တိုက်ပွဲသတင်း

စစ်တပ် နှင့် ပျူစောထီး မော်တော် ရေယာဉ်တိုက်ခိုက်ခံရပြီး ၄ ဦး ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ပျူစောထီးများနှင့် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကုန်းရွာသို့ ရိက္ခာများပေးပို့ပြီး ချင်းတွင်း မြစ်ကြောင်းအတိုင်း အထက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို Chaung U Local Defense Force (CHU LDF) မှ မြစ်ကမ်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ် ရေယာဉ် စစ်ကြောင်းလာမည်ကို သတင်းအတိအကျရရှိခဲ့သောကြောင့် CHU LDF မှ တိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီ စစ်သား ၄ ဦး ထက်မနည်း သေဆုံး‌ကြောင်း ချောင်းဦးဒေသကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သတင်းအတိအကျ ကြိုရထားတဲ့ ကျနော်တို့ အဖွဲ့က အထူးပျောက်ကြားရဲဘော်တွေက အသင့်စောင့်ပြီး ဗျူဟာကျကျ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ ကမ်းနဖူးကနေပြီး လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာကြောင့် အနည်းဆုံးတော့ စစ်ခွေး ၄ ကောင်လောက် သေဆုံးသွားပါတယ်” ဟု CHU LPDF မှ တာဝန်ရှိသူက KNG သို့ အတည်ပြုသည်။

လက်ရှိတွင် ချောင်းဦးမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ စစ်ရေးတင်းမာလျှက်ရှိပြီး စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးမှု ဆက်တိုက်ပြုလုပ်နေသောကြောင့် ချောင်းဦး အနောက်တစ်ကြောမှာတင် ပြည်သူ ၂၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က အထက်ပါ ကံကြီးကုန်းရွာမှ ပျူစောထီးများနှင့် စစ်‌ကောင်စီတပ်များပူးပေါင်းကာ CHU LDF မှ ရဲဘော် ၅ ဦး နှင့် ပြည်သူ ၁ ဦး တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့သေးသည်။

Show More

Related Articles

Back to top button