တိုက်ပွဲသတင်း

မုံးကိုး ဖောင်းဆိုင်ကြား စစ်ကောင်စီယာဉ်တန်းကို KIA တိုက်ခိုက်

မုံးကိုးမြို့မှ ဖောင်းဆိုင်ဘက်သို့ သယ်ဆောင်လာသော စစ်ကောင်စီ စစ်အင်အားနှင့် ရိက္ခာယာဉ်တန်းကို ယနေ့ မွန်းလွဲပိုင်းတွင် KIA ကတိုက်ခိုက်ခဲ့ရာကား၂စီးပျက်စီးသွားကြောင်းသိရသည်။

ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးနဲ့ ဖောင်းဆိုင်ကြား တစ်နေရာမှာ စစ်ကောင်စီရိက္ခာနဲ့ စစ်အင်အားသယ်ဆောင်လာတဲ့ ယာဉ်တန်းကို KIA  တပ်ရင်း ၃၆ က ဗုံးပစ်လက်နက်ကြီးနဲ့ ကြားဖြတ်တိုက်ခိုက်ရာ ကား၂ စီး ပျက်စီးသွားသည်ဟု ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦး KNG ကိုယခုလိုပြောသည်။

ဖောင်းဆိုင်ဘက်ကို သူတို့ လုံခြုံရေးတွေနဲ့ စစ်အင်အားဖြည့်ဖို့ နဲ့ရိက္ခာသယ်လာတဲ့ကားဟုတ်တယ်။ နေရာတော့ နာမည်မသိဘူး မုံးကိုးနဲ့ဖောင်းဆိုင်ကြားဟုတ်တယ်။ KIA က ဗုံးပစ်လက်နက်ကြီးနဲ့ ကား ၂ စီးပစ်ခတ် ပျက်စီးပေးလိုက်တာ။KIA တော့ပစ်ပြီး သွားလိုက်ပြီ။ စစ်တပ်ဘက်က မိနစ်ပိုင်း ပြန်ပစ်နေသေးတယ်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ယခုချိန် စစ်တပ်ဘက်မှ KIA တပ်မဟာ၆တပ်ရင်း၉ရှိရာဘက်ထိုးစစ်ဆင်မှုဆက်တိုက်ပြုလုပ်နေခြင်းကြောင်းစစ်ရေးတင်းမာနေသည်ဟု၎င်းကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတွင် စစ်တပ်မှ ထိုးစစ်ဆင်မှုဆက်တိုက်ပြုလုပ်နေသောကြောင့် ကိုးကန့် MNDAA နှင့် KIA  တို့ဖြင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button