Covid-19 Reportingသတင်း

ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင် စစ်ရှောင်စခန်းကို lockdown ချမှတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ပြီးနောက် ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝှေကျိုင်စစ်ရှောင်စခန်းကို ဇူလိုင်လ ၂၇ရက်နေ့မှစကာ Lockdown ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ခုပိုးတွေ့တဲ့သူက ၁၇ ရက်နေ့ တောင်ယာသွားလက်မှတ်နဲ့ ခိုးပြီးထွက်သွားတာ တောင်ယာမရောက်ဘဲနဲ့ ရွာထဲ‌လျှာက်သွားခဲ့ပြီးမှ ပေါက်ဆယ်ရွာထဲကိုသွားတယ်။ ပြီးတော့ Camp ထဲတောင်ယာသွားတဲ့ပုံစံနဲ့ ပြန်ခိုးဝင်လာတယ်။‌ နောက် ၂၅ ရက်နေ့ ဝေကျိုင်စစ်ရှောင်စခန်းထဲပြန်ရောက်လာတယ်။ ၂၆ရက်နေ့က ဂျေယန် Camp ပြန်ခိုးဝင်လာတဲ့အတွက် အဲက လူတွေက ပြန်အကြောင်းကြားလာတဲ့အတွက် သွား‌ခေါ်ယူပြီး စစ်ကြည့်တော့ ကိုဗစ် Positive ဖြစ်နေတယ်” ဟု KIO ဗဟိုဌာနချုပ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ် ပြောသည်။

လက်ရှိ ပိုးတွေ့လူနာသည် ဂျေယန်စစ်ရှောင်စခန်းမှဖြစ်သော်လည်း ဝှေကျိုင်စစ်ရှောင်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည့်အတွက် Camp နှစ်ခုစလုံး Lockdown ချမှတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် လိုင်ဇာမြို့တွင်း ပထမဆုံးပိုးတွေ့ရှိသူဖြစ်သည့်အတွက် ပိုးတွေ့လူနာနဲ့ ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းကာ ကျန်းမာရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“သူက မြို့ထဲမှာလည်း ဈေးသွားဝယ်တာတွေလည်း ရှိတယ်လို့ သိရတယ်။ အဲကြောင့် ကျနော်တို့က သူနဲ့ဆက်စပ်သူတွေအားလုံးလည်း စုံစမ်းနေတယ်။ ဆက်စပ်သူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းပြီး ကျန်းမာရေးစစ်ဆေးမူလုပ်သွားမယ်။ အားလုံးကို ဆေးစစ်ဖို့တော့မဖြစ်နိုင်သေးဘူး” ဟု လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။

လက်ရှိ ကိုဗစ်တတိလှိုင်းပြင်းထန်နေသည့်အတွက် KIA ထိန်းချုပ်ရာနယ်မြေတွင်းရှိ မိဘပြည်သူများ ကျန်းမာရေးညွှန်ကြားချက်အတိုင်း လိုက်နာကြရန်လည်း ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ယခု ပိုးတွေ့သူပေါ်လာခြင်း ဖြစ်ပြီး မိုင်ဂျာယန်မြို့တွင်မူ ပိုးတွေ့လူနာ ၈၀၀ ကျော်လာပြီ ဖြစ်သည်။

Show More

Related Articles

Back to top button