မိုးကောင်း
-
Aug- 2023 -28 Augustသတင်း
မိုးကောင်းမှာ အသစ်ဖွင့်တဲ့လောင်းကစားရုံပြန်ပိတ်လိုက်ရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ အသစ်ဖွင့်တဲ့ လောင်းကစားရုံဒီကနေ့ မနက် ၈နာရီလောက်မှာပဲ ပြန်ပိတ်သိမ်းလိုက်ရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလောင်းကစားရုံဟာ မိုးကောင်းမြို့နယ်အလယ်ရပ်ကွက်မှာ ဩဂုတ်လ ၂၆ ရက်နေ့ကပဲ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီးဒေသခံတွေ ပိတ်သိမ်းစေလိုတယ်လို့ သတင်းဌာနတွေကနေတစ်ဆင့် ကြေညာပြီးနောက်မှာပဲ အခုလို ပိတ်သိမ်းခံလိုက်ရ တာလို့ ဒေသခံတစ်ယောက်က…
Read More » -
27 Augustသတင်း
စစ်တပ်က ဖမ်းဆီးသွားတဲ့ ကချင်အမျိုးသား မိုးကောင်းဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံး
မိုးကောင်းမြို့နယ် နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက် ( Pyaw Len lawk)က ဖမ်းဆီးခံသွားရတဲ့ ဝဘော်တန်ဂွန်းမိသားစု ၃ ယောက်ထဲက ဖခင်ဖြစ်တဲ့ ဝဘော်တန်ဂွန်းစစ်ကြောရေးမှာ သေဆုံးသွားပြီလို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ “မိန်းမနဲ့ကလေးရှေ့မှာတင် စစ်ဆေးမေးမြန်းတာတဲ့ အဲမှာလက်လွန်သွားလို့ သေသွားပြီဆိုပြီးတော့ ဒီနေ့…
Read More » -
27 Augustသတင်း
မိုးကောင်းမြို့မှာ စစ်တပ်ကဖွင့်ခိုင်းထားတဲ့ လောင်းကစားရုံ ပိတ်ပေးစေလို
မိုးကောင်းမြို့ထဲမှာ မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ အလယ်ရပ်ကွက်မှာ ဖွင့်ထားတဲ့လောင်းကစားရုံကို ပိတ်ပေးစေလိုတယ်လို့ မိုးကောင်းဒေသခံတွေကပြောပါတယ်။ အဲဒီလောင်းကစားရုံမှာ ကာစီနို၊ငါးပစ်ဂိမ်း၊မူးယစ်ဆေးဝါးအစုံရနိုင်တဲ့နေရာဖြစ်ပြီး ၂၄ နာရီဖွင်တဲ့လောင်းကစားရုံဖြစ်ကာ မိုးကောင်းမြို့မှာအကြီးဆုံးလောင်းကစားရုံဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ခုလိုပြောပါတယ်။ “မိုးကောင်းမြို့မှာ လောင်းကစားရုံက အကြီးအကျယ်ဖွင့်လာပြီ အိမ်လုံးပြတ်ငှားပြီးမှ ရုပ်ရည်အဆင်ပြေတဲ့ကောင်မလေးတွေကိုခေါ် …
Read More » -
26 Augustသတင်း
မိုးကောင်းမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ဒေသခံ ၅ ယောက်ထပ်ဖမ်းခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ယောက် အပါအဝင် ဒေသခံ ၅ယောက်ကို စစ်ကောင်စီတပ်က ထပ်ပြီးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖမ်းဆီးခံသွားရသူတွေဟာ မိုးကောင်းမြို့နယ် ကားဂိတ်အနီးကကချင်ရိုးရာစားသောက်ဆိုင်က ကလေးငယ်နဲ့ ဒေသခံ ၄ ယောက်အပါအဝင် ဆိုင်ကိုလာတဲ့…
Read More » -
26 Augustသတင်း
မိုးကောင်းမှာ ကျောင်းလာကြိုတဲ့စစ်ကား ပစ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ အရပ်သား ၁၇ ဦးထိရှိလာ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့စစ်ကောင်စီကား တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေရာကနေ ဒီကနေ့ မနက်ပိုင်းအထိ အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံလိုက်ရပြီလို့ မိုးကောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့က မိုးကောင်းအထက်တန်းကျောင်းမှာ…
Read More » -
19 Augustသတင်း
မိုးကောင်းမှာ ကျောင်းလာကြိုတဲ့ စစ်ကားပစ်ခတ်ခံရပြီး စစ်သား ၂ ဦးသေဆုံး
ကချင်ပြည်နယ် မိုးကောင်းမြို့ အထက ၁ ကျောင်းအနီး ကျောင်းသား၊ သူတွေကို ကျောင်းလာကြိုတဲ့ စစ်ကားတစ်စီး ပစ်ခတ်ခံရလို့ စစ်သား ၂ဦးသေဆုံးခဲ့တယ်လို့ မိုးကောင်းဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက်မှာ…
Read More » -
May- 2023 -24 Mayသတင်း
စစ်ကောင်စီတပ်၏ ကင်းစခန်းပစ်ခံရ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ရ
ကချင်ပြည်နယ် မိုးကောင်းမြို့အရှေ့ဘက်ရှိ ဝေပုလတောင်ခြေအောက်ရှိ စစ်ကောင်စီတပ် ခလရ ၇၄ တပ်၏ ကင်းစခန်းတစ်ခုပစ်ခတ်ခံရပြီး ကင်းစောင့်နေသည့် စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မေလ ၂၃ ရက်နေ့ ညနေ…
Read More » -
11 Mayသတင်း
မိုးကောင်းမြို့နယ် တရားရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တရားရုံး မေလ ၁၀ ရက် ညတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်တွင်ရှိသည့် စစ်ကောင်စီ၏ မြို့နယ်တရားရုံးကို ယမန်နေ့ည ၇နာရီခွဲအချိန့်ခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် နှစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်သွားကြောင်း မိုးကောင်းမြို့နေ…
Read More » -
Apr- 2023 -8 Aprilသတင်း
မိုးကောင်းမြို့ CDM ဝန်ထမ်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် CDM ထွေအုပ် ဝန်ထမ်းအမျိုးသမီးတစ်ဦးကို စစ်ကောင်စီအဖွဲ့က ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ ဖမ်းဆီးခံရသည့် နန့်ရင်းရပ်ကွက် နေထိုင်သူ မနေခြည်အောင်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က အိမ်စီးများဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားပြီး…
Read More » -
Feb- 2023 -27 Februaryသတင်း
မိုးကောင်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အိမ်ငှားနေထိုင်သူများထံမှ ငွေကြေးကောက်ခံနေ
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက စစ်ကောင်စီနှင့်ပူးပေါင်းပြီး ရပ်ကွက်အတွင်းအိမ်ငှားနေထိုင်သည့် မိသားများထံမှ လစဉ် တစ်အိမ်လျင် တစ်သောင်းကျပ်နှုန်းဖြင့် လိုက်လံကောက်ခံနေကြောင်းသိရသည်။ မြို့ဦးရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းခေါ်သူက ရပ်ကွက်အတွင်း အိမ်ငှားနေထိုင်သည့် မိသားစုများကို လစဉ် ဧည့်စာရင်းတိုင်ခိုင်းပြီး တစ်လလျင် ငွေကျပ်…
Read More »








