တိုက်ပွဲသတင်း

ဗလမင်းထင် တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်

ယနေ့ည မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းတံတား စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြေသည်။

“အသေးစိတ်တော့မသိသေးဘူး။ တပ်ရင်း ၃ က သွားပစ်တယ်လို့တော့ကြားပြီ။” ဟု KNG ကို အတည်ပြု ပြောဆိုခဲ့သည်။

ည ၈ နာရီ ဝန်းကျင် စုပေါင်းဂိတ်တွင် ပြင်းထန်သော ပေါက်ကွဲမှုစဖြစ်ခဲ့ပြီးနောက် ဗလင်းမင်းထင်တံတား စောင့်စစ်တပ်ဘက်ကလည်း သေနတ်အသေးနဲ့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်။

စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်သော လက်နက်ကြီးများ မည်သည့်နေရာတွင်ကျရောက်သည်ကို မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားရာစုပေါင်းဂိတ်အနီးတွင်ရှိသော မိုင်းနားစစ်ရှောင်စခန်းမှ ပြည်သူများမှာ သေနတ်တိုက်များကြောင့် အထုတ်အပိုးပြင်ကာ ထွက်ပြေးရန်အဆင်သင့် ရှိခဲ့ကြောင်း စစ်ရှောင်များပြောပြလာသည်။

Show More

Related Articles

Back to top button