,

Breaking News :

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဆွမ်ပီယန် ဒေသခံ ၁ ထောင်ဝန်းကျင် ညတောတွင်းတိမ်းရှောင်နေရ

စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဒေသခံပြည်သူများ က ညအချိန် ထပ်မံလာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် တောတွင်းတိမ်းရှောင်နေရသေးကြောင်းသိရသည်။
ယနေ့ညနေ ၄နာရီဝန်းကျင်တွင် ရဟတ်ယာဉ် ၃စီးဖြင့် ကျေးရွာအတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသဖြင့် ဒေသခံ ၅ဦးခန့်နှင့် လူနေအိမ် ၅အိမ်ထက်မနည်း မီးရိူ့ပျက်စီးသွားပြီး တောတွင်းတိမ်းရှောင်နေရသည်ဟု ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
“ဒီညလည်း ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိရသေးဘူး။ အားလုံးက အိမ်လည်းမပြန်ရဲကြတော့ဘူး။ ပြန်အိမ်ရင်လည်း ညချင်း စစ်တပ်က လေကြောင်းလိုင်းနဲ့ ပြန်လာတိုက်မှာစိုးရိမ်ရတယ်။ ရွာသားတွေအားလုံးက ၁ထောင်လောက်ရှိတယ်။ အဒီညအားလုံး တောခိုဖို့လုပ်နေကြတယ်”ဟုပြောဆိုသည်။
စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်ဒဏ်ရာရှိသူ ၅ဦးထက်မိနည်းရှိနိုင်ပြီး လက်ရှိတွင် အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ဦး၊ စုစုပေါင်း ၃ဦး၏ ထိခိုက်မှုစားရင်းသာ အတိကျရရှိနိုင်သေးကြောင်းသူကဆက်ဆိုသည်။
ဆွမ်ပီယန်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF အဖွဲ့က ဇန်နဝါရီလ ၁ရက်နေ့ နံနက်ပိုင်းအချိန်တွင် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် ၁ရက်ခန့်အကြာမှ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းလိုင်းဖြင့် ပြန်လည်လာတိုက်ခိုက်ခြင်းဖြစ်ပါသည်။
ထိုနောက် ဖေဖော်ဝါရီလ ၁ရက်နေ့ တစ်ရက်တည်းတွင် KIA နှင့် PDF အဖွဲ့က ဆွမ်ပီယန်ကျေးရွာနှင့်တစ်လျှောက်တွင်ရှိသော လုန်ရှာယန်ကျေးရွာရှိ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမှုများထပ်မံပြုလုပ်ခဲ့ပါသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ဆွမ်ပီယန်အထိ လေကြောင်းလိုင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လုန်ရှာယန်ကျေးရွာဘက်လည်း ပြန်လည်လာတိုက်ခိုက်မည်ကိုလည်း စိုးရိမ်နေရကြောင်းဆက်လက်သိရသည်။

Read Previous

နောက်မကျခင်

Read Next

စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုကြောင့် ဖားကန့်လမ်း ကျေးရွာ ၃ခု ထွက်ပြေးတိမ်းရှောင်နေရ