သတင်း

မုံးကိုးမြို့နယ်ခွဲ မှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ ကောင်းဒပ်ရွာနဲ့ ကောင်းလုံရွာကြားမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ မွန်းလွဲပိုင်းက ၄ နာရီ နီးပါးကြာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဒီနေ့တော့ ကောင်ဒပ်၊ ကောင်းလုံ အောက် ကောင်းဒပ် နဲ့ ကောင်းလုံကြားမှာ တအားပစ်နေတယ်။ ရွာကလူတွေတော့ ဘာမှ မဖြစ်ဘူး။ စပါးရိတ်တဲ့သူတွေလည်း အားလုံး ပြန်သွားပြီ။ စပါးရိတ်နေတဲ့ အချိန်မို့။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်‌နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်ခန့်ကစပြီး  ညနေ ၆ နာရီ ခန့် အထိ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်လို့ ပြောပါတယ်။

ပစ်ခတ်မှုအတွင်း လယ်ကွင်းမှာ ကျွဲကျောင်းနေတဲ့သူကို လက်နက်ကြီး စင်မိ သွားကြောင်း ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“လက်နက်ကြီးကျည်က စစ်ကောင်စီတွေရှိတဲ့ နေရာ မရောက်ဘူး။ စစ်ကောင်စီတွေက နည်းနည်းအပေါ်မှာ ရှိနေတာ။ ကျွဲကျောင်းတဲ့သူတွေက အောက်နားလေးက လယ်ကွင်းမှာ။ ရေချောင်းနားလေးမှာ။ ကုန်းပေါ်မကျပဲ အောက်မှာ လာကျတာ။ သူတို့ နည်းနည်း ဝေးတယ်။ ပစ်တာ။ စစ်ကောင်စီတပ်တွေ နေတဲ့ နေရာမရောက်ပဲ လယ်ကွင်းမှာ လာကျလို့ နည်းနည်းလေး ထိသွားပါ။” လို့ သူက ထပ်မံ ရှင်းပြပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်တို့သည် ကုန်းသာလမ်းသွယ် နှင့် လှိုင်ဟူဘုရားကျောင်း ရှိ MNDAA တပ်စခန်းများကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် မြေပြင်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသော‌ကြောင့် MNDAA ဘက်ကလည်း ခုခံတိုက်ခိုက်ခဲ့တယ်လို့ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကလည်း ကိုးကန့် MNDAA တပ်စခန်းရှိရာဘက်ကို လတ်တလော အဆက် မပြတ် အင်အား ဖြည့်ကာ စစ်ကြောင်းထိုးနေကြောင်း ကိုးကန့် သတင်းမှာ ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button