,

Breaking News :

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်တွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဝန်းကျင်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂျန်မိုင်ကောင်ရပ်ကွက်၊ နယ်မြေ ၁၀ တွင် နေထိုင်သည့် ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဒေါ်ခေါန်ဆန်နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေါ်ခေါန်ဆန် နေအိမ်အတွင်းမှ ဒေါ်ခေါန်ဆန်နှင့်အတူ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးခံလိုက်ရကြောင်း အနီးဝန်းကျင်တွင် နေထိုင်သည့် မျက်မြင်တွေ့သူတစ်ဉီးက ဆိုသည်။

“မူးယစ် ရဲတပ်ဖွဲ့တွေက မူးယစ်ဖမ်းဝရမ်းနဲ့ လာရှာဖွေတာလို့သိရတယ် ဒေါ်ခေါန်ဆန်ကိုလည်း ဖမ်းသွားတယ် ပြီးတော့ သူ့ရဲ့ နေအိမ်ထဲက မူးယစ်ဆေးဝါး ဘိန်းဖြူတွေပါတယ်။ ပြီးတော့ စိတ် ကြွဆေးပြားတွေလည်းအများကြီးပါတယ်။ မြန်မာငွေနဲ့ဆိုရင် ကျပ်သိန်းငါးထောင် ခြောက်ထောင်ကျော်ဖိုးအဖမ်းခံလိုက်ရ တယ်လို့သိရတယ်။”ဟု အနီးဝန်းကျင်တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးကပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူ အလေးချိန် စုစုပေါင်း (၃ ဒဿမ ၇၅)ကီလိုဂရမ် နှင့် စိတ်ကြွဆေးပြား စုစုပေါင်းအလေးချိန် (၃၃ ဒဿမ ၆) ကီလိုဂရမ်အထိပါရှိသည်ဟု သိရသည်။ ဘိန်းဖြူ တစ်ကီလိုဂရမ်လျှင် ကာလတန်ဖိုး ကျပ်သိန်း ၂၅၀ နှင့် စိတ်ကြွဆေးပြားမှာ တစ်ပြားလျှင် ကာလတန်ဖိုး ကျပ် ၁၅၀၀ ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် ဒေါ်ခေါန်ဆန်သည် အသက် ၄၀ ကျော်အရွယ်ရှိပြီး လတ်တလောတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။

ကချင်တစ်ပြည်နယ်လုံးတွင် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လေးနှစ်အတွင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုအနေဖြင့် ဘိန်းဖြူ (၅၄၇ဒဿမ၄၀၇ )ဂရမ်၊ တန်ဖိုးငွေကျပ် (၄၃ဒဿမ ၇၉)ဘီလီယံ နှင့် စိတ်ကြွဆေးပြား (၈၉၅၈၇၆၄ )ပြား၊ တန်ဖိုးငွေကျပ်(၂၆ဒဿမ ၈၈)ဘီလီယံ အထိဖမ်းဆီးနိုင်ခဲ့ပြီး ၊ မူးယစ်ဆေးဝါးအမှုနဲ့ပတ်သတ်ပြီးတရားခံပေါင်း ၁၁၇၁၇ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။

Read Previous

KIO ပညာရေးအထက်တန်းကျောင်းများကို ၄ လအတွင်းအပြီးသင်ကြားရန် ကျောင်းပြန်ဖွင့်

Read Next

ရေဦးမြို့နယ် အင်တော်အုပ်စု အထက်တန်းကျောင်း ကော်မတီဝင် ၂ဦးကို စစ်ကောင်စီတပ်မှ မီးရှို့သတ်ဖြတ်