,

Breaking News :

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၃၉ ဦးရှိလာ

ဖားကန့်တွင် စစ်ဆေးရေးတင်းကြပ်နေသည့် စစ်ကေင်စီအဖွဲ့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

ထီးချိုင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး သေဆုံး

လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

ဖားကန့်တွင် ​မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

အင်းတော်နယ် နတ်မဟုတ်ကြီးကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၈ ဦးလည်း ဖမ်းဆီးခံထားရ

KBZ pay အကောင့်မှငွေများကို လိမ်လည်နိုင်ရန် ကြိုပမ်းနေသော Facebook အကောင့်များကို သတိပြုရန်

ဖေ့စ်ဘုတ်စာမျက်နှာတွေကတဆင့် KBZ pay အကောင့်ထဲက ငွေတွေကို အပြင်မှာ ရာခိုင်နှုန်းပေးစရာမလို့ပဲ KBZ Bank Token ယူပြီး ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရတယ်ဆိုပြီး လိမ်လည်မှုတွေ ရှိနေပါတယ်။

ဒီလိမ်လည်ပိုစ့်တွေကို  “KBZ PAY- Token Service Myanmar” နှင့် “KBZ PAY Service Myanmar” ဆိုတဲ့ Facebook Page တွေက အခုနှစ် ဇွန်လိုင်လ ၁၄ ရက်နေ့က “KPAY အကောင့်ထဲကငွေ တွေကို အပြင်မှာ ရာခိုင်နှုန်းပေးပြီး ထုတ်နေရပါသလား၊ ခုအဲ့လိုတွေမပေးရအောင် KBZ Bank တိုက်ရိုက် Token ယူပေးနေပါပြီ၊ Bank Token နဲ့ ငွေကျပ် သိန်း (၃၀) အထိ ထုတ်လို့ရပါပြီ၊  ရာခိုင်နှုန်းပေးစရာမလိုဘူး Token ယူချင်တဲ့သူများ Page မှာ ဆက်သွယ်လာပါ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

ဒီလို ဖော်ပြနေတဲ့ “KBZ PAY Service Myanmar” ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာဟာဆိုရင်  ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကပဲ “ကြာညိုသင်း-စာပေချစ်သူ” အမည်နဲ့ အကောင့်ဖွင့်ခဲ့ပြီးတော့ ဇွန်လ ၂၉ ရက်နေ့မှာတော့ “KBZ PAY Service Myanmar” ဆိုတဲ့ နာမည်ပြောင်းလိုက်တာ တွေ့ရပါတယ်။

အလားတူ “KBZ PAY-Token Service Myanmar” Page ဆိုရင် Facebook Boosting ပါ ပြုလုပ်ထားပါတယ်။ ဒီစာမျက်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ ၁၁ ရက်နေ့က “A Paradise” ဆိုတဲ့ နာမည်နဲ့ ဖွင့်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့ကပဲ “KBZ PAY-Token Service Myanmar” ဆိုတဲ့ နာမည်ကို ပြောင်းလဲပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။

KBZ Customer Service 3211 ကို KNG က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှတော့ KBZ Pay အနေနဲ့ ဖေ့စ်ဘုတ်မှာ KBZ Pay အမည်နဲ့ Bluemark ပါတဲ့ စာမျက်နှာတစ်ခုသာရှိပြီး အခြားအကောင့်တွေဟာ လိမ်လည်ဖို့သပ်သပ် သာဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

ငွေထုတ်မယ်ဆိုရင် Token ယူစရာမလိုကြောင်း နီးစပ်ရာ KBZ ဘဏ်ခွဲ (သို့) KBZ Pay Center သို့ တိုက်ရိုက် သွားထုတ်လို့ရကြောင်း နှင့် KBZ Pay Center မှာ ငွေထုတ်မယ်ဆိုရင် အနည်းဆုံး ၅၀၀၀ ကျပ် မှ ၁၀ သိန်းကျပ်အထိထုတ်နိုင်ပြီး Bank တွေမှာက ငွေရှိရင်ရှိသလို Bank အကောင့်ကထုတ်မယ်ဆိုရင် ထုတ်လို့ရကြောင်း KBZ Pay Customer Service Center က ပြန်လည်ဖြေကြားပါတယ်။

ဘဏ်အကောင့်အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ မိမိ SMS ကုဒ်များ (OTP) နှင့် PIN (လျှို့ဝှက်နံပါတ်) တွေကို ဖုန်း (သို့) အွန်လိုင်းမှ တစ်ဆင့်မေးမြန်းတောင်ခံလာတဲ့သူတွေရှိရင် မပေးဖို့အတွက် သတိပြုသင့်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြား နည်းမျိုးစုံနဲ့ လိမ်လည်တဲ့သူတွေရှိတာကြောင့် အစစ အရာရာ ဂရုစိုက်သင့်ပါတယ်။

Read Previous

မြောင်တွင် စစ်ကောင်စီ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါ ၂ဦးသေဆုံး၊ ၄ဦး ထိခိုက်ဒဏ်ရာရ

Read Next

KIA တပ်စခန်းတိုက်ခိုက်ခံရမှုတွင် ၂ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရ