Fact Checkသတင်း

ဖြန့်ဝေမှု တွင်ကျယ်လာသော ငွေစက္ကူအတု ရောင်းဝယ်မှုများ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေစက္ကူအတု ရောင်းဝယ်ရေးလုပ်ငန်းများသည် တစ်နေ့ထက်တစ်နေ့ ပိုများလာသည်ကို တွေ့နေရပြီး လူမှုကွန်ရက် စာမျက်နှာပေါ်အထိ ပေါ်ပေါ်ထင်ထင် ကြေညာကာ ရောင်းချပေးနေသည်ကို တွေ့ရသည်။

ယခု နှစ်ဆန်းပိုင်း မှ စတင်ပြီး ငွေစက္ကူအတု ရောင်းဝယ်မှုများကို ဖေ့ဘွတ်စာမျက်နှာ နှင့် အကောင့်အတုများစွာတွင် အရောင်းအဝယ်ပြုလုပ်လာနေသည်။

“ငွေတုရောင်းဝယ်ရေး” “မြန်မာငွေအတုရောင်းဝယ်ရေး” “လော်ပန်ငွေစက္ကူအတုရောင်းဝယ်ရေး” နှင့် Ko Phyo Gyi ငွေစက္ကူဖြန့်ဖြူးရေး” အစရှိသည့် ဖေ့စ်ဘွတ် စာမျက်နှာများတွင် “ဒီလိုခေတ်ပျက်ကြီးမှာ ကားဝယ်စီးချင်လား အကြွေးတွေဆပ်ဖို့၊ ဆေးကုသဖို့၊ ဖုန်းဝယ်ဖို့၊ လူတန်းစေ့သွားလာဖို့၊ ပိုက်ဆံလိုနေပြီလား။ အစစ်နဲ့ ၉၈ % တူအောင်ထုတ်ထားတဲ့ ငွေအတုတွေ ရောင်းချပေး နေပီနော်” ဟု ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ပေါ်ပေါ်တင်တင် ကြေညာလာကြသည်။

ငွေစက္ကူအတု ထုတ်လုပ်သူများသည် ၅၀၀၀ နှင့် ၁၀၀၀၀ တန် ငွေစက္ကူအတုများကို ၉၅% ငွေစက္ကူအစစ်နှင့် တူအောင် ထိုင်း နှင့် ဂျာမဏီထုတ် စက်ကြီးများဖြင့် print ထုတ်ထားကြောင်း ရေးသားဖော်ပြထားပြီး ငွေအစစ် ၁ သိန်းတွင် ငွေအတု ၁၀ သိန်း ရောင်းပေးသည်ဟု ဖော်ပြထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် ကုန်စုံဆိုင်နှင့် စာသင်ကျောင်းတစ်ချို့တွင်လည်း ၅ ထောင်တန် နှင့် ၁ သောင်းတန် ငွေစက္ကူအတုကို စျေးဝယ်သူများနှင့် ကျောင်းသားမိဘများထံမှ လက်ခံရရှိဖူးသည်ဟု သက်ဆိုင်သူများထံမှ သိရသည်။

ငွေစက္ကူအတုနှင့်အစစ်ကိုခွဲခြားရာတွင် ငွေစက္ကူအတုများတွင် လုံခြုံရေးကြိုးကို ကြိုးဖြင့်မလုပ်ထားဘဲ ပုံမှန် ဆေးရိုက်ထားပြီး အစစ်မှာတော့ ကြိုးအစစ်ဖြင့် ပြုလုပ်ထားသည်။ ငွေစက္ကူအစစ်၏ စက္ကူသားသည် အနည်းငယ်ကြမ်းတမ်း သည်။

တရားမဝင် ငွေစက္ကူအတု ရောင်းဝယ်မှုများသည် ဥပဒေနှင့်မကင်းသဖြင့် ပြည်သူများအနေဖြင့် လက်ထဲတွင် မကိုင်ဆောင်ထားသင့်ကြောင်း နှင့် ငွေစက္ကူအတုများနှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုများ မကြုံတွေ့ ရအောင် သတိထားဆောင်ရွက်သင့်သည်။

ယခုအခါ နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာ တရားမဝင် စီးပွားရှာနေသည့် လူတစ်စု ရှိနေသည်ကိုလည်း ပြည်သူများအနေဖြင့် သတိထားရမည်ဖြစ်ပြီး ထိခိုက်နစ်နာမှုများ မတွေ့ကြုံရအောင် အမြဲသတိချပ်သင့်ပါသည်။

Show More

Related Articles

Back to top button