,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

အထောက်အထားမဲ့ နိုင်ငံခြားလုပ်သားများကို လုပ်အားခရှင်းပြီး နေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရ ထုတ်ပြန်

မြန်မာ တရုတ် နယ်စပ် အဓိကကုန်သွယ်မြို့တမြို့ ဖြစ်တဲ့ ဝမ်တိန်မြို့မှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားလုပ်သားများကို အောက်တိုဘာ ၅ ရက်နေ့ကစပြီး နေရပ်ပြန်ပို့ရန် တရုတ်အစိုးရက အောက်တိုဘာ ၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဝမ်တိန်က နိုင်ငံခြား လုပ်သားများကိုခန့်ထားတဲ့ လုပ်ငန်းရှင်၊ ကုမ္ပဏီတွေအနေနဲ့ ပေးရမယ့် လုပ်အားခများကို အောက်တိုဘာလ ၄ ရက်ည အပြီးရှင်းပေးပြီး ၅ ရက်နေ့က စတင်ကာ အထောက်အထားမဲ့များကို နေရပ်ပြန်ဖို့ရန်အတွက် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ဆိုထားပါတယ်။

“ဝမ်တိန်ဘက်က နိုင်ငံခြားသားအလုပ်သမားတွေကို ပေးစရာရှိတဲ့ လစာတွေ အပြတ်ရှင်းပေးပြီး ဒီမနက် ၈ နာရီမှာ နိုင်ငံခြားသားတွေကို ပြန်ပို့မှာလို့သိရတယ်” လို့ မြန်မာနိုင်ငံသား ၁ ဦးက ပြောပါတယ်။

ဝမ်တိန် နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ရဲစခန်းကနေ စာရင်းကောက်ပြီး ပြန်ပို့သွားမှာ ဖြစ်ကြောင်းလည်း အဲဒီ အသိပေး ကြေငြာစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ဝမ်တိန်မှာ အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၁ ဦးက အခက်အခဲ ကြုံတွေ့နေရကြောင်း “နေထိုင်ခွင့်သက်တမ်းက လွန်နေပြီ။ လုပ်လက်စအလုပ်တွေ အများကြီး ကျန်သေးတယ်။ ပြန်လာလို့ လုံးဝ မဖြစ်သေးဘူး။” လို့  ပြောပါတယ်။

COVID-19 ကပ်ရောဂါကြောင့် တရုတ်ဘက်ခြမ်းမှာ lockdown ချလိုက်ပြီးနောက် သက်ဆိုင်ရာ ရုံးတွေလည်း ပိတ်ထားခဲ့ရတာပါ။ ဒါကြောင်လည်း နေထိုင်ခွင့် အထောက်အထား ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းတွေကို မလုပ်နိုင်ဘဲ သက်တမ်းကျော် တရားမဝင်မှုတွေ ဖြစ်နေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

တရုတ်ဘက်က COVID-19 ကပ်ရောဂါအကြောင်းပြချက်နဲ့ ကျယ်ဂေါင်မြို့က မြန်မာနိုင်ငံသားတွေကို ပြန်ပို့နေတာကြောင့် တရုတ်နယ်စပ်ဒေသမှာ မှီခို အသက်မွေးဝမ်းကြောင်း ပြုနေရတဲ့ ပြည်သူတွေဟာ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ရွှေလီ နဲ့ ကျယ်ဂေါင် မှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ကျောက်ကုန်သည်များ၊ လုပ်ငန်းရှင်ကြီးများကတော့ တရုတ်အာဏာပိုင်းများက နယ်စပ်ဂိတ်ပေါက် ပြန်ဖွင့်လှစ်မယ့်အချိန်ကိုမျှော်လင့်ပြီး နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ဖြစ်သလိုနေပြီး စောင့်ဆိုင်း သောင်တင်နေကြရတာလည်း ဖြစ်ပါတယ်။

Bum Shep

Read Previous

မိုးမောက် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်ပြီး ၃ စီး ပျက်စီး

Read Next

မုံးကိုး ဖောင်းဆိုင်မှာ အသက် ၇၂ နှစ်အရွယ် သက်ကြီး ၁ ဦး မိုင်းနင်းမိ ဒဏ်ရာ ရ