,

Breaking News :

နန်းမားကျေးရွာတွင် ဒုရဲအုပ် ၂ ဦးကို PDF နှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးတရားစွဲဆို

ကျောက်စိမ်း တူးဖော်မှုကြောင့် အင်းတော်ကြီး – ဖားကန့်လမ်းပိုင်း ပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုတွင် ဝက်နာကြောင့် ဒေသဝက်သားများ ဝယ်မရသည့်အထိ ရှားပါးနေ

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေဆဲ

မှော်စီဆာ စစ်ရှောင်စခန်း လူနေအိမ်အချို့ ကို စစ်ကောင်စီ ဝင်စီး အရပ်သား ၂ ဦး ဖမ်းခံရ

Rev. Dr. Hkalam Samson ကို စစ်တပ်က တရားစွဲဆိုရန်ရှိကြောင်း KBC ထုတ်ပြန်

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာ ၁၂ ရွာခန့် မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၁ သောင်းကျော်အတွက် အကူအညီလိုအပ်နေ

ဖားကန့် Maden Yang တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်မှုနှင့် သေဆုံးမှု ၅၀ ဦး ထက်မနည်းရှိ

ရွှေကူ ဘုမ္မိဇေယျရွှေပေါ်ကျွန်းဘုရားအနီး ရွှေတူးဖော်သည့် စက်လှေများ ထပ်မံရောက်ရှိ

စစ်ကောင်စီ ဝင်ရောက်စီးနင်းထားသည့် မှော်ဘုံတွင် ရွာသားအချို့ပိတ်ဆို့ခံထားရ

အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

ထီးချိုင့် ဧရာဝတီမြစ်ကူးတံတား

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နှင့် ထီးချိုင့်နယ်အစပ်ရှိ ဂဟဲရွာဟောင်းတွင် ယ​နေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်ပြီး ဒေသခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

” လေယာဉ်နဲ့ ဗုံးကြဲတာ တစ်အိမ်မှာဘဲ နှစ်လုံးကျသွားတယ်လို့ သိရတယ်။ ဗုံးဆထိမှန်တာက အဲဗုံးကျတဲ့ဘေးအိမ်က အမျိုးသမီးဗုံးဆံထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားပြီလို့ ပြောတယ်” ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လည် ၁၂နာရီမှစကာ PDF ‌တပ်များ ခိုအောင်းနိုင်သည်ဟု ယူဆသော နေရာများ၊ ရွာများတွင် စစ်ရဟတ်ယဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ ဂဟဲကျေးရွာတွင် ဗုံးအလုံးရေ ၈လုံးထက်မနည်း ပစ်ခဲ့ကြောင့် Tigyaing Revolution အဖွဲ့မှလည်း ဖော်ပြထားသည်။

ယင်းကဲ့သို့ လေကြောင်းဖြင့် လာရောက်ပစ်နေခြင်းသည် ဇန်နဝါရီလ ၃ရက်နေ့ မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောအား HPDF ပူးပေါင်းအဖွဲ့နှင့် ကသာ PDF တို့ ပစ်ခတ်ခံလိုက်ရသည့်အတွက် အဆိုပါ စစ်သင်္ဘောအား လုံးခြုံရေးယူပေးနေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူများက သုံးသပ်ပြောဆိုသည်။

” ကျနော်တို့ ထင်တာတော့ သူတို့ သင်္ဘောကို မပစ်နိုင်အောင် PDF တွေရှိတယ်လို့ ယူဆတဲ့နေရာကို လေကြောင်းနဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်။ မနေ့က ပစ်ခတ်ရတဲ့ စစ်သင်္ဘော နှစ်စီးက ကသာကနေ ဒီနေ့ အထက်ကို ပြန်ဆန်တက်နေတယ် တစ်ချိန်ထဲ စစ်သင်္ဘောတက် မြစ်ကြောင်းတစ်လျှောက် ပုဇင်း နှစ်ကောင်က တောက်လျှောက် လိုက်ဝဲနေတယ်” ဟု ဒေသခံရင်းမြစ်တစ်ဦးကပြောသည်။

ထို့ပြင် အင်းတော်မြို့နယ် မဲဇာရိုးတစ်လျှောက် ဟဲနု အလယ်ရွာနဲ့ ပိန်းအင်းရွာဘက်တွင်လည်း စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ စစ်ကြောင်းများ ဝင်ရောက်နေကာ ပိန်းအင်းရွာမှ ဒေသခံပြည်သူတစ်ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်​ ဆောင်သွားကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ယနေ့ ၁၂နာရီဝန်းကျင်မှစကာ အင်းတော်မြို့အဝင်တွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ်၊ကားများ ခရီးသွားပြည်သူများအား စစ်ဆေးမူများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများကပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသတွင်းရှိ ကျေးရွာများတွင် PDF နှင့် ဆက်စပ်သည်ဟု ယူဆရသော ပြည်သူများအား လိုက်လံဖမ်းဆီးမူများ ယခုရက်ပိုင်း ပိုမိုလုပ်ဆောင်လာသည့်အပြင် စစ်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မူများ ပြုလုပ်နေဆဲဖြစ်သည်။

Read Previous

မြစ်ကြီးနားမြိုလယ်တွင် လူငယ်တစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရ

Read Next

ကိုဗစ် ပိုးတွေ့သောကြောင့် ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ် သုံးရက် ပိတ်ထား