ရွေးကောက်ပွဲဆိုင်ရာသတင်း

မဲပေးရာတွင် တံဆိပ်တုံး အတု အစစ် သတိပြုရန် UEC ထုတ်ပြန်

မဲပေးရာတွင် တံဆိပ်တုံး၌ UEC စာလုံး သုံးလုံး ပါရှိခြင်း ရှိ/ မရှိ ကြည့်ရူစစ်ဆေးပြီးမှသာ ဆန္ဒမဲပေးရန် နိုဝင်ဘာလ ၆ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။

လက်ရှိအခြေနေအရ နေရာတချို့တွင် ဆန္ဒမဲပြုမည့် တံဆိပ်တုံးအတုများပေါ်ထွက်နေသဖြင့် UEC စာလုံးသုံးလုံးပါရှိမှသာ ဆန္ဒမဲပြုရန်နှင့် အဆိုပါစာလုံးသုံးလုံးပါရှိခြင်း မရှိပါက သက်ဆိုင်ရာမဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များထံ အကြောင်းကြားလှဲလှယ်ဆောင်ရွက်နိင်ကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲ၏ ကြိုတင်မဲပေးခြင်းလုပ်ငန်းများအား အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ထိ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့တွင် မဲလာရောက်ပေးနိုင်ခြင်းမရှိသည့်သူများ၊ အသက် ၆၀ အထက် ကြိုတင်မဲပေးခြင်းလုပ်ငန်းများအားပေးခဲ့ကြရာ၊ အချို့တိုင်းဒေသကြီးရှိ ရပ်ကျေးမဲရုံအချို့တွင် UEC အမှတ်အသား ပါရှိခြင်း မရှိသည့် တံဆိပ်တုံးအတုများဖြင့် မဲပေးသည့် ဖြစ်စဉ်များရှိခဲ့သည့်တွက် တိုင်တန်းအရေးယူမှုများရှိခဲ့သည်။

မဲရလဒ်များကြေညာရာတွင် လူစုလူဝေးမဖြစ်စေရန် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနေအိမ်မှသာ မဲရလဒ်များစောင့်ကြည့်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထပ်မံထုတ်ပြန်ထားသည်။

ထို့အပြင် လွှွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ခံရသည့်သူများကိုလည်း အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေညာပေးမည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ရွေးကောက်ခံရသည့် ပုဂ္ဂိုများ၏ စာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်နှင့် လူမူကွန်ယက်စာမျက်နှာများမှ ကြေညာပေးသွားမည်ဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲသည် Covid-19 ကပ်ရောဂါကာလဖြစ်သည့်အတွက် ကျန်းမာရေးလမ်းညွှန်ချက်အရ လူစုလူဝေးမဖြစ်ရန်တွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနေအိမ်မှသာ စောင့်ကြည့်ရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

Show More

Related Articles

Back to top button