တိုက်ပွဲ

ပူတာအိုတွင် ဆီပန့်ဆိုင်အချို့ ဓာတ်ဆီပြန်လပ်၊ တစ်ပုလင်းကျပ်သုံးထောင်အထိပေးဝယ်ရ

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်တွင် ဇွန်လ ၁၆ရက်နေ့မှစပြီး စစ်သုံးဆီရောင်းသည့် ဆီပန့်ဆိုင်အချို့တွင် ဓာတ်ဆီပြတ်လပ်မှုများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

မြစ်ကြီးနား နှင့် ပူတာအိုသွားလမ်းပိုင်းတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ပြီး  ဆီကားအဝင်မရှိသည့်အတွက် ဓာတ်ဆီပြတ်လပ်မှုများဖြစ်နေသည်ဟု ပူတာအိုမြို့ဆီပန့်အရောင်းဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးက KNG ယခုလိုပြောဆိုသည်။

“မနေ့ကတည်းက ဓာတ်ဆီပြတ်နေတာ။ ကျနော်တို့ဆိုင်မှာက ဒီဇယ်တော့ရတယ်။ ဓာတ်ဆီမရနိုင်သေးဘူး။ နောက် တစ်ရက် နှစ်ရက်လောက်ဆိုတော့ရမယ်ထင်တယ်။ ဆီကားအဝင်မရှိတာ”ဟု ဆီပန့်ဆိုင်တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။

ပူတာအိုမြို့ပေါ်တွင် တိုင်းကျော်၊ ဇေယျာမင်း၊ Petro 7 စသော ဆီပန့်ဆိုင်သုံးဆိုင်သာရှိပြီး လတ်တလောတွင် တိုင်းကျော် ဆိုင်တစ်ဆိုင်၌သာ ဓာတ်ဆီရောင်းချပေးနေပြီး အပြင်ဆိုင်များတွင် တစ်ပုလင်းကို သုံးထောင်ကျပ်အထိပေးဝယ်နေရကြောင်း ဒေသခံများထံမှသိရသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား ပူတာအို လမ်းကြောင်းကို ပြီးခဲ့သော သုံးရက်ခန့်ကတည်းက ပိတ်လိုက်ဖွင့်လိုက်လုပ်ဆောင်နေသောကြောင့် ယာဉ်မောင်းတစ်ချို့လည်း သွားလာရေးခက်ခဲမှုရှိနေကြောင်းလည်း ယင်းလမ်းပိုင်းတွင် မောင်းနင်းနေသော ကားသမားတစ်ဦးကပြောဆိုသည်။

“ဒီနေ့လည်း ဆွမ်ပီယန်ဘက်ကနေ ခဏပိတ်ထားတယ်တယ်။ စစ်ကြောင်းဆင်းလာလို့ ညပိုင်းပြန်ဖွင့်မလားတော့မသိဘူး။ ခုရက်ပိုင်းက အဲ့လိုပဲ လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့လုပ်နေတော့ တချို့ကားသမားတွေဆို ကားမထွက်တော့ဘူး နားနေတာ”ဟု ကားသမားတစ်ဦးကပြောသည်။

ပူတာအိုမြို့တွင် ယနေ့ 92 တစ်လီတာ ၃၂၀၀၊ 95တစ်လီ​ တာ ၃၂၅၀ ကျပ်ဖြင့်ရောင်းချနေပြီး ဒီဇယ်တစ်ဂါလံ ၁၃၉၀၀ အထိရှိကြောင်းသိရသည်။

Show More

Related Articles

Back to top button