,

Breaking News :

မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို

မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်

လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး  စစ်ကောင်စီအထိနာ

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား

ကသာမြို့နယ်၊ မိုးတာလေးရွာကို KIA နှင့် PDF အဖွဲ့များ ဝင်ရောက် မီးရှို့ ဖျက်စီးလိုက်သည်ဆိုသော သတင်းအမှား

ထွက်ပြေးတိမ်းရှောင််သည့် ဒီပဲယင်း ဒေသခံ တစ်သောင်းကျော်အတွက် အရေးပေါ် အကူညီလိုအပ်နေ

မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ

စစ်တပ်် ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ဖမ်းဆီးခံရသည့် ထီးချိုင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ကိုယ်ပေါ် မိုင်းတင်ဆင်ပေးပြီး စစ်ကြောင်းထဲ ခေါ်ဆောင်

ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ

မြစ်ကြီးနား မြို့အထွက် ဖမ်းဆီးခံလိုက်ရသော PDF လူငယ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်အတွင်း PDF များနေထိုင်သည့် နေရာများကို လိုက်လံပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။

“အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး။ PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်”ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

PDF အဖွဲ့များနေထိုင်သည့် ကွင်းဆက်များ ဖမ်းဆီးရန် မြစ်ကြီးနားမြို့ပေါ်ရှိ အေးမြသာယာ၊ ရမ်ဘူ နှင့် မြို့သစ် ရပ်ကွက်များတွင် လိုက်လံရှာဖွေနေကြာင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်သည် အသက် ၂၇ နှစ်အရွယ် ကိုသန့်ဇင်ဆိုသူဖြစ်ပြီး ဖားကန့်တွင်နေထိုင်သူဖြစ်ကာ KIA လက်အောက် PDF စစ်သင်တန်း အပတ်စဉ် ၄ ဆင်းထားသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲနေ့က ကြိုပြီးသတင်းရလို့ စောင့်ဖမ်းလိုက်တာဟုတ်တယ်။ အရှေ့ ၅ယောက် အနောက် ၅ ယောက် ဝိုင်းဖမ်းလိုက်တော့ သူက ကားပြန်လှည့်မောင်းဖို့ လုပ်သေးတယ်။ ဝိုင်းထားတော့ဘယ်လိုမှ လှည့်ပြန်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်”ဟု ဖမ်းခံရသည့်နေ့ အခြေနေနှင့် ပတ်သက်ပြီး တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း အေးမြသာယာရပ်ကွက်တွင် ကားဓါးမြတိုက်ဟု စွပ်စွဲကာ PDF လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖမ်းဆီးထားသည့် အဆိုပါ PDF နှစ်ဦး၏ ဖုန်းမှတစ်ဆင့် ရမ်ပူ ရပ်ကွက်ရှိ PDF လူငယ်များ နေထိုင်သည့် နေအိမ်သို့ ထပ်မံဝင်ရောက်ဖမ်းဆီးခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ထိုနေရာတွင် PDF လူငယ် ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ခေါင်းဆောင်အပါအဝင် ကျန် ၄ ဦးအား ဖမ်းဆီးခံလိုက်ရသည်။

ဖမ်းဆီးသွားပြီး ၃ လအကြာ ဇူလိုင်လ ပထမပတ်တွင် အဆိုပါ ၄ ဦးအနက် ၂ ဦးမှာ ထောင်တွင်းနှိပ်စက် အသတ်ခံလိုက်ရကြောင်း သိရသည်။

မြစ်ကြီနားမြို့တွင် စစ်ကောင်စီတပ်မှ NUG နှင့် ဆက်စပ်သူများ၏ နေအိမ်များ ချိတ်ပိတ်မူ ပိုမိုလုပ်ဆောင်လာသည့်အပြင် တစ်ဖက်တွင်လည်း ရပ်ကွက်များတွင် ၎င်းတို့အတွက် သတင်းပေးရန် ဒေသခံအယောင်ဆောင် နေထိုင်ခိုင်းသူများလည်း ရှိလာကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

Read Previous

ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ  မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ

Read Next

ငါးဖမ်းနေသည့် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ