Covid-19 Reportingသတင်း

မြစ်ကြီးနားမြို့နယ်တွင် ယခုလအတွင်း covid-19 ကြောင့် သေဆုံးသူ ရှိ

မြစ်ကြီးနားတွင် ကိုဗစ်-၁၉ စတုတ္ထလိုင်း ပြင်းထန်လာသည့်အမျှ ပိုးကူးစက်ခံရသူ ၇၀၁ ဦးထိရှိလာသည့်အပြင်  သေဆုံးသူ ၂ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် လူမူကူညီရေးအသင်းများထံမှ သိရသည်။

” ကိုဗစ်နဲ့ဆုံးသွားတဲ့အလောင်းက ဖေဖော်ဝါရီလမှာပဲ ၂ ဦးရှိပြီ ကိုဗစ် Center ကိုပို့ပေးတာတော့ အယောက် ၂၀ လောက်ရှိပြီ ဆေးရုံကြီးမှာ ကိုဗစ်လူနာ အခြေအနေဆိုးတဲ့သူတွေ ခန့်မှန်းခြေ ၅၀ လောက် ရှိတာတွေ့ခဲ့တယ်။ အားလုံးတော့အတိအကျမပြောနိုင်ဘူး ကျနော်တို့အသင်းအနေနဲ့ လုပ်ဆောင်နေတဲ့ အရေအတွက်ကိုပဲ ပြောပြနိုင်တယ်” ဟု မြစ်ကြီးနား လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါသည်။

စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၂ ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၃၅၆ ယောက် ရှိသည့်အနက် မြစ်ကြီးမြို့နယ်တွင် ပိုးကူးစက်သူဦးရေ ၈၄၈ ဦးပါဝင်ကြောင်း သိရသည်။

သို့သော် အဆိုပါ ဆေးစစ်မှုသည် စစ်ကောင်စီတပ်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းတစ်ခုသာဖြစ်ပြီး မြေပြင်စာရင်းတိတိကျကျ ကောက်ယူရန်မှာ ခက်ခဲနေဆဲဖြစ်သည်။

လတ်တလော မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်ပိုးတွေ့ရှိ၍ ပြင်းထန်စွာဖျားသူများသည် မြစ်ကြီးနားဆေးရုံကြီးသို့ ဆေးကုသမူ ခံယူ‌နေကြသည့်အပြင် ပိုးတွေ့ရှိသော်လည်း သာမန်အဆင့်သာရှိသူများအား နာယန်ကျေးရွာရှိ ကိုဗစ်စင်တာတွင် ဆေးကုသမူ ခံယူနေကြောင်း သိရသည်။

“ မြစ်ကြီးနား က လူတွေက သူတို့အိမ်မှာ ကိုဗစ်စစ်တံ၀ယ်ပြီး စစ်ကြည့်လို့ ပိုးတွေ့တယ်ဆိုရင် အရမ်းကြီး မဖျားရင် နာယန်ကိုဗစ် center ကို ပို့ပေးတယ်။ ဖျားတော့ဖျားတယ် စစ်ကြည့်တာ N- ထွက်နေတယ်ဆို ကျနော်တို့ ရုံးကနေပြီး နားခေါင်းတို့ပတ်ယူပြီးထပ်စစ်ပေးတယ်” လို့ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလားတူ စစ်ကောင်စီတပ်၏ ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ်အတွင်းရှိ  မြို့နယ် (၁၈) မြို့နယ်အတွင်း မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၈၄၈ ယောက်ထိ အမြင့်ဆုံး ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ခရိုင်လေးခု၊ မြို့နယ် ၁၈ ခုတည်ရှိပြီး ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကူးစက်မူအခြေနေနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်၏ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည်။

မြစ်ကြီးနားခရိုင်ရှိ မြစ်ကြီးနားမြို့နယ်တွင် ပိုးကူးစက်ခံရသူ ၇၁၀ ဦးနှင့် သေဆုံးမရှိ ၊ဝိုင်းမော်မြို့နယ်တွင် ကူးစက်ခံရသူ ၈၃ ဦးနှင့် သေဆုံးမရှိ ၊ ချီဖွေမြို့နယ်တွင် ပိုးတွေ့လူနာ ၂၆ ဦး နှင့် သေဆုံးမရှိ ၊တနိုင်းမြို့နယ်တွင် ၂၉ ဦးနှင့် သေဆုံး ၁ ဦး ၊ ဆော့လော်မြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ်တွင် ပိုးတွေ့လူနာနှင့် သေဆုံးသူ မရှိ စသဖြင့် ပိုးတွေ့လူနာ စုစုပေါင်း ၈၄၈ ဦး နှင့် သေဆုံး ၁ ဦး ရှိခဲ့သည်။

ဗန်မော်ခရိုင်ရှိ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ ဗန်မော်မြို့နယ်တွင် ၆၉ ဦးနှင့် သေဆုံးမရှိ ၊ မိုးမောက်မြို့နယ်တွင် ၁၆ ဦးနှင့် သေဆုံးမရှိ ၊မံစီမြို့နယ်တွင် ၂ ဦးနှင့် သေဆုံးမရှိ ၊ရွှေကူမြို့နယ်တွင် ၁၉ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ပိုးတွေ့လူနာ ၁၀၆ ဦး ရှိသည်။

မိုးညှင်းခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာများမှာ မိုးညှင်းမြို့နယ်တွင် ၆၅ ဦးနှင့် သေဆုံးမရှိ ၊ မိုးကောင်းမြို့နယ်တွင် ၂၉ ဦးနှင့် သေဆုံးမရှိ ၊ဖားကန့်မြိုနယ်တွင် ၁၃၂ ဦးနှင့် သေဆုံးမရှိ ပိုးတွေ့လူနာ စုစုပေါင်း ၂၂၆ ဦး ရှိသည်။

ပူတာအိုခရိုင်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ပူတာအိုမြို့နယ်တွင် ၁၄၈ ဦးနှင့် သေဆုံးမရှိ ၊ မချမ်းဘောမြို့နယ်တွင် ၁ ဦးနှင့် သေဆုံးမရှိ ၊နောင်မွန်းမြို့နယ်တွင် ၂၆ ဦးနှင့် သေဆုံးမရှိ ၊ခေါင်လန်ဖူး မြို့နယ်တွင် ပိုးတွေ့လူနာနှင့် သေဆုံးသူ မရှိ ၊ဆွမ်ပရာဘွမ်မြို့နယ်တွင် ၁ ဦးနှင့် သေဆုံးမရှိ စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၇၆ ဦး ရှိသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကိုဗစ်မျိုးကွဲသစ် SARS-2 Variant Omicron(အိုမီခရွန်) ရောဂါပိုးတွေ့ရှိသူ ဦးရေ စုစုပေါင်း (၃၄၈)ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီတပ်၏ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button