သတင်း

ငြိမ်းချမ်းရေးအတွက် တပ်မတော်ဘက်က ၅ ဦးအဖွဲ့ ဖွဲ့စည်း

ငြိမ်းချမ်းရေးရရှိရန်အတွက် တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရန် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး ပါဝင်သော တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို နိုဝင်ဘာလ ၉ ရက်နေ့ဖွဲ့စည်းခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင်တပ်မတော် (AA) အဖွဲ့စသောအဖွဲ့များနှင့် တပ်မတော်သည် Bilateral အပစ်ရပ်ရေးအတွက် ဆွေးနွေးနေဆဲဖြစ်ရာ ကိုဗစ်ကာလကြောင့် ရပ်တန့်ထားသည်ဟု သိရသည်။

“တပ်မတော်ထုတ်ပြန်ချက်ကိုကြည့်ခြင်ဖြင့် ငြိမ်းချမ်းရေးကိုပိုပြီးလုပ်ဆောင်နိုင်ဖို့ရန်အတွက် လုပ်ဆောင်လာတာဖြစ်ပြီး Covid-19 ကြောင့်နှင့် ရွေးကောက်ပွဲကြောင့်တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်ခဲ့ဘူး။ တပ်မတော်နှင့် ပြန်လည်တွေ့ဆုံဆွေးနွေးနိုင်အောင်ဆိုပြီး ဖွဲ့စည်းထားတဲ့အတွက်ငြိမ်းချမ်းရေးအတွက်ပိုပြီး လုပ်ဆောင်လာနိုင်ဖို့ရန်အတွက် မျော်လင့်တယ်” ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက ဆိုသည်။

တပ်မတော်၏ထုတ်ပြန်ချက်တွင် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဆွေးနွေးနေဆဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး ဆက်လက်ဆွေးနွေးရန် လိုအပ်လျက် ရှိပါသည်ဟု ရေးသားထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်သည် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက်ဆွေးနွေးနိုင်ဖို့ရန်အတွက် တံခါးဖွင့်ပေးသည့်သဘောမျိုးဖြစ်ကြောင်း ကချင်ပြည်နယ်မှ နိုင်ငံရေးသုံးသပ်သူတစ်ဦး ကိုစာဂျီ က ပြောဆိုထားသည်။

“တပ်ရဲ့အပြုအမူတွေက ကြီးကြီးမားမားပြောင်လဲမှာတော့မဟုတ်ဘူူး။ အရင်တုန်းကဆွေးနွေးထားတဲ့အတိုင်း ဆက်ဆွေးနွေးသွားရန်ဖြစ်တယ်လို့ပဲမြင်တယ်။ ယခုထုတ်ပြန်ချက်က တိုင်းရင်းသားလက်နက်ကိုင်များကိုနိုင်ငံရေးဆက်လက်တွေ့ဆုံဆွေးနွေးဖို့ရန် အတွက်တံခါးဖွင့်ထားတဲ့အနေဖြင့် ညင်သာစွာချင်းကပ်ပြီး ဆက်သွယ်ရန်လိပ်စာတစ်ခုပေးလိုက်တဲ့သဘောမျိုးဖြစ်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစာဂျီက ပြောသည်။

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အစိုးရဖြင့်ဆွေးနွေးခဲ့ရာ တပ်မတော်သား သီးသန့်ပါဝင်သောအဖွဲ့ကို တပ်မတော်ဘက်က ပြန်လည်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button