Covid-19 Reportingသတင်း

မြစ်ကြီးနားမြို့၊ကိုဗစ်အတည်ပြုလူနာ (၃)ဦး ထပ်တိုး

ဇွန်လ ၂၃ရက်နေ့၊စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့မှ ကိုဗစ်အတည်ပြု လူနာ (၃)ဦး ထပ်မံတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

ကိုဗစ်တတိယလှိုင်းကချင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ တစ်လအတွင်း ၁၇ ဦးထိရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၂၁ရက်နေ့ ထုတ်ပြန်ချက်တွင် ဖားကန့်မှ ၂ဦး၊မိုးကောင်း ၁ဦး၊မြစ်ကြီးနား ၁ဦး စုစုပေါင်း ၄ဦး၊ဇွန်လ ၂၂ရက်နေ့တွင် မြစ်ကြီးနားမှ ၄ဦး၊ဇွန်လ ၂၃ရက်နေ့ ၃ဦး၊ဇွန်လ ပထမပတ် ဝိုင်းမော်မြို့မှ ၆ဦး၊စုစုပေါင်း ၁၄ဦးထိ ရှိလာပြီဖြစ်သည်။
ယင်းပိုးတွေ့လူနာများသည် မည်သည့်ရပ်ကွက်မှဖြစ်ကြောင်း အသေးစိတ်သိနိုင်ရန် သက်ဆိုင်ရာများထံသို့ ဆက်သွယ်မေးမြန်းရာ ဇွန်လ ၂၁ရက်နေ့ ထုတ်ပြန်သည့် မြစ်ကြီးနား၊ကချင်စု မူလွန်ကျောင်းမှ ပညာရေးဝန်ထမ်းတစ်ဦးသာ သိရှိခဲ့ပြီး အချို့နေရပ်လိပ်စာများအား ဆက်သွယ်၍ မရသေးပေ။
Show More

Related Articles

Back to top button