တိုက်ပွဲသတင်း

ထီးချိုင့်မြို့အဝင် ဂိတ်ကို PDF မိုင်းဆွဲတိုက်ခိုက်၊ နှစ်ဦး သေ သုံးဦးဒဏ်ရာရ

ထီးချိုင့်မြို့အဝင် ကက္ကိုကုန်းလမ်းဆုံ ဂိတ်ကို ယနေ့ နံနက်ပိုင်းက ထီးချိုင့်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီစစ်သား ၂ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအထိုင်ချထား အဆိုပါ ဂိတ်ကို ထီးချိုင့် PDF မိုင်းဖြင့် နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

”ခုနှစ်နာရီခွဲမှာတစ်ကြိမ် ကိုးနာရီခွဲမှာတစ်ကြိမ် နှစ်ကြိမ်ဆွဲလိုက်တယ်ဗျ မနက်က ပထမအကြိမ်တုန်းကတော့ သုံးယောက်ထိခိုက်ဒဏ်ရာရတယ် အဲ့ဒါကိုထီးချိုင့်ဆေးရုံပို့လိုကတယ် ကိုးနာရီခွဲမှာဆွဲတာကတော့ နှစ်ယောက်ကျသားတယ်ဗျ”ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရသော်လည်း လမ်းသွားလမ်းလာ ပိတ်ထားခြင်းမျိုးမရှိပဲ ပုံမှန်သွားလာခွင့်ပြုထားဆဲဖြစ်သည်။

”သူတို့က အမြဲတမ်းအဲ့ဂိတ်မှာတော့ ကားတွေကိုအမြဲတမ်းပိုက်ဆံတွေတောင်းတယ်။ နှစ်လလောက်ရှိပြီ။ အမြဲတမ်း အဲ့ဂိတ်မှာကားတွေ စစ်တယ် ဆိုင်ကယ်တွေစစ်တယ် ပိုက်ဆံတွေတောင်းတယ် အ့လိုလုပ်နေတာပါ”ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသည့် ယင်းဂိတ်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ခန့်ရှိကြောင်းလည်းသိရသည်။

ထီးချိုင့် PDF အနေဖြင့် စစ်ကောင်စီတပ်သားများ အထိုင်ချထားသည့် စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ယခု ၃ ဦး အပါအဝင် ၂၀ ကျော်အထိရှိပြီ ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button