ဝိုင်းမော်
-
Jan- 2024 -23 Januaryသတင်း
ဝူယာန်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့က တပ်စခန်းတစ်ခုထပ်မံတိုးချဲ့ဆောက်လုပ်နေ
ဝိုင်းမော်မြို့နယ် ဝူယာန် ကျေးရွာမှာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက တပ်စခန်းမြေနေရာကို ထပ်မံတိုးချဲ့ ထားပြီး အခိုင်အမာကုတ်ယူထားတဲ့ တပ်စခန်းအသစ်တစ်ခု ပြန်လည်ဆောက်လုပ်နေတယ်လို့ ဝူယာန်ဒေသခံတွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို လက်ရှိအထိုင်ချထားတဲ့စခန်းရဲ့ ကားလမ်းမကြီးတစ်ဖက်ကမ်း မျက်နှာချင်းဆိုင်တောင့်မှာ မြေနေရာပြန်လည်သတ်မှတ်ယူပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ခြံစည်းရိုးနဲ့ ကတုတ်ကျင်းတူးဖော်တာတွေ၊ တပ်စခန်းတွေပါ စတင်ဆောက်လုပ်နေပြီလို့ ဝူယာန်ဒေသခံ အမျိုးသားတစ်ယောက် KNG ပြောပါတယ်။ “ဝါးလုံးတွေဆွဲပြီး ခြံစည်းရိုးကာတာတွေ ဆက်လုပ်နေဆဲဖြစ်တယ်။ ကတုတ်ကျင်းက တစ်ဆင့်ပြီး တစ်ဆင့် အထပ်ထပ် လုပ်နေတာတွေ့ရတယ်။ တူးတာကလည်း တော်တော်နက်တယ်။ အခုက စခန်းပါဆောက်ဖို့လုပ်နေကြပြီ။ အခုလို လုပ်လာတာက မကြာသေးဘူး။ နှစ်ကုန်ပိုင်းလောက်မှာပဲ သိသိသာသာ လုပ်လာကြတယ်”လို့ပြောပါတယ်။ အသစ်ထပ်မံတိုးချဲ့လိုက်တဲ့ နေရာဟာ ဝူယာန်ဒေသခံပြည်သူတွေရဲ့ မနက်စျေးမြေနေရာအဖြစ် သတ်မှတ်ထားတဲ့ မြေနေရာဖြစ်ပြီးတော့ အကျယ်အဝန်းမှာ ဧကထက်ဝက်လောက်ရှိတယ်လို့ သိရပါတယ်။ အခုလို ပြည်သူပိုင် မြေနေရာပေါ်မှာ တပ်စခန်းအသစ်ဆောက်လုပ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေကို တစ်စုံတစ်ရာအသိပေးပြောဆိုတာတွေမရှိသလို ပြည်သူတွေအနေနဲ့လည်း ကန့်ကွက်တိုင်ကြားဖို့ ခက်ခဲနေတယ်လို့ သူကဆိုပါတယ်။ “ပြည်သူတွေက ဘာပြောရမှန်းတောင်မသိတော့ဘူးဖြစ်နေတယ်။ ပြောရင်တောင် တာဝန်ယူဖြေရှင်းပေးမယ့် သူမရှိဘူးဖြစ်နေတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေတောင် တိတ်ဆိတ်နေကြတယ်။ ဒီတိုင်းဆောက်လုပ်နေတာကို ထိုင်ကြည့်နေကြတာပေါ့လေ။ အခုလို တပ်ပြန်ချဲ့လာတာက ဘယ်ပြည်သူမှ ကြိုက်မှာတော့မဟုတ်ဘူး”လို့ပြောပါတယ်။ လီဆူပြည်သူ့စစ်အဖွဲ့တွေက နဂိုမူလရှိတဲ့ ပြည်သူ့စစ်တပ်စခန်းနေရာ အနီးတဝိုက်မှာ တပ်စခန်းအသစ်ပြန်လည် ဆောက်လုပ်လာတာဟာ တပ်အင်အားပြန်လည်ဖြည်းတင်းဖို့နဲ့ လုံခြုံရေးတင်းကြပ်ဖို့ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေပါတယ်။ ဒါ့အပြင် အခုလို တပ်စခန်းအသစ် ပြန်လည်ဆောက်လုပ်နေတာကြောင့် တပ်စခန်းနဲ့ ဖာလုံလောက်အကွယ်မှာရှိတဲ့ ပြည်သူတွေက ကျေးရွာအတွင်း ပစ်ခတ်မှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ဝူယာန်ကျေးရွာအတွင်း ပြည်သူ့စစ်တပ်စခန်းနေရာကို မနက်စျေးအထက် အုပ်ချုပ်ရေးရုံးနဲ့ ကပ်ယက်အနီးမှာ လက်ညှာဘက်ခြမ်းမှာ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိ ထပ်မံတိုးချဲ့နေတဲ့ တပ်စခန်းအသစ်ကို ဘယ်ဘက်ခြမ်းမှာ ပြန်လည်ဆောက်လုပ်နေတာလည်းဖြစ်ပါတယ်။ နဂိုမူလရှိတဲ့ တပ်စခန်းကို စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလောက်မှာ ဒေသခံပြည်သူတွေ ကန့်ကွက်နေတဲ့ကြားမှာ ပြည်သူ့စစ်တပ်စခန်းနေရာအဖြစ် သတ်မှတ်ယူလိုက်တာဖြစ်ပြီး အဲဒီ ပြည်သူ့စစ်တပ်စခန်းကို အာဏာသိမ်းပြီး ၃ နှစ်တာအတွင်း KIA က ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်မှုရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
23 Januaryသတင်း
တရုတ်ငှက်ပျော်ခြံပိုင်ရှင်တွေ လိုင်စင်မဲ့ကားအသုံးပြုလာတဲ့အတွက် ဒေသခံကားသမားများ အခက်ခဲတွေ့
ကချင်ပြည်နယ် ဝိုင်းမော်မြို့ သစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေဟာ လိုင်စင်မဲ့ ၂၂ ဘီး( တွဲကား) တွေကို အသုံးပြုနေတာကြောင့် ဒေသခံတွေရဲ့ကားအစီး ၃၀၀ ရပ်နားထားရတယ်လို့ ဝိုင်းမော်ဒေသခံ ကားသမားတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့မှာရှိတဲ့ သစ်ရှူးငှက်ပျောခြံပိုင်ရှင် အများစုဟာ ကိုယ်ပိုင်လိုင်စင်မဲ့ကား ဝယ်ထားပြီး…
Read More » -
17 Januaryသတင်း
ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီစခန်းဆောက်လုပ်နေပြီလို့ဆို
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီခိုလှုံဖို့စခန်းဆောက်လုပ်ပေးနေပြီလို့ ဆမာနယ်မြေစစ်ရှောင်ကော်မတီကနေ သိရပါတယ်။ ရွှေညောင်ပင် စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကျေးရွာအတွင်း တိုက်ပွဲဖြစ်လာမဲ့အခြေအနေတွေကြောင့် ရွှေညောင်ပင်ကနေ အောင်မြေ ၁ ကချင်နှစ်ခြင်းဘုရားကျောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်…
Read More » -
16 Januaryသတင်း
ဇန်နဝါရီ ၂ ပတ်အတွင်း စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို KIA ပစ်ချ
ကချင်လွတ်လပ်ရေးတပ်မတော် KIA က နှစ်သစ်ကူး ဇန်နဝါရီ လဝက်အတွင်းမှာဘဲ စစ်ကောင်စီတပ်ရဲ့ လေယာဉ် ၂ စီးကို ပစ်ချလိုက်ပါတယ်။ ပစ်ချလိုက်တဲ့ လေယာဉ် ၂ စီးဟာ ဇန်နဝါရီလ ၃ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ မန္တလေးတံတားဦး လေဆိပ်ကနေ ရှမ်းမြောက် နမ့်ဖတ်ကာတိုက်ပွဲဘက်ကို ဗုံးလာကြဲတဲ့ ဂျက်လေယာဉ်တစ်စီးတို့ ဖြစ်ပါတယ်။ နမ့်ဖတ်ကာမှာ လေယာဉ်ပစ်ချလိုက်နိုင်တဲ့ သတင်းနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ KNG ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ “ပစ်ချတာမှန်တယ် ဂျက်လေယာဉ်တစ်စီးပစ်ချတာ အတည်ပြုပါတယ်။ ဒါပေမယ့် ဘယ်လိုဘယ်ပုံပစ်ချလိုက်နိုင်တယ် ဆိုတာတော့ အခြေနေအသေးစိတ်တော့မသိရသေးဘူး”လို့ပြောပါတယ်။ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ၁၈ ရက်အကြာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စခန်းထဲထိ ဝင်ရောက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်လွတ်ခဲ့ရတဲ့စခန်းကို လေယာဉ်နဲ့ ပစ်ခတ်နေတဲ့အချိန် ပစ်ချခံလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် နမ့်ဖတ်ကာမှာ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်နဲ့ပတ်သက်ပြီး အခြေနေအသေးစိတ်ကို မသိရသေးပါဘူး။ ပြီးခဲ့တဲ့ KIO ဌာနချုပ်အနီး နာဖော့စခန်းမှာ ပစ်ချခံရတဲ့ စစ်ရဟတ်ယာဉ်မှာတော့ အသက် ၄၂ နှစ် လေယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်အပါအဝင် ဗိုလ်ကြီး ကောင်းစံ၊ ဗိုလ်ကြီး စိုးပိုင်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး၊ ဦးစီး တပ်ကြပ်ကြီး ဝေယံသက်ဦး နဲ့ ဦးစီး တပ်ကြပ်ကြီး စွမ်းထက်အောင်တို့ ၈ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၃ လအကြာ မေလ ၃ ရက်နေ့ မနက် ၁၀ နာရီခွဲမှာလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဆီဟက်ကျေးရွာမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းပြီးနောက် KIA က ပစ်ချလိုက်တဲ့ စစ်လေယာဉ် ၃ စီးထိ ရှိပြီဖြစ်ပါတယ်။ By – ဇမီ
Read More » -
15 Januaryသတင်း
ဝိုင်းမော်မှာ ရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက မိသားစုပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်း ဖမ်းဆီးနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာမှာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့တွေက လီဆူလူမျိုးတွေကို မိသားစုတွေပါမကျန် ဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အောင်မြေ(၁) ပြည်သူ့စစ်တပ်စခန်း အထိုင်ချထားတဲ့ အင်လုန်ခ(N-Lung Hka)တံတားမှာ လမ်းသွားလမ်းလာတဲ့ ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေပြီး လီဆူလူမျိုးဖြစ်တဲ့သူတွေကို ဖမ်းဆီးထားတယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “ဟုတ်တယ် ဒီကစ္စနဲ့ ပတ်သက်ပြီး အရမ်းအံ့ဩနေကြတယ်။ စနေနေ့မှာလည်း အများကြီးဖမ်းထားတယ်။ အဲ့ဒီဂိတ်မှာရောက်တာနဲ့ဘာလူမျိုးလဲအရင်မေးတယ်။ လီဆူနဲ့လော်ဝေါ် ဆိုရင်အကုန်ရပ်ခိုင်းနေတယ်။ အများကြီးဖမ်းထားတယ်။ ကားပေါ်မှာပါလာရင်လည်း လီဆူဆိုရင်အကုန်ဆွဲချတယ်။ မိခင်တွေပါမကျန်ဖမ်းတယ်။ အဲ့ကြောင့်လေ သွားလာဖို့အရမ်းခက်နေတယ်။ ဒီကနေ့လည်းဖမ်းနေတယ်” အင်လုန်ခပြည်သူ့စစ်ဂိတ်နေရာမှာ ဇန်နဝါရီလ ၁၃ ရက် စနေ့ကနေ တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိမှာ ဖမ်းဆီးခံထားရသူ လီဆူပြည်သူ ၃၀ လောက်ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲ လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ အောင်မြေ(၁) ၊ ဝူယာန်နဲ့ စန်ကား စတဲ့နေရာတွေမှာ တစ်အိမ်ဆင်းတစ်အိမ်တက် ပြည်သူ့စစ်တပ်သားမလုပ်မနေရ လိုက်လံဖမ်းဆီးနေပြီးတော့ ပြည်သူ့စစ်လုပ်ဖို့ငြင်ဆို တိမ်းရှောင်ကြတဲ့ နေအိမ်တွေမှာ အသက်ကြီးရင့်သွားတဲ့သူတွေကိုပါ ဖမ်းဆီးနေကြတယ်လို့ သူကဆက်ဆိုပါတယ်။ “ဖမ်းဆီးတာကလေ အင်လုန်ခ ပြည်သူ့စစ်နေရာမှာပဲမဟုတ်ဘူး။ အိမ်အထိလည်း လိုက်ဖမ်းနေတယ်။ ဒီသလောပိုဆိုးဆိုးရွားရွားလုပ်နေကြတယ်။ သူတို့လိုက်ဖမ်းတဲ့အခါမှာ အရွယ်ရောက်တဲ့ လူငယ်တွေမရှိဘူးဆိုရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့သူတွေကိုပါ မရရအောင်ဖမ်းဆီးသွားပြီး အတင်းအဓမ္မ ဝန်ခံကတိလက်မှတ်တွေရေးထိုးခိုင်းပြီး ပြန်လွတ်ပေးနေတယ်”လို့ပြောပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ပြည်သူ့စစ်လုပ်ဖို့ ငြင်ဆန်နေတဲ့သူတွေကို အိမ်တိုင်ရာအရောက်လိုက်လံဖမ်းဆီးနေပြီး နေအိမ်မှာမရှိတဲ့သူတွေကို မိသားစုဝင်တွေကိုပါ ဖမ်းဆီးသွားပြီး ပြန်ခေါ်လာပေးဖို့ ဝန်ခံကတိထိုးခိုင်းပြီး ပြန်လည်လွတ်ပေးတာတွေလုပ်ဆောင်နေတယ်လို့ ဆက်ဆိုပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ဦးရွှေမင်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တပ်သားစုဆောင်းတာတွေကို နှစ်ဆန်းပိုင်းလောက်ကနေ ဆိုးဆိုးရွားရွား ဖမ်းဆီးလာတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလို မိသားစုတွေပါမကျန် ဖမ်းဆီးလာတဲ့အထိ လုပ်ဆောင်လာတာဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ လောက်မှာ တာလောကြီးကျေးရွာအနီးတဝိုက်ဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ပြည်သူ့စစ်လုပ်ဖို့ စုဆောင်းထားတဲ့ တပ်သားအများပိုင်းက ထွက်ပြေးသွားကြပြီး စစ်အင်အားလျှော့နည်းသွားတာကြောင့် ဖြစ်တယ်လို့ အောင်မြေ(၁) ဒေသခံအမျိုးသားတစ်ယောက်လည်း အခုလိုပြောပါတယ်။ “တာလောကြီးဘက်မှာက KIA တွေဝင်လာပြီဆိုရင် လက်နက်ချပေးတာတို့၊ တစ်ချို့က ချောင်းတွေမှာ လက်နက်ပစ်ချသွားပြီး ပြေးတဲ့သူတွေပြေး ဘော်ဆာဒီးမှာ တိုက်ခိုက်ခံရတုန်းကလည်း ပြည်သူ့စစ်ဘက်ကအထိနာသွားလို့ KIA ဖမ်းဆီးသွားတာတွေလည်းရှိတယ်။ အဲ့ဒါကြောင့် စစ်အင်အားတော်တော်နည်းသွားတယ်လို့ ပြည်သူ့စစ်ထဲကသူတွေ ပြောပြတယ်”လို့ပြောပါတယ်။ ဒါ့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့တွေက ထွက်ပြေးသွားတဲ့သူတွေကို တပ်ထဲပြန်ဝင်လာကြဖို့၊ ပြည်သူ့စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သူတွေကိုလည်း တပ်ထဲပြန်ရောက်လာအောင် ဝိုင်းမော်မြို့ထဲက လီဆူလူမျိုးတွေကို အစုလိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်လို့ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း လူငယ်နဲ့ လူလတ်ပိုင်းအများစုဟာ မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့လည်းသိရပါတယ်။ အခုလို ဝိုင်းမော်ဒေသမှာ စစ်ကောင်စီလက်အောက်မှာရှိတဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေက ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်လို့မရအောင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်းပေးကြဖို့လည်း ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
10 Januaryသတင်း
ဝိုင်းမော်- ချီဖွေသွားလမ်းပိုင်း စစ်ဆေးတင်းကြပ်တာတွေ ပိုများလာ
ဝိုင်းမော်–ချီဖွေသွားတဲ့ ဂိတ်တစ်လျှောက် စစ်ဆေးမှုတွေတင်းကျပ်နေတာကြောင့် ခရီးသွားပြည်သူများ အဖက်ဖက်ကနေ ခက်ခဲလာနေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်တပ်ဂိတ်၊ KIA ဂိတ်၊ စုပေါင်းဂိတ် စတဲ့ဂိတ်တွေ စုစုပေါင်း ၁၆ ခုလောက်ရှိသလို ခရီးသွားဒေသခံပြည်သူတွေထဲက မင်္သကာသူတွေကို…
Read More » -
2 Januaryဆောင်းပါး
တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ နေရပ်ပြန်ရွှေညောင်ပင်ပြည်သူများ
“မျောက်သစ်ကိုင်းလွှတ်သလို ဖြစ်နေပြီ ဘာလုပ်လို့လုပ်ရမှန်းမသိ ဘယ်အချိန်ဘယ်နေ့ပြေးရမှန်းမသိ အဲ့လိုမျိုးပဲ ဆိုးရွားတဲ့အခြေနေတစ်ခုကိုပဲ စောင့်နေရသလိုဖြစ်နေတယ်” လို့ ဆိုလာသူကတော့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာကဒေသခံ ကိုနောနော် (အမည်လွှဲ) ပါ။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်ရေးတပ်မတော် KIA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေလို့ ထွက်ပြေးနေရသူလည်းဖြစ်ပါတယ်။ ရွှေညောင်ပင်ဒေသခံတွေဟာ…
Read More » -
Dec- 2023 -28 Decemberသတင်း
ဝိုင်းမော်ဒေသခံ ၂ ယောက်ကို ရွှေမင်းပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁) ကျေးရွာမှာ ဦးရွှေမင်း လီဆူပြည်သူ့စစ်အဖွဲ့ တွေက အမျိုးသား ၂ ယောက်ကို အတင်းအဓမ္မ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် ဒီကနေ့ နံနက်ပိုင်း ၈ နာရီလောက်မှာ…
Read More » -
28 Decemberသတင်း
ရွှေညောင်ပင်စစ်ရှောင်တွေ သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့ဖို့ပြင်ဆင်
ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာက ကချင်နှစ်ခြင်းအသင်းတော် KBC မှာ လာရောက်ခိုလှုံနေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေဟာ စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပြီလို့ ရွှေညောင်ပင်စစ်ရှောင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်ကစပြီး ရွှေညောင်ပင် ခလရ…
Read More » -
27 Decemberသတင်း
ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ခကွမ်ရပ်ကွက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝိုင်းမော်ဒေေသခံတွေထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ညနေ ၄နာရီခွဲလောက်မှာ ခကွမ်ရပ်ကွက် စစ်ကောင်စီတပ်ရဲ့ တပ်ရင်း(၅၈) အနားမှာ…
Read More »








