သတင်း

ဗန်းမော် တစ်မြို့လုံးစာ အမှိုက်ပုံ မီးလောင်မှုကြောင့် လေထုညစ်ညမ်းမှုကို အမြန်ဖြေရှင်းပေးရန်ဒေသခံများတောင်းဆို

ကချင်ပြည်နယ် ဗန်းမော်မြို့ ဟန်းတဲလ်ရပ်ကွက်ရှိ အမိူက်ပုံ နေ့စဉ် မီးလောင်နေသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်များသည် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရသဖြင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

အမှိုက်ပုံ မီးလောင်မှုကြောင့် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်လာနိုင်သည့်အတွက် အမြန်ဆုံးပြောင်းရွှေ့ပေးရန် အစိုးရထံ ၂၀၁၉ ခုနှစ်တွင် စာတင်ခဲ့သော်လည်း ယနေ့ချိန်ထိ ဖြေရှင်းပေးခြင်းမရှိကြောင်း ဆင်ကုန်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် က ပြောသည်။

“ဘယ်လိုဖြစ်နေလဲဆိုရင် အဲအမိူက်ပုံက အလယ်ခေါင်မှာကြီးဖြစ်နေတာ ရပ်ကွက် ၄ခုရဲ့အလယ်မှာဖြစ်နေပြီ။ ခုဆိုရင် ၁၁ လပိုင်ကတည်းက မီးလောင်နေတာ မီးငြိမ်းပေးဖို့ပြောတယ်။ သက်ဆိုင်ရာကလည်းလာငြိမ်းကြပါတယ်။ ဒါပေမယ့် အမိူက်ပုံက ထူတော့ ရေကအပေါ်ယံလောက်ဘဲလောင်းပြီးတော့ အထဲမှာတစ်မြိုက်မြိုက်လောင်နေတော့ ညညဆိုပိုဆိုးတယ် အဲအနံ့က အိပ်လို့မရဘူး။ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်အပြင်၊ စည်ပင်ဝန်ကြီးကိုလည်း ဗန်းမော်လာတဲ့ချိန်မှာ ကျနော်ကိုယ်တိုင်တင်ပြပေးပြီးပြီ။ လုပ်ပေးမယ်ပြောပြီးတော့ ခုချိန်ထိဘာမှလည်းမတုံ့ပြန်ဘူး။ ဒီကိုတော့ ခိုင်းရင်လည်းခိုင်းမှာပေါ့။ ဒီကဟာတွေက ဘာမှမလုပ်ဘူးဖြစ်နေတာ။” ဟု ဆင်ကုန်းအုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ကပြောသည်။

အဆိုပါ အမိူက်ပုံသည် ဗန်းမော်မြို့တစ်မြို့လုံး၏ စွန့်ပစ်အမိူက်ပုံဖြစ်ပြီး တစ်ရက်လျှင် အမှိုက် ၃၀ တန်ခန့် လာရောက်စွန့်ပစ်နေပြီး ယင်းအမိူက်ပုံသည် ၂၀၀၄ ခုနှစ်မှစကာ စတင်လာရောက်ပစ်ခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံများက ပြောသည်။

အမိူက် တစ်ဖြည်းဖြည်းများလာသည်နှင့်အမျှ ၂၀၀၆ ခုနှစ်မှစကာ မီးစလောင်နေပြီး မိုးတွင်းကာလတွင်သာ မီးငြိမ်းကြောင်း ဒေသခံတစ်ဦးဖြစ်သည့် မေဇင်က ယခုလိုပြောသည်။

“အဲအမိူက်ပုံက သုသာန်နားမှာ ဗန်းမော်တစ်မြို့လုံး၏ အမိူက်ကိုစည်ပင်က အဲနေရာမှာလာပစ်ပြီး မီးရိူ့တယ်။ ရိူ့ပြီးရင် မီးသတ်ကနေပြီးတော့ မီးငြိမ်းတယ်။ ဒါပေမယ့်အကုန်လုံး မငြိမ်းနိုင်တဲ့ချိန်ကျတော့ ညဆိုတစ်ညလုံးပူပြီး အငွေ့တွေကလေ အရမ်းနံတယ်။ ဗိုက်ခွဲထားတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ကလေးတွေအတွက် ရမ်းကိုဒုက္ခရောက်တယ်။ ဒီကိစ္စကိုဖြေရှင်းပေးဖို့အတွက်ဆိုပြီး အရင်တုန်းက ကျမတို့အားလုံးလက်မှတ်ဝိုင်းထိုးပြိးတော့ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီးတင်ခဲ့တာမျိုးတော့ရှိခဲ့တယ် ဒါပေမယ့် ဘာမှမလုပ်ပေးသေးကြဘူး။” ဟု ပြောသည်။

ဒေသခံများ စာတင်ရာတွင် အဓိကအားအချက်အနေဖြင့် အမိူက်ပုံအားနေရာပြောင်းရွှေ့ပေးရန်နှင့် မီးခိုးငွေ့မထွက်အောင်ဆောင်ရွက်ပေးဖို့ အဓိကတောင်းဆိုထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးနော်လီအား ဆက်သွယ်မေးမြန်းရာ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ယခုလိုပြောသည်။

“အဲဗန်းမော် အမိူက်ပုံနဲ့ပတ်သက်ပြီးတော့မှ ကျနော်ဗန်းမော်ဘက်ကိုကွင်းဆင်းတဲ့ချိန်မှာတွေ့ရပါတယ်။ ဒါပေမယ့် အဲနေရာမပုံဘဲနဲ့ တစ်ခြားနေရာမှာပုံမယ်ဆိုတဲ့ချိန်ကျတော့ မြေနေရာပြန်ရှာရမှာဖြစ်တယ်။ မြေနေရာမရခင်တော့ အဲမှာဘဲ ပုံနေရသေးတာဖြစ်တယ်။ အဲကြောင့် နေရာပြောင်းရွှေ့ဖို့ ကျနောကွင်းဆင်းတဲ့ချိန် မှာခဲ့တာက အဲမှာရှိတဲ့စည်ပင်ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးတွေကို တိုင်ပင်ပြီးတော့မှ တစ်ခြားမြေနေရာကို ဝိုင်းရှာဖို့ တွေ့ပြီဆိုရင် အလှူခံဖို့ (သို့မဟုတ်) ဝယ်စရာရှိရင်ဝယ်မယ်လို့ ပြောထားခဲ့တယ်။ ဒါပေမယ့် မြို့နယ်ကနေပြီး မြေနေရာရှာထားပြီဆိုတာကို တင်ပြလာတာမရှိသေးတဲ့အတွက် အဲမှာပုံနေရခြင်းဖြစ်ပါတယ်။” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခမ်းရယ်)က ဆိုသည်။

လက်ရှိအချိန် အမိူက်များမီးရိူ့ရခြင်းသည် အမိူက်များပိုမိုများလာခြင်းမရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်သည့်အတွက် လက်ရှိပြည်သူများခံစားနေရသည့် လေထုညစ်ညမ်းမူများမဖြစ်စေရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည်ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ အမိူက်ပုံအားပြောင်းရွှေ့နိုင်ရန် မြေနေရာရရှိရေးအတွက် ဗန်းမော်ဒေသခံများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပေးရန် မေတ္တာရပ်ခံလိုကြောင်း စည်ပင်ဝန်ကြီးကပြောသည်။

“မြေနေရာရမှသာလျှင် စည်ပင်ဘတ်ဂျတ်လျာထားပြီးမှသော်လည်းကောင်း၊ပြည်နယ်အစိုးရဆီမှာ တင်ပြပြီးမှ အမိူက်ပုံလုပ်မယ့်နေရာကို ပြန်ဝယ်ရမှာဖြစ်ပါတယ်။ အဲကြောင့် ဗန်းမော်ဒေသခံတွေကိုလည်း မြေနေရာရဖို့တွက် ကူညီပေးကြဖို့ပြောချင်ပါတယ်။”ဟု စည်ပင်ဝန်ကြီး ဦးနော်လီက ဆိုသည်။

ယင်းအမိူက်ပုံသည် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်ကာ ပစ်ခဲ့သည့်အတွက်ဆို ယခုဆို ၁၆ နှစ်ရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button