,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်၏ တိုက်ခိုက်လေယာဉ်ပျက်ကျလေယာဉ်မှူးတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ အုန်းတောကျေးရွာ အရှေ့ဘက်ရှိ၊ ရေမြက်ကြီးအင်းအနီးတွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ်တစ်စီး ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် ပျက်ကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

”ကျနော်တို့ရွာနဲ့တော့ နည်းနည်းဝေးတယ်။ ဒါပေမယ့် အဲက ဒေသခံတွေကို ဖုန်းဆက်မေးတာ လေယာဥ်ပျက်ကျတာ ဟုတ်တယ်။ ရေမျက်ကြီးအင်းအလည်မှာပျက်ကျတာလို့ သိရတယ် လေယာဉ်မှူးသေတယ်လို့ သိရတယ် ခုက ကယ်ဆယ်ရေးတွေ စလုပ်နေပြီ” ဟု ရေမြက်ရွာ ဒေသခံတစ်ဦးကပြောသည်။

ယင်းလေယာဉ်ပျက်ကျမူပြီး‌နောက် စစ်‌ကောင်စီတပ်များအုန်းတောရွာ၊ ရေမျက်ကြီးရွာအနီးရှိ ကျေးရွာများသို့ ဝင်ရောက်လာသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ၎င်းကဆက်ပြောသည်။

” ကြားတာက အဲလေယာဉ်ပျက်ကျခါနီးမှာ လေထီးနဲ့ခုန်ဆင်းတဲ့သူလည်းရှိတယ် အဲလေထီးနဲ့ခုန်ဆင်းတဲ့သူတွေကို လိုက်ရှာတာတဲ့ ရွာထဲစစ်သားတွေလည်း ရောက်လာတော့ ရွာသားတွေကြောက်လို့ တစ်ချို့ပြေးကုန်တာ” လို့ ‌ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ လေထီးနှင့် ခုန်ဆင်းသူ နှစ်ဦးရှိသည်ဟုဆိုသော်လည်း အဆိုပါ သတင်းအချက်လက်အား အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

လေယာဥ်ပျက်ကျမူနှင့် ပတ်သက်ပြီး ဒေသခံများ၏ ပြောဆိုချက်အရ PDF များထံဗုံးလာကျဲသည့် လေယာဥ်ဟု ဆို‌သော်လည်း စစ်တပ်ပိုင်ရုပ်သံသတင်းဌာနတွင်မူ လေ့ကျင့်ပျံသန်းသည့် လေယာဥ်စက်ချို့ယွင်းမူ‌ကြောင့် ပျက်ကျခြင်းဖြစ်‌ကြောင်းကြေညာထားသည်။

Read Previous

မိုင်းယော်ဒေသတွင် စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် စစ်ရှောင်များနေရပ်မပြန်နိုင်သေး

Read Next

မိုးမောက်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား