သတင်း

တောဆင်တစ်ကောင် မှုန်ယို‌နေကာ လူနေအိမ်အချို့ ဖျက်ဆီးနေသဖြင့် ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရ

ဆွမ်ပရာဘွမ်မြို့နယ် ဂင်ဒူယာန် (Gin Du Yang) ကျေးရွာတွင် တောဆင်တစ်ကောင် မှုန်ယိုကာ လူနေအိမ် ၄ အိမ်ထက်မနည်း ဖျက်ဆီးခဲ့သောကြောင့်ဒေသခံပြည်သူများတစ်ချို့ ပူတာအိုမြို့နယ် ဆွမ်ပီယန် (Sum Pyi Yang Mare) ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဇွန်လ ယနေ့ နံနက် ၅ နာရီလောက် အချိန်မှစပြီး ကျေးရွာအတွင်း တော်ဆင်ရှိုင်းများ ဝင်ရောက်လာပြီး ရွာအောက်ပိုင်းရှိ လူနေအိမ်များကို တွန်းလှန်ဖျက်စီးမှုများပြုလုပ်ခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“ဒီမနက် ၅ နာရီလောက်ကနေဟုတ်တယ်။ အခုချိန်ထိ ဆင်မှုန်ယိုနေတုန်း။ အဲ့ဆင်အရမ်းကြီးတယ်။ အနားတောင်သွားလို့မရဘူး။ ရွာသားတွေအားလုံးက ကြောက်ပြီး ထွက်ပြေးနေရတယ်”ဟုပြောဆိုသည်။
ပူတာအိုမြို့နယ် အင်ဆိုင်းယန် ကျေးရွာဘက်သို့ အင်ဒူယာန် ဒေသခံ ၅၀ ခန့်က ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
အဆိုပါ တောဆင်မှာ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ယခင်ကတည်းက ရှိနေပြီး ကျေးရွာအတွင်း ဝင်ရောက်မှုန်ယိုမှုကြောင့် ရွာသား ၃ဦးထက်မနည်း အသက်ဆုံးရှုံးမှုများရှိခဲ့ဖူးကြောင်း သိရသည်။
ဆွမ်ပီယာန်ကျေးရွာမှာ ဂင်ဒူယာန်ကျေးရွာမှ ၇ မိုင်ခန့်ဝေးသည့် နေရာဖြစ်သည်။
Show More

Related Articles

Back to top button