တိုက်ပွဲသတင်း

စာရင်းစစ်ဦးစီးမှူး၏ အစ်ကိုယ်ဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ

မိုးမောက်မြို့ စစ်ကောင်စီလက်အောက်ရှိ မြို့နယ်စာရင်းစစ်ဦးစီးမှူး၏ အစ်ကိုယ်ဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

ဇွန်လ ၂၁ရက်နေ့ ယမန့်နေ့ည ၈နာရီခွဲဝန်းကျင်တွင် စာရင်စစ်ရုံးဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၆၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု မိုးမောက် ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“မနေ့ည သေနတ်သံ ၆ ချက်လောက် ပေါက်သံတော့ကြားလိုက်တယ်။ ဒီကနေ့မနက်က စာရင်းစစ်ရုံးမှာ ပစ်ခတ်မှုဖြစ်ပွားတယ် လို့သိရတယ်ပေါ့။ အဲ့မှာ စာရင်းစစ်ဦးစီးမှူး၏ အစ်ကိုယ်ဖြစ်သူက ပစ်သတ်ခံရတယ်တဲ့။ ဘယ်အဖွဲ့အစည်းကနေ လာလုပ်သွားတာကို သေချာမသိရဘူး။ သူတို့အချင်းချင်းလား။ ဒါမှမဟုတ် လက်နက်ကိုင်တွေလား။ မသိရဘူး” ဟု ပြောဆိုသည်။
ထို့နောက် ဇွန်လ ၂၂ရက်နေ့ ယနေ့ နံနက် ၉နာရီခွဲဝန်းကျင်တွင်လည်း မိုးမောက်မြို့ အ.ထ.က ကျောင်းတွင် ဗုံး ၂လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးထက်မနည်းရှိကြောင်းလည်း သိရသည်။

Related Articles

Back to top button