သတင်း

အာဏာသိမ်းကာလ ၂၀၂၂ ကချင်ပြည်နယ်သင်္ကြန် တိတ်ဆိတ်စွာ ပြီးဆုံးခဲ့

စစ်အာဏာသိမ်းကာလ စစ်ကောင်စီက ဦးဆောင်ပြုလုပ်နေသော ၂၀၂၂ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ကချင်ပြည်သူများလည်း ဆန့်ကျင်သပိတ်မှောက်သောကြောင့် ပြည်နယ်အတွင်း တိတ်ဆိတ်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

သင်္ကြန်ကလာ ဘာကြောင့် ပြည်သူများ ငြိမ်သက်နေခဲ့သလဲဆိုသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ဘာကြောင့် မြို့နယ်အသီးသီးရှိ ပြည်သူထုများ၏ အသံကို KNG သတင်းဌာန မှ မေးမြန်း ခဲ့ပါသည်။

မြစ်ကြီးနား

“မြစ်ကြီးနားမှာက ရေမလောင်းဘူး။ သူတို့လုပ်ထားတဲ့ မဏ္ဍပ်တော့ရှိတယ်။ ဒါပေမယ့် ကတ်နဲ့မှ ဝင်လို့ရတယ်။ မြို့ပေါ် တစ်လမ်းလုံးမှာလည်း ရေလောင်းတဲ့သူတွေလည်းမရှိပါဘူး။ ဆိုင်ကြီးတွေတော့ ပိတ်တယ်။ ဒါပေမယ့် ဆိုင်သေးတွေတော့ ပိတ်တာသိပ်မတွေ့ရဘူး။ နောက် သူတို့ဆောက်ထားတဲ့ မဏ္ဍပ်မှာကတော့ သူတို့ရဲ့လူတွေပဲ ရေဆော့နေကြတယ်။ ပြီးရင်လူလည်းမရှိကြဘူး”

ဖားကန့်

“ဖားကန့်မှာ အရင်ကလို မဏ္ဍပ်ဆောက်ထားတာတောင် မရှိဘူး။ နိုင်ငံရေးမကောင်းလို့ထင်တယ်။ ပြည်သူတွေအားလုံးက မပျော်ကြတော့ ဘယ်သူမှမပျော်ကြဘူးလို့ဘဲမြင်တယ်။ အားလုံးလည်း အိမ်ထဲမှာဘဲနေကြတယ်။ ဒီချိန်မှာက ဘယ်သူမှ မပျော်နိုင်ကြဘူးလေ။ စစ်တပ်က အာဏာသိမ်းထားသ၍တော့ ဒီလိုဆက်ဖြစ်နေမှာဘဲ”

မိုးကောင်းမြို့

“အရင်နှစ်တုန်းကလို လူတောင်မရှိဘူး။ ဟိုကလေးငယ်တွေလောက်ဘဲ ပျော်နေကြတာကို မြင်ရတယ်။ အရင်က သင်္ကြန်ပျော်တဲ့ မဏ္ဍပ်လည်းမရှိဘူး။ မြို့တော်ခန်းမဆောင်တွေလည်း တိတ်ဆိတ်နေတာတွေ့ရတယ်။ ပြီးရင် ဘယ်သူမှလည်း အပြင်သိပ်မထွက်ကြဘူး။ အားလုံးက အိမ်ထဲမှာဘဲ နေကြတယ်”

ဝိုင်းမော်မြို့

“ဒီနှစ်ဝိုင်းမော်မှာ သင်္ကြန်ပွဲမရှိဘူး။ သင်္ကြန်အငွေ့အသက်တောင်မရဘူး။ လမ်းဘေးမှာ ရေလိုက်လောင်းတဲ့သူတွေလည်း တစ်ယောက်မှမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီလို စစ်အာဏာရှင်စနစ်အုပ်ချုပ်တဲ့ ကပ်ဆိုးကြီးမှာ ဘယ်သူမှ မပျော်ကြဘူးလေ။ စစ်အာဏာရှင်စန်းကြီးကို ဆန့်ကျင်တဲ့ သူတွေရှေ့တန်းမှာ လုပ်ဆောင်နေသူတွေကို ရဲရဲကြီး ပူးပေါင်းပါဝင်တဲ့သဘောဖြစ်တယ်။ သူတို့လည်း အင်အားဖြစ်စေမယ်လို့ယုံကြတယ်”

Show More

Related Articles

Back to top button