,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

ကွတ်ခိုင်စစ်ရှောင်တချို့ နေရပ်ပြန်အခြေချရေးအတွက်အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဖန်ငေါ့ကျေးရွာအနီးရှိ စစ်ဘေးရှောင်တရာကျော်သည်  မိမိနေရပ်ဒေသသို့ ပြန်လည်အခြေချနေထိုင်ရန်အတွက် အကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။

တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ကြား ၂၀၁၆  ဒီဇင်ဘာလမှ စတင်ပြီး ကျေးရွာအနီး တိုက်ပွဲတွေကြောင့် ဖန်ငေါ့ကျေးရွာကိုစွန့်ပြီး ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအုပ်စု မန်လွယ်ကျေးရွာအုပ်စု Bang Lim pa ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ထိုနေရာတွင် ၄ နှစ်တာစစ်ရှောင်အဖြစ်ခိုလှုံခဲ့စဉ် တာဝန်ခံခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ၁၂ ဦး ထိတ်လန့်တကြား ဖျားနာပြီး ဆုံးသွားကြတာကြောင့် ကိုယ့်နေရပ်ကို ပြန်လာခြင်း ဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ ဦးဆောင်သူတွေ လူကြီးတွေ အလန့်တကြား သေဆုံးလာကြတော့ အဲ့နေရာမှာ ကျွန်တော်တို့မနေချင်တော့ဘူး။ ကျွန်မတို့လည်း အဖြေကိုရှာလို့မရဖြစ်နေတာ ဆေးခန်းနှင့်လည်း ဘယ်လောက်မှမဝေးတာကို ဆေးအပ်တစ်မျှင်တောင် မထိုးလိုက်ရဘဲ အလန့်တကြား သေဆုံးလာကြတာ။ ဒါကြောင့် ကျွန်မတို့စိတ်မှာလည်း အဲ့ဒီဒေသနေရာကို မလုံခြုံသလို ခံစားလာတယ်။ ဆက်လက်နေနေမယ်ဆိုရင် ဘယ်သူတွေကို ဆက်လက်ဆုံးရှုံးလာရမလဲပေါ့။ လက်နက်ခဲရမ်းကိုကြောက်လို့ ထွက်ပြေးပါတယ်ဆို အဲ့လို လက်နက်ခဲရမ်းတွေကြောင့်လဲမဟုတ်ဘဲ ဒီလို ထိတ်လန့်တကြား သေဆုံးလာကြတယ်။ အဲ့တာကို ကြောက်လို့ မြန်မြန်ပြောင်းရွှေ့ကြတယ်။ ခဏလေးတောင်မနေချင်တော့လို့ ဒီလိုမျိုး မိုးနဲ့ဆိုလည်း အမြန်ပြောင်းရွှေ့လိုက်ရတာဖြစ်တယ်။” ဟု စစ်ရှောင်ပြည်သူ ဒေါ်ဂျာဒွဲ ကပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့ ၎င်းတို့ မူလကျေးရွာအနီး တွင် မိုးကာတဲများဖြင့် ပြန်လည်နေရာယူအခြေချထားသည်ဟု ဆိုသည်။

နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၂၄ စု လူဦးရေ ၁၁၅ အတွက် နေအိမ်နှင့် အစားအသောက်များအတွက် ကူညီထောက်ပံ့မှုများစွာ လိုအပ်နေကြောင်း သိရသည်။

Read Previous

မျှော်လင့်ခဲ့တဲ့ ကတိတွေအတွက် ကိုယ်တိုင်ကြိုးစားကြရတော့မည်

Read Next

မဲပေးရာတွင် တံဆိပ်တုံး အတု အစစ် သတိပြုရန် UEC ထုတ်ပြန်