ရှမ်းမြောက်
-
Jun- 2024 -14 Juneသတင်း
KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို
ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး KIA ဘက်ကဖြတ်တောက်လိုက်တဲ့လမ်းဟာ အများပြည်သူသုံးတဲ့လမ်းမဟုတ်ဘဲ TNLA တပ်ရဲ့ သတ္တုတင်တဲ့ကားတွေနဲ့ ကုမ္မဏီလူတွေအဝင်အထွက်လုပ်နေတဲ့လမ်းပိုင်းသာဖြစ်တယ်လို့ KIO ဘက်က ပြောဆိုပါတယ်။ မိုင်းမော်နမ်ဟိုင်း(Mungmaw) နဲ့ မိုင်းဝီး( Mungwi) ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းကနေ အရှေ့ဘက်ဘော်ဟိုကျန့်…
Read More » -
7 Juneသတင်း
ရှမ်းမြောက်မှာ KIA သိမ်းပိုက်ထားတဲ့ ကျေးရွာတချို့ကို မြို့ပြအဆင့် ပြောင်းလဲသတ်မှတ်
ရှမ်းမြောက်မှာ KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျေးရွာတစ်ချို့ကို မြို့ပြအဖြစ်ပြောင်းလဲသတ်မှတ်ပြီး မြို့အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့အုပ်ချူပ်ရေး ယန္တရားစတင်ချမှတ်နေပြီလို့ KIO ဘက်က ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းတွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ မိုင်းမော်(နမ်ဟိုင်း) စတဲ့ကျေးရွာတွေကို…
Read More » -
3 Juneသတင်း
ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ
ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ ၅ လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက် ၂၀၂၄–၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။”လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။ အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့် MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။ “ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။ အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင် ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ “ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။ ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့ KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
May- 2024 -13 Mayသတင်း
နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။ “ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။ နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ KIA လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Apr- 2024 -10 Aprilသတင်း
MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…
Read More » -
5 Aprilသတင်း
မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့
ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ်…
Read More » -
3 Aprilသတင်း
ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ သတ်ဖြတ်ခံရသူဟာ သူနေထိုင်ရာ ကွတ်ခိုင်မြို့နယ်…
Read More » -
3 Aprilသတင်း
မဘိမ်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးနဲ့အရပ်သား ၆ ဦးပွဲချင်းပြီးသေဆုံး ၇ ဦးဒဏ်ရာပြင်းထန်
ကချင်နဲ့ ရှမ်းမြောက်အစပ် မဘိမ်းမြို့နယ် မိုးလုံးရွာကို မတ်လ ၂ ရက်နေ့ မနေ့ညနေပိုင်း ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဘက်က တံတားဦးကတက်လာတဲ့…
Read More » -
Mar- 2024 -28 Marchသတင်း
ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုးကန့်တပ် MNDAA ဟာ သိန္နီမြို့ထဲမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာကနေ မနေ့က မတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP/SSA က ခုခံ ကာကွယ်တဲ့အနေအထားနဲ့ပဲ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ “တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၏ ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံ ကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည် သင့်မြတ် ရေး အတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများ ဖြေရှင်းသွားနိုင် ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်နဲ့ ဖြေရှင်းလို့မရခဲ့မှသာ သူတို့အဖွဲ့အစည်းနဲ့အုပ်ချုပ်ရေး နယ်မြေအတွင်းမှာ မိဘပြည်သူတွေကိုထိပါးစော်ကူးမှုတွေလုပ်လာရင်တော့ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့ SSPP/SSAက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မတ်လ ၂၆ ရက်နေ့တိုက်ပွဲကတော့ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု ကုန်းညောင်ရွာအနီးမှာဖြစ်ပွာ ခဲ့တာဖြစ်ပြီးတော့ ၁၀မိနစ်ခန့်နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာတော့ စယ်အူကျေးရွာအုပ်စု ပန်းနားကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂ နာရီလောက်ထိ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ SSPP Info က ဆိုပါတယ်။ “ဟုတ်တယ် နမ့်စလပ်မှာ ကိုးကန့်နဲ့ရှမ်းနဲ့ဖြစ်တာ သူနေရာဝင်ကိုယ့်နေရာဝင်အဲ့လိုထိပ်တိုက်တွေ့ ကြတာတဲ့ အဲ့ဘက်ကတော့ သိန္နီကျတာပေါ့ အဲ့တစ်ဝှိုက်ကရှမ်းဘက်ကလည်း သွားလာနေတာ ရှိတယ် အဲ့မှာထိတွေ့ကြတာ သိန္နီကိုကျ MNDAA ကထိန်းချုပ်ထားတာကို” လို့ဒေသခံတစ်ယောက်ကလည်း MNDAA နဲ့ SSPP/SSAတို့အကြား တိုက်ပွဲဖြစ်တဲ့အခြေနေကို အတည်ပြုပါတယ်။ ဒီတိုက်ပွဲဖြစ်စဥ◌်နဲ့ပတ်သက်လို့ ကိုးကန့်တပ် MNDAA ကလည်းတစ်စုံတစ်ရာသတင်း ထုတ်ပြန် ခြင်းမရှိသေးသလို MNDAA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးလီကျားဝင်းကို KNG က စာပို့မေးမြန်းထား ပေမဲ့ အကြောင်းမပြန်သေးပါဘူး။ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မိုင်းလားတပ်ဖွဲ့ NDAA နဲ့ ညီနောင်မဟာမိတ်၃ ဖွဲ့ထဲက ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA တို့ဟာ “ဝ” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်ထားသော အဖွဲ့များဖြစ်ကြပါတယ်။ By – အမိုး
Read More » -
26 Marchသတင်း
TNLA တပ် အတင်းအဓ္ဓမသိမ်းယူထားတဲ့ အိမ်ခြံမြေကွက်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးဖို့ မြေပိုင်ရှင်တွေတောင်းဆိုနေ
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့မှာ အိမ်ရှင်ရဲ့သဘောတူညီမှုမပါဘဲ တအာင်းတပ်မတော် TNLA တပ်ဖွဲ့က အိမ်ခြံမြေအတင်းသိမ်းယူပြီး ဂိတ်စခန်းတည်ဆောက်လိုက်တာ ၃ လခန့်ရှိလာပြီဖြစ်ပေမယ့် လက်ရှိချိန်ထိ ဖြေရှင်းပေးတာမရှိသေးတဲ့အတွက် တရားနည်းလမ်းကျကျ အမြန်ဆုံးဖြေရှင်းပေးဖို့ အိမ်ရှင်တွေက တောင်းဆိုနေပါတယ်။ နမ္မတူမြို့ ရက်ကွက် ၈ က ဒေါ်ပေါင်ဆာရွယ်ရဲ့အိမ်ခြံဝင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကတည်းက TNLA တပ်ဖွဲ့တွေဟာ အိမ်ရှင်တွေကိုအသိပေးညှိနှိုင်းတာတွေမလုပ်ဘဲ အိမ်ရှင်တွေမရှိတဲ့အတောအတွင်းအိမ်ခြံမြေကို သိမ်းယူပြီးမြေတူးဆွကာ ဂိတ်စခန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂိတ်စခန်းတည်ဆောက်ပြီးတပ်စွဲနေထိုင်နေပြီဖြစ်ပေမဲ့ သိမ်းယူထားတဲ့ မြေကွက်ရဲ့နစ်နာကြေးတစ်စုံတစ်ရာမပေးသေးတဲ့အတွက် အိမ်ရှင်တွေဘက်က အမြန်ဖြေရှင်းပေးစေလိုကြောင်း တောင်းဆိုနေတာလည်းဖြစ်ပါတယ်။ “အခုချိန်ထိ ဘာမှကိုဖြေရှင်းတာတွေမလုပ်ဘူး။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘာမှကိုမပြောလာတော့ဘူး ခေါ်လည်းမခေါ်လာတော့ဘူး။ ကျမတို့ ခြံဝင်းမှာ သူတို့က တပ်စခန်း တည်ဆောက်လို့ပြီးလို့ အိမ်တောင် ၂ အိမ်လောက်ဆောက်လုပ်ထားတယ်။ တပ်စခန်းလုပ် ဂိတ်လုပ်ပြီး အထိုင်ချပြီးနေနေတယ်။ ဒီပြသနာကို ကျေနပ်မှုရှိအောင် အမြန်ဖြေရှင်းပေးစေချင်ပေမဲ့ ဘယ်လိုလုပ်ရမယ်မသိတော့ ဒီလိုပဲ တိတ်တိတ်လေးပြီးသွားမလား စိုးရိမ်ပြီးပဲ နေနေရတာပေါ့။ အမြန်ရအောင် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တောင်းဆိုချင်တယ်”အိမ်ခြံပိုင်ရှင်ဘက်က ပြောပါတယ်။ NLA သိမ်းယူလိုက်တဲ့ အဲဒီမြေကွက်ဟာ အလျားအနံ စုစုပေါင်းပေ ၅၀၀ ကျော်ရှိပြီး အဲဒီမြေကွက်ထဲကနေ သဲကျောက်ကားအစီး ၁၀၀ ကျော်ထွက်တယ်လို့ ဆိုပါတယ်။ အိမ်ရှင်တွေရဲ့သဘောတူညီမှုမပါပဲ သိမ်းယူထားတဲ့မြေကွက်အတွက် အိမ်ခြံရှင်ဘက်က နစ်နာကြေး သိန်း ၅,၀၀၀ တောင်းခဲ့ပေမဲ့ TNLA ဘက်က အိမ်ရှင်ဘက်ကတောင်းဆိုသလောက်မပေးနိုင်တာကြောင့် ပြီးခဲ့တ့ ဖေဖော်ဝါရီလထဲမှာပဲ မြေဧက အလျားအနံတွေတိုင်းထွာပြီး ကျသင့်တဲ့ငွေပမာဏပေးမယ်လို့ TNLA ဘက်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၃ လဝန်းကျင်ကြာမြင့်လာပြီဖြစ်ပေမယ့် ငွေကြေးတစ်စုံတစ်ရာပေးချေမှုမရှိဘဲ ဂိတ်စခန်းတည်ဆောက်ပြီးစီးပြီး တပ်ချနေပြီလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA နမ္မတူမြို့ အုပ်ချုပ်ရေးမှူး တာမောင်ဂို ကို KNG ကချင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ TNLA ဘက်က မြေဧကအတွက် ကျပ်ငွေသိန်း ၁၅၀ ပေးဖို့ အထက်ကို တင်ပြထားတာငွေမကျလာသေးတာကြောင့် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ “အောက်ကတော့ ကျနော်တို့ ညှိနှိုင်းပြီးပြီ စျေးလည်းပြောထားပြီးပြီ။ သတ်မှတ်ထားတာတော့ သိန်း ၁၅၀ ပေါ့ စာတော့တင်ထားတယ် မကျလာသေးလို့လေ။ သတ်မှတ်ထားပြီးပေမဲ့ ပိုက်ဆံက မကျလာသေးတော့လေ ကျလာလို့ရှိရင်တော့ ပေးမှာပေါ့။ ပေးမှာတော့ ပေးမှာပေါ့လေနော်။ ကျနော်တို့လည်း အလကားတော့ဘယ်ယူမလဲ။”လို့ TNLA နမ္မတူမြို့အုပ်ချူပ်ရေးတာဝန်ရှိသူ တာမောင်ဂိုက KNG ကချင်သတင်းဌာနကိုပြောပါတယ်။ အိမ်ရှင်တွေဘက်ကတော့ တောင်းဆိုတဲ့နစ်နာကြေး ငွေပမာဏကိုမပေးနိုင်ရင်တောင် သိမ်းယူလိုက်တဲ့ မြေဧကအတွက် ကျသင့်တဲ့ငွေပမာဏကို ပေးချေဖို့နဲ့ တရားသောနည်းလမ်းနဲ့ အမြန်လုပ်ဆောင်ပေးစေချင်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။ ဒေသခံ အိမ်ရှင်တွေဘက်က ဒီအိမ်ခြံမြေယာကို မရောင်းချင်ပေမဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့က အတင်းအဓ္ဓမနည်းလမ်းနဲ့ သိမ်းယူလိုက်တဲ့နောက် အိမ်ရှင်တွေဘက်က နည်းလမ်းအမျိုးမျိုးနည်း ဖယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ TNLA ဘက်က မဖယ်ပေးတဲ့အပြင် အိမ်ရှင်တွေတောင်းဆိုတဲ့ နစ်နာကြေးကိုလည်းပေးချေတာမျိုးလည်းမရှိသေးတာဖြစ်ပါတယ်။ လက်ရှိ TNLA ဘက်ကသိမ်းယူပြီး ဂိတ်တည်ဆောက်နေတဲ့ တပ်စခန်းဟာ နမ္မတူမြို့ စည်ပင်ရက်ကွက်တွင်း မန်တုံမြို့နဲ့ မိုင်းမော် – မုံးဝီး ဘက်သွားတဲ့ လမ်းဆုံမှာရှိတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ္မတူဒေသကို TNLA ကသိမ်းပိုက်လိုက်ပြီးနောက် ဒေသတွင်း အုပ်ချူပ်မှုယန္တရားဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီး TNLA ရဲ့ လုပ်ဆောင်မှုတွေအပေါ် ဒေသခံပြည်သူတွေ ဝေဖန်မှုများစွာရှိနေတာလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း TNLA က နမ္မတူ – မန်တုံ – မိုင်းမော် ဒေသ လမ်းကြောတချို့နေရာတွေမှာ ဂိတ်စခန်းတွေချကာ နေရာယူလှုပ်ရှားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေကိုလည်း ဂိတ်ဖြုတ်သိမ်းဖို့ လိုက်လံဖိအားပေးတာတွေ၊ ဂိတ်စခန်းတွေ လိုက်လံဖြုတ်သိမ်းပေးလိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်း အချင်ဖြစ်ပွားတာတွေရှိနေပြီး ဒေသခံပြည်သူတွေလည်း စိုးရိမ်မှုတွေနဲ့ ဆက်လက်နေနေရတယ်လို့ ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More »