သတင်း

မံစီမြို့နယ်တွင် စစ်ကောင်စီကားတစ်စီး မိုင်းနင်းမိသဖြင့် ပျက်စီး

မံစီမြို့နယ် (Man Je) မဂျီဂုန် (Maji Gung) စစ်တပ်ဗျူဟာကုန်းမှ မိုင်းခေါင် (Mung hkawng) သို့ ဆင်းလာသော စစ်ကောင်စီတပ် စစ်ကားတစ်စီး ယနေ့ မွန်းလွဲပိုင်းက မိုင်းနင်းမိ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီအင်အား ၈၀ ခန့် မဂျီဂုန် စစ်ဗျူဟာကုန်းမှ မိုင်းခေါင်ဘက်သို့ ဆင်းလာချိန် လိုင်ကာဇွပ်ဂျာကျေးရွာအနီး မိုင်းနင်းမိပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒေသခံတစ်ဦး KNG သတင်းဌာနကို ယခုလိုပြောသည်။

“ဒီညနေပိုင်း စစ်တပ်ဘက်က ဒီဘက်ကို ဆင်းလာချိန် လိုင်ကာဇွပ်ဂျာရွာ ကုန်းထိပ်နားရောက်တဲ့ချိန် မြုပ်ထားတဲ့ မိုင်းနင်းမိတယ်လို့ပြောတယ်။ ကြားဖြတ်ပစ်ခတ်တာတော့မဟုတ်ဘူး။ မြေမြုပ်မိုင်းနင်းမိပြီး စစ်သားတွေ ထိခိုက်မှုတော့မရှိဘူး။ ကားဘီးတစ်ခြမ်း ပျက်စီးသွားရုံပဲပြောတယ်။”

စစ်ကောင်စီတပ်များသည် အဆိုပါ ကားတစ်စီးပေါ်တွင် ကုန်ပစ္စည်းများတင်ကာ ဆင်းလာချိန် KIA ထောင်ထားသော မိုင်း နှင်းမိသဖြင့် ကားဘိန်းတစ်ခြမ်း ပျက်စီးခဲ့ပြီး စစ်သား ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီးတွင် ရက်ပိုင်းအတွင်း သွားလာလှုပ်ရှားမှုပြုလုပ်နေသော စစ်ကောင်စီတပ်များကို KIA မှ တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button