သတင်း

မိုင်းနား KBC စစ်ရှောင်စခန်းမှ အမျိုးသမီး ၂ ဦးတွင် Covid-19 ပိုးတွေ့

ဝိုင်းမော်မြို့ နယ် မိုင်းနား KBC စစ်ရှောင်စခန်းတွင် ပထမဆုံး အမျိုးသမီး ၂ ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိရကြောင်း စစ်ရှောင်တာဝန်ခံများထံမှ သိရသည်။

ပိုး ကူးစက်ခံရသူ ၂ ဦးမှာ အသက် ၅၈ နှစ် အရွယ် နှင့် အသက် ၆၀ ဝန်းကျင် အရွယ်တို့ဖြစ်ကြပြီး သူတို့ ၂ ဦးစလုံးမှာ အပြင် မထွက်ဘဲ စခန်းအတွင်းနေထိုင်းရင်း ရောဂါလက္ခဏာပြလာသောကြောင့် စစ်ဆေးရာ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံ က ပြောသည်။

“အခု ကိုဗစ်ပိုးတွေ့ရှိတဲ့ ၂ ယောက်က အပြင်ထွက်တဲ့သူတွေလည်း မဟုတ်ဘူး။ ၂ယောက်စလုံး အသက်လည်း ကြီးတယ်။ ဘယ်ကနေ ဘယ်လိုစကူးမှန်းလည်းမသိဘူး။ စခန်းတစ်ခုလုံးလည်း အံ့ဩနေကြတယ်။ ပြီးရင် စခန်းကိုလည်း ၂၀ရက်ကတည်းက Lock Down ချလိုက်ပြီဟုတ်တယ်” ဟု ပြောဆိုသည်။

လက်ရှိ အဆိုပါရောဂါပိုးတွေ့သူ ၂ ဦးကို ဝိုင်းမော် ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး မိသားစုဝင်များကို နေအိမ်အတွင်း Lock Down ချထားကြောင်း ဆက်ဆိုသည်။

မိုင်းနား KBC စစ်ရှောင်စခန်းတွင် စစ်ရှောင် အိမ်ထောင်စု ၅၀၀ ကျော်နှင့် လူဦးရေ ၃ ထောင်နီပါးခန့်ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button