သတင်း

ကောလင်း NUG လက်အောက် မူလတန်းနှင့် အလယ်တန်ကျောင်းတွေအတွက် ဖတ်စာအုပ်တွေ လိုအပ်နေ

စစ်ကိုင်းတိုင်ဒေသကြီး ကောလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လမ်းညွန်မှုဖြင့် ဖွင့်လှစ်ထားသည့် အခြေခံပညာ စာသင်ကျောင်းများအတွက် မူလတန်းနှင့် အလယ်တန်းအဆင့် ဖတ်စာအုပ်များ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ (၁၈ )ရက်နေ့မှ စတင်ကာ NUG လမ်းညွန်မှုဖြင့်မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် စာသင်ကျောင်းပေါင်း ၁၁၃ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး လတ်တလောတွင် ယင်းစာသင်ကျောင်းများအနက် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၀ ရာခိုင်နှုန်းခန့်အတွက် ဖတ်စာအုပ်များ အရေးပေါ် လိုအပ်နေကြောင်း ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာန သို့ပြော သည်။

“အဓိကတော့ ဖတ်စာအုပ်အရေးကြီးတယ် အခက်အခဲကတော့အတော်လေးကြုံနေရတယ်။ အဲ့ကိစ္စ ဖတ်စာအုပ်မလုံလောက်တော့တချို့က တွဲပြီးသင်ရတာပေါ့ နှစ်ယောက်တစ်အုပ် သုံးယောက်တစ်အုပ်အဲ့ လိုတွဲပြီးသင်နေရတယ် မူလတန်းနှင့်အလယ်တန်းကျောင်းသားကိုပဲ ၁၀၀၀၀ ကျော်တယ် မူလတန်းအဆင့် အတွက်ပိုပြီးလိုအပ်တယ်အထက်တန်းအဆင့်တွက်ကတော့ကျောင်းသားဦးရေနည်းတဲ့အတွက် မလိုအပ်ဘူး အဓိက မူလတန်းနှင့်အလယ်တန်းတွက်လိုအပ်နေတာ” ဟု ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူ ကပြောသည်။

အဓိကအားဖြင့် မြန်မာဖတ်စာအုပ်၊ အင်္ဂလိပ်ဖတ်စာအုပ်နှင့် သချ်ာဖတ်စာအုပ်လိုအပ်နေပြီး ထိုကဲ့သို့ လုံလောက်စွာမရှိသည့်အတွက် သင်ကြားရေးအပိုင်းတွင် နှောက်နှေးမှုများရှိနေကြောင်း သိရပါသည်။

ကောလင်းတွင် ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၁၁၃ ကျောင်းမှာ ကျေးရွာများတွင်သာ အဓိက အခြေပြု ဖွင့်လှစ်ထားပြီး စစ်ကောင်စီ ထိုးစစ်ကြောင့် ခက်ခက်ခဲခဲဖွင့်လှစ်သင်ကြားနေရသည့်အပြင် နောက်ထပ်ဖွင့် လှစ်အတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်း ကောလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ ပြောသည်။

“အဓိကတော့ရွာတွေ ဘက်ကိုပဲဖွင့်တယ်။ မြို့ပေါ်တွေကအခြေအနေစိုးရိမ်ရတယ်လေ။ အခုလေးစစ်ကြောင်းတွေထိုး နေတဲ့အတွက် တချို့ကျောင်းတွေရက်ပိုင်းလေးနားခိုင်းထားတယ်။ နားလိုက်သင်လိုက်ပေါ့ စစ်ကြောင်းထိုးလာတဲ့ လမ်းတစ်လျောက်က ကျောင်းတွေကတော့ ခဏနားခိုင်းတယ်။ သူတို့ဖြတ်သွားတဲ့ရွာတွေကိုနားခိုင်းတာသူတို့ပြန် ထွက်သွားရင်ပြန်ဖွင့်တယ်” ဟု ၎င်းက ပြောသည်။

ကောလင်းမြို့နယ်အတွင်း စာသင်ကျောင်းများအတွက် ဖတ်စာအုပ်များလှူဒါန်းလိုပါက ကောလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့ လူမှုကွန်ရက်စာမျက်နှာသို့လည်းကောင်း၊ ယင်းအဖွဲ့အစည်း တာဝန်ရှိသူများနှင့် တိုက်ရိုက်စုံ စမ်းမေးမြန်း၍သော်လည်း ကောင်းလှူဒါန်းနိုင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်၏ အရှိုန်အဟုန်မြင့်ကာ ထိုးစစ်ဆင်နေမှုနေအိမ်မီးရှို့မှု အရပ်သားပြည်သူများအား သတ်ဖြတ်မှု စသည့်အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေစိုးမိုးမှု အားနည်းနေသည့်အတွက် မြောင်မြို့နယ်နဲ့ ကောလင်းမြို့နယ်တွင်သာ NUG ပညာရေးကျောင်းများဖွင့်လှစ်နိုင်ပြီး ကျန်သည့်မြို့နယ်များတွင်လည်း နယ်မြေစိုးမိုးမှုအားကောင်းလာပါက ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button