,

Breaking News :

အရာတော် ဘောင်းကျကျေးရွာအတွင်း အာဏာသိမ်းတပ် တပ်စွဲထားကာ ညမထွက်ရ အမိန့်ထုတ်ပြန်

တနိုင်း-ရှင်ဗွေယန်လမ်းမပေါ် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်

မုံးကိုးမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ကန်ရင်းကျေးရွာနှင့် PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အင်အား ၂၀၀ခန့်ဖြင့် စီးနင်း

မိုးမောက်မြို့နယ် စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ယောက်ဖဖြစ်သူကို အမည်မသိအဖွဲ့မှ ဖမ်းဆီးသွား

သတင်းပေးမူကြောင့် အရာတော် သစ်ကျင်းကြီးကျေးရွာ နေအိမ် ၅ လုံးကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး

မြောက်ဖျားပိုင်း နောင်မွန်မြို့တွင် Covid-19 ပိုးကူးစက်မှု အလွန်များလာ

သတ်မှတ်ချိန်အတွင်း ဖြတ်မောင်းလာသည့် ဆီဘောက်ဆာကား မိုင်းဆွဲခံရ

ပန်ဆိုင်း ရဲစခန်းကို ကိုးကန့်တပ် တိုက်ခိုက်ပြီးနောက် မုံးကိုးဘက်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့

ပန်ဆိုင်း (ကြူကုတ်) တိုက်ပွဲမှာ အရပ်သား ပြည်သူ ၃ ဦး သေဆုံး

မိုးမောက် မြို့သစ်ကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်ပြီး ၃ စီး ပျက်စီး

မိုးမောက်မြို့နယ် ဒါ့ဆိုင်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၃ စီးပျက်စီးသွားသည်ဟု သိရသည်။

ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်ခန့်တွင် ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကား ၁၆ စီးပါသော စစ်ယာဉ်တန်းကို မြို့သစ်ကျေးရွာမရောက်မှီ ဒါ့ဆိုင်းကျေးရွာအနီးတွင် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု မြို့သစ်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“တိုက်ပွဲဖြစ်တဲ့နေရာက ကားလမ်မကြီး နားမှာဘဲ။ နောင်လိုက်ကျေးရွာကျော်သွားပြီး တာဆိုင်းရွာအဝင်နားမှာပေါ့။ တိုက်ပွဲဖြစ်တာက ခဏဘဲလို့ကြားတာ။ စစ်ကောင်စီဘက်ကနေ KIA ကိုပြန်ပြီး လက်နက်ကြီးတွေနဲ့ပြန်ပစ်တာက ၁နာရီလောက်ကြာတယ်။ စစ်ကား ၃စီးလောက်က တော်တော်ထိသွားတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က စစ်ကား ၃စီးထက်မနည်း ထိခိုက်ပျက်စီးသွားသည်ဟု ပြောဆိုမှုများရှိနေသလို ဒေသခံတစ်ချို့က ၅စီး ပျက်စီးသွားပြီး ထိခိုက်သေဆုံးမှု များသည်ဟုလည်း ဆိုကြသည်။

တိုက်ခိုက်ခံရသော စစ်ယာဉ်တန်းမှာ ဒါ့ဆိုင်းကျေးရွာ အခြေစိုက် ခလရ ၂၃၇ တပ်ရင်း အတွင်းသို့ဝင်ရောက်ကြိုးစားနေသောအဖွဲ့ဖြစ်ပြီး လွန်ခဲ့သည့် မေလအတွင်း မြို့သစ်တိုက်ပွဲကြောင့် ထွက်ပြေးသွားသော တပ်မိသားစုဝင်များဖြစ်သည်ဟု သိရသည်။

ဒါ့ဆိုင်းကျေးရွာမှာ အလော့ဘွမ်တောင်ခြေ စလောင်းကုန်း တာဝါတိုင်စခန်းဟု လူသိများသောတပ်ရှိရာ မြို့သစ်ကျေးရွာနှင့် နီးကပ်သော ကျေးရွာဖြစ်သည်။

Read Previous

ကုန်စျေးနှုန်းတက်မှုကြောင့် ကချင်ပြည်သူများ အခက်အခဲ ကြုံနေရ

Read Next

အထောက်အထားမဲ့ နိုင်ငံခြားလုပ်သားများကို လုပ်အားခရှင်းပြီး နေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရ ထုတ်ပြန်

Leave a Reply

Your email address will not be published. Required fields are marked *