တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်တဲ့ လူငယ်တွေများလာ
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကြောင်းထုတ်ပြန်ပြီးတဲ့ရက်ပိုင်းမှာပဲ ကချင် နဲ့ စစ်ကိုင်းအစပ်က တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်လာတဲ့ လူငယ်တွေများလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောာင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ ကာကွယ်ရေးအင်အားလိုအပ်တယ်ဆိုပြီး ပြည်သူ့စစ်မှုဌာန်းဥပဒေကိုပြဌာန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုထုတ်ပြန်တဲ့နောက်မှာပဲ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ကောင်စီတပ်ကို…
Read More » -
5 Februaryသတင်း
ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ
“ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာ”လို့ ပြောပါတယ်။
Read More »









