Covid-19 Reportingသတင်း

Non Stay at Home ဒေသမှပြည်သူများ လေကြောင်းလိုင်းဖြင့်ခရီးသွားလျှင် Quarantine ဝင်ရန်မလို

Stay Home ကြေညာခြင်းမခံရသည့် ဒေသမှပြည်သူများအနေဖြင့် အခြားဒေသသို့ လေကြောင်းလိုင်းဖြင့်ခရီးသွားမည်ဆိုပါက Quarantine ဝင်စရာမလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လေကြောင်းလိုင်းဖြင့် ခရီးသွားမည့် ခရီးသည်များအနေဖြင့် ခရီးမထွက်ခွာမီ ၃၆ နာရီအတွင်း (Test RDT Kit)နှင့် စစ်ဆေးထားပြီးဖြစ်သည့်အတွက် Quarantine ဝင်စရာမလိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပြန်လည်စတင်ပြေးဆွဲမည့် လေကြောင်းလိုင်းများတွင် လိုက်ပါစီးနင်းမည့်ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများအားလုံး လိုက်နာရမည့် ကျန်းမာရေးလမ်းညွှန်ချက်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ပြည်တွင်းလေကြောင်းလိုင်းဖြင့် လိုက်ပါစီးနင်းမည့်ခရီးသည်များ ကြိုတင်ဆောင်ရွက်ရမည့် အချက်ပေါင်း ၉ချက်ပါဝင်ပြီး၊ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များအတွင်း ခရီးသည်များ လိုက်နာရမည့် အချက်ပေါင်း ၆ချက်ပါရှိသည်။

လေကြောင်းလိုင်းဖြင့် ခရီးသွားသူများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ပြီးနောက်တွင် ကျန်းမာရေးဌာနမှ အသိအမှတ်ပြုထားသည့် ပုဂ္ဂလိက ဆေးရုံ သို့မဟုတ် အသိအမှတ်ပြုထားသည့် ဆေးခန်း ဓါတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။

လေကြောင်းလိုင်းဖြင့် ခရီးသွားမည့် ခရီးစဉ်မစတင်မီ ၃၆ နာရီအတွင်း (RDT)kit ဖြင့် စစ်ဆေးထားပြီးဖြစ်သဖြင့်
သို့သော် Stay at Home ဒေသမှပြည်သူများသည် Non-stay-at-Home ဒေသသို့ ရောက်ရှိပါက Facility Quarantine(သို့မဟုတ်) Hotel Quarantine ဝင်ရမည်ဖြစ်သည်။ ရောက်ရှိသည့်နေ့တွင် Facility Quarantine နေရာလုံလောက်မူမရှိပါက Hotel Quarantine မိမိစရိတ်ဖြင့် ဝင်ရမည်ဖြစ်ပြီး Quarantine ဝင်ရောက်ပြီး ၃ ရက်မြောက်နေ့တွင် RT-PCR-Test မိမိစရိတ်ဖြင့် စစ်ဆေး၍ ရောဂါပိုးမတွေ့ရှိပါက Quarantine မှထွက်နိုင်သည်။

သို့သော် RT-PCR-Test ဖြင့် စစ်ဆေးခြင်းမရှိပါက (RTD) Kitဖြင့်သာ စစ်ဆေးပါက (၇)မြောက်နေ့တွင် စစ်ဆေးပြီး ပိုးကင်းစင်မှ Quarantine ထွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းသို့ လာမည့် လေကြောင်းခရီးသည်များအနေဖြင့် Hotel Quarantine ဝင်ရောက်မည်ဆိုပါက မြန်မာနိုင်ငံသားတစ်ဦးလျှင် တစ်ရက်(၅၀၀၀၀)နူန်းဖြင့် စုစုပေါင်း (၇)ရက်အတွင်း (၃၅၀၀၀၀)ကျပ်၊ နိုင်ငံခြားသားတစ်ဦးလျှင် စုစုပေါင်း (၇)ရက် အမေရိကန်ဒေါ်လာ(၃၅၀) တိတိ ကျသင့်မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်ထားသည်။

Facility Quarantine ဝင်ရောက်မည်ဆိုပါက မြန်မာနိုင်ငံသားတစ်ဦးလျှင် တစ်ရက်(၅၀၀၀)ကျပ်၊စုစပေါင်း ၇ရက်(၃၅၀၀၀)ကျပ် ကျသင့်မည်ဖြစ်သည်။

ကချင်ပြည်နယ်မှ ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီးသွားမည့် ခရီးသည်များအား ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ရက်လျှင် နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)ထိ တစ်ကြိမ်၊ နေ့လည် (၀၁း၀၀)နာရီမှ (၀၃း၀၀)နာရီထိ စစ်ဆေးပေးနေပြီဖြစ်သည်။

Show More

Related Articles

Back to top button